အီသီယိုးပီးယား မှ ဆလေးရှင်းဆရာတော်ကြီးတပါး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပျံလွန်

အီသီယိုးပီးယား မှ ဆလေးရှင်းဆရာတော်ကြီးတပါး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပျံလွန်

အီသီယိုးပီးယား မှ ဆလေးရှင်းဆရာတော်ကြီးတပါး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပျံလွန်

ကမ္ဘာတဝှမ်း ဖြစ်ပွားနေသာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အီတလီဆရာတော်ကြီးတပါးဖြစ်ပြီး အီသီယိုးပီးယားတွင် သာသနာပြုနေသော ဆလေးရှင်းအသင်းဂိုဏ်း၀င်ဆရာတော်ကြီး Angelo Morechi သက်တော် ၆၇ နှစ်သည် အီတလီနိုင်ငံ Brescia မြို့တွင် မတ်လ ၂၅ ရက်နေ့က ပျံလွန်ခဲ့ပါသည်။
ဆရာတော်ကြီးသည် ၂၉ နှစ်ကြာ အီသီယိုးပီးယားတွင် သာသနာပြုခဲ့သူဖြစ်ပြီး ဆင်းရဲသားများနှင့် လူငယ်များအတွက်အစေခံ ဆက်ကပ်ရာမှာ အထူးလူသိများသူဖြစ်ပြီး ဒေသခံစကားဖြင့် Abba သို့မဟုတ် Father ဟူသည့် အမည်ကို ရရှိခဲ့ပါသည်။
ဆရာတော်ကြီးသည် ဆလေးရှင်း အသင်း၀င်တပါး အနေဖြင့် ၄၆ နှစ်၊ ရဟန်း၀ါတော် ၃၈ နှစ် နှင့် ဆရာတော်၀ါ ၁၀ နှစ် ဖြစ်​သည်ဟု ဆလေးရှင်းအသင်းဂိုဏ်းမှ ပြောကြားခဲ့ကြောင်း CNA မှ သတင်းရရှိပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

Photo Credit: Ethiopian Catholic Secretaria

 

https://bit.ly/2xtnKHq

Add new comment

11 + 1 =