အီတလီနိုင်ငံရောက်ပါကိစ္စတန်ခရစ်ယာန်များ ၄င်းတို့၏သံအမတ်ထံအမှန်တရားနှင့်တရားမျှတခြင်းကိုတောင်းဆိုရန်အိတ်ဖွင့်ပေးစာတစ်စောင်ပေး

အီတလီနိုင်ငံရောက်ပါကိစ္စတန်ခရစ်ယာန်များ ၄င်းတို့၏သံအမတ်ထံအမှန်တရားနှင့်တရားမျှတခြင်းကိုတောင်းဆိုရန်အိတ်ဖွင့်ပေးစာတစ်စောင်ပေး

အီတလီနိုင်ငံသို့အခြေချနေထိုင်နေကြသော ပါကိစ္စတန်နိုင်ငံမှခရစ်ယာန်တစ်ဖွဲ့က အီတလီနိုင်ငံ၌ အမှုထမ်းနေသောသံအမတ်ကြီးထံသို့အိတ်ဖွင့်ပေးစာတစ်စောင်ပေးအပ်ခဲ့သည်။

အဆိုပါအိတ်ဖွင့်ပေးစာထဲ ၌ ပါကိစ္စတန်နိုင်ငံရှိ Faisalabad မှခရစ်ယာန်များအားပိုမိုလုံခြုံသောအကာအကွယ်ပေးရန်တောင်းဆိုထားသည်။ အဘယ်ကြောင့်ဆိုသော် ဩဂုတ် (၁၆) ရက်နေ့က အစွန်းရောက်အီစ္စလာမ်လူတစ်စုက ခရစ်ယာန်ဘု ရားကျောင်း (၂၁) ကျောင်းအားလည်းကောင်း၊ ခရစ်ယာန်အိမ်ထောင်စု (၁၀၀) ခန့်အားလည်းကောင်းမီးရှို့ဖျက်ဆီးခဲ့သည်။ ဤလုပ်ရပ်အား ပါကိစ္စတန်သမ္မတနှင့်သံအမတ်ကိုယ်တိုင်လည်းကန့်ကွက်ရှုတ်ချကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်။

ဤလုပ်ရပ်အားကန့်ကွက်ကြောင်း၊ နိုင်ငံအတွင်းမတည်မငြိမ်ဖြစ်အောင်အကြမ်းဖက်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သန့်ရှင်းသောနေရာအားတိုက်ခိုက်ခြင်း၊ ထိုတိုက်ခိုက်မှုကိုလည်းထိုဒေသမှမဟုတ်သောလူတစ်စုကကျူးလွန်ခြင်းများသည် ပါကိစ္စတန်နိုင်ငံ၏ပုံရိပ်ကျဆင်းစေရန်နှင့်ပါကိစ္စတန်လူထုကြားစည်းလုံးမှုပြိုကွဲစေရန် ကြိုတင်ပြင်ဆင်ထားသည်လုပ်ရပ်ဖြစ်ကြောင်းဖြင့်ပါကိစ္စတန်သံအမတ်ကပြောကြားခဲ့သည်။

ပါကိစ္စတန်မှခရစ်ယာန်များအနေဖြင့် ဆုံးရှုံးပျက်ဆီးမှုများနှင့်အညီထိရောက်သောအရေးယူမှုကိုတောင်းဆိုနေကြသည်။ ဥပမာအားဖြင့် မီးရှို့ဖျက်ဆီးခံလိုက်ရသောလူနေအိမ်များအားပြန်လည်တည် ဆောက်ပေးရန်၊ ဒေသခံလူနည်းစုများခံစားကြုံကြိုက်နေရသော ခွဲခြားနှိမ့်ချဆက်ဆံခံရခြင်းနှင့်ညှဉ်းပမ်းနှိပ်စက်ခြင်းများကိုချက်ချင်းရပ်တန့်ရန်တို့ကိုတောင်းဆိုခဲ့သည်။ လောလောလတ်လတ်ဖြစ်ပွားသောအမှုတစ်ခုတည်းသာလျှင်ပလပ်မေ့ပျောက်ခံရသောအမှုမဟုတ်ပေ။ အီတလီရောက်ခရစ်ယာန်တို့၏၀ိညာဉ်ရေးရာတာ၀န်ခံလက်ထောက်ဖာသာရ် Gilbert Shahzad ကပထမဦးဆုံးအချက်က အဘယ်သူ၌တာ၀န်ရှိ သည်ကိုဖော်ထုတ်ရန်၊ ထို့နောက်တရားမျှတစွာထိထိရောက်ရောက်စွာအရေးယူရန်၊ ဤသို့အရေးယူမှသာငြိမ်းချမ်းရေးနှင့်တရားမျှတခြင်းကိုအာမခံပေးမည်ဖြစ်သည်။ ကျောင်းများနှင့်ဗလီများ၌အသုံးပြုနေသောစာ အုပ်များကိုအမုန်းတရားတိုးမြှင့်လုပ်ဆောင်ရန်အတွက်ဆက်လက်အသုံးမပြုတော့ရန်တို့ကိုတောင်းဆို သည်။

အစည်းအ‌ဝေး၌ပါ၀င်ခဲ့ကြသူအချို့သည် ဖြစ်ပွားခဲ့သောအခြေအနေကြောင့်ထိခိုက်နစ်နာဆုံးရှုံးမှုများရှိခဲ့သည်။ ဖြစ်ပွားသောအခင်းကြောင့်အလွန်အမင်းစိတ်ထိခိုက်ခံစားရကြောင်း၊ နှစ်ပေါင်းများစွာခံစားလာခဲ့ရသောညှဉ်းပမ်းနှိပ်စက်မှုများကြောင့်လည်းနာကြင်ရကြောင်း၊ နိုင်ငံသားဟုဆိုလျှင် လူမျိုး၊ ဘာသာမခွဲခြားဘဲ တန်းတူညီမျှအခွင့်အရေးများရရှိသင့်ကြောင်းတောင်းဆိုခဲ့ကြသည်။ ဤတောင်းဆိုချက်သည် ပါကိစ္စတန်နိုင်ငံ၌သာကျင့်သုံးရန်မရည်ရွယ်ပါ။ နိုင်ငံတကာ၌အတိဒုက္ခရောက်နေကြသောခရစ်ယာန်များ၏အ ခွင့်အရေးနှင့်လုံခြုံမှုကိုနိုင်ငံတကာအဖွဲ့အစည်းများလည်းသတိထားလာစေရေးတိုးမြင့်လုပ်ဆောင်စေရန်နှင့် ညှဉ်းပမ်းနှိပ်စက်ခံခရစ်ယာန်များအားကူညီနိုင်သည်များကိုထိရောက်စွာကူညီပေးရန်တောင်းဆိုခဲ့ကြသည်။ ဤတွေ့ဆုံမှုကို ရောမရှိပါကိစ္စတန်သံအမတ်၏ရုံး၌ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့သံအမတ်နှင့်တွေ့ဆုံခွင့်ရခဲ့သည့်အတွက် တက်ရောက်သူများမှကျေးဇူးတင်ကြောင်း၊ ပါကိစ္စတန်အစိုးရအနေဖြင့်ဤအခင်းအကျင်း၌ တက်ကြွစွာပါ၀င်၍စုံစမ်းစစ်ဆေးဖော်ထုတ်ရန်မျှော်လင့်ကြောင်း၊ တစ်တည်း၌မမျှော်လင့်ရဲသည်မှာ ဖြစ်ပွားခဲ့သောအခင်းသည် ချက်ချင်းအရေးယူဖော်ထုတ်မည့်အရိပ်အယောင်မတွေ့ရကြောင်းကိုလည်းပြောခဲ့ကြသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/UkUN

Add new comment

5 + 1 =