အီစ္စရေးနှင့်ပါလက်စတိုင်းအတွက်အထူးဆုတောင်းပေးရန် ရဟန်းမင်းကြီးတိုက်တွန်း

အီစ္စရေးနှင့်ပါလက်စတိုင်းအတွက်အထူးဆုတောင်းပေးရန် ရဟန်းမင်းကြီးတိုက်တွန်း

ရဟန်းမင်းကြီးဖရန်စစ်သည် ယမန်နေ့ (၂၇) ကြိမ်မြောက်သာမန်ကာလ တနဂ်နွေနေ့မွန်း တည့်ချိန် အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုပူဇော်ချိန်၌ အီစ္စရေးနှင့်ပါလက်စတိုင်းတို့၏ငြိမ်းချမ်းရေးအ တွက်ဆုတောင်းပေးရန်ပန်ကြားခဲ့သည်။ လက်နက်ကိုအချင်းချင်းတိုက်ခိုက်သတ်ဖြတ်ရာ၌အသုံးမပြုကြရန်၊ ဤလုပ်ရပ်မျိုးသည် အပြစ်မဲ့သောလူ့အသက်သေကြေခြင်းနှင့်‌ေ၀ဒနာတိုးပွားရန်သာဖြစ်ပေမည်။

စစ်သည်အမြဲအရှုံးသာရှိသည်။ စစ်သည်အရှုံးကိုသာဖြစ်စေသည်။ အီစ္စရေး၌ဖြစ်ပျက်သွား သောသတင်းများကိုလိုက်လံကြည့်ရူနေရာ စစ်ဖြစ်ပွားမှုသည်လွန်စွာကြောက်ရွံ့ထိတ်လန့်စရာကောင်းနေ သည်။ လူရာနှင့်သေဆုံးခြင်းနှင့်ဒဏ်ရာရခြင်း၊ အလွှဲအမှားနှင့်‌ေ၀ဒနာများသာချန်ထားရစ်ခဲ့ပေမည်။

ရဟန်းမင်းကြီးက ပေါက်ကွဲမှုကြောင့်ကြောက်ရွံ့ထိတ်လန့်သွားကြသူများ၊ စိုးရိမ်နေကြသူ များနှင့်ပစ်ခတ်မှုများကြားသေဆုံးခဲ့ကြရသောသူတို့၏မိသားစု၀င်တို့အား၀မ်းနည်းကြောင်း၊ ဆုတောင်ပေးကြောင်း၊ အီစ္စရေးနှင့်ပါလက်စတိုင်းတို့၏ငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးကြပါရန် ဘုရားဖူးဘာသာတူ များအားတောင်းခံခဲ့သည်။

ပြီးခဲ့သော စနေနေ့က ‘ဟားမတ်စ်’ အဖွဲ့မှအီစ္စရေးတို့အားချိန်ရွယ်ပစ်ခတ်ခဲ့သည်။ အမြောက်ဒုံးကျည်များစွာပစ်ခတ်ခဲ့သည်။ ထို့ကြောင့် ယေဇူးမြွေးဖွားရာသန့်ရှင်းရာမြေသည် သွေးစွန်းသွားခဲ့ပြီ။ မတည်မငြိမ်စတင်ဖြစ်ပွားနေပြီ။ အီစ္စရေး၏လေကြောင်းဖြင့်ပြန်လည်တိုက်ခိုက်ခြင်းကိုအလျင်စလိုတုန့် ပြန်ခဲ့သည်။ အီစ္စရေး၀န်ကြီးချုပ် Benjamin Netanyahu ကလည်းစစ်သည်စတင်ဖြစ်ပွားပြီဟုကြောညာခဲ့သည်။ ဟာမတ်စ်အဖွဲ့၏ပစ်ခတ်မှုကြောင့် အီစ္စရေးအနည်းဆုံး (၂၀၀) ခန့်သေဆုံးခဲ့ပြီး အနည်းဆုံး (၉၈၅) ဦးမှာဒဏ်ရာရရှိထားသည်။

အီစ္စရေးတောင်ပိုင်းနှင့်ဂါဇာကမ်းမြောင်ဒေသ၌ ပါလက်စတိုင်းအတော်များများအီစ္စရေးတို့၏ဖမ်းဆီးခံထားရသကဲ့သို့ ပါလက်စတိုင်း (၁၀၀) ကျော်လည်းသတ်ဖြတ်ခံရကြောင်းသတင်းပေးပို့ထား သည်။ ဂျေရုဆလင်ရှိကက်သလစ်သာသနာ၏အကြီးအကဲဖြစ်သော ကာဒီနယ် Pierbattista Pizzaballa ကပစ်ခတ်တိုက်ခိုက်မှုအရှိန်လျော့ကြရန်မေတ္တာရပ်ခံခဲ့သည်။ စနေနေ့ညက လာတင်း၀ိနည်းကိုကျင့်သုံးသောဂျေရုဆလင်မှကာဒီနယ် Pierbattista Pizzaballa ကကြေညာချက်တစ်စောင်ထုတ်ပြန်၍ အီစ္စရေးနှင့်ပါလက်စတိုင်းတို့တွေ့ကြုံနေရသောသေကြေမှုနှင့်၀မ်းနည်းစရာအနိဌာရုံမြင်ကွင်းတို့သည် ပိုမိုဆိုး၀ါးသောအမုန်တရားနှင့်စိတ်၀မ်းကွဲပြားမှု၊ ဒေသ၏တည်ငြိမ်အေးချမ်းလုံခြုံမှုကိုဖြစ်စေမည်ဟုထည့်သွင်းဖော် ပြထားသည်။

ဆက်လက်ဖြစ်ပွားနေသောစစ်ပွဲနှင့်စပ်လျင်း၍တုန့်ပြန်သည့်အနေဖြင့် အမေရိကန်ကက် သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏တရားမျှတခြင်းနှင့်ငြိမ်းချမ်းရေးကော်မရှင်၏ဥက္ကဌလည်းဖြစ်သော Rockford မှဆရာတော် David Malloy ကအီစ္စရေးနှင့်ပါလက်စတိုင်းဒေသငြိမ်းချမ်းရေးအတွက်ဆုတောင်းပေးကြရန်ပန်ကြားထားသည်။ သန့်ရှင်းသောဌာနေကိုချစ်သောသူတိုင်းသည် အကြမ်းဖက်မှုကိုရပ်တန့်နိုင်သောနည်းလမ်းများကိုရှာဖွေဖော်ဆောင်ရန်၊ နိုင်ငံသားများနှင့်မှီတင်းနေထိုင်နေကြသူအားလုံးကိုလေးစားရန်၊ ဖမ်းဆီးထားသောဓားစာခံများကိုအမြန်လွှတ်ပေးရန်တို့ကိုလည်းတောင်းဆိုခဲ့သည်။ ငြိမ်းချမ်းရေးအတွက်အရေးတကြီးဆုတောင်းကြသကဲ့သို့ လက်ရှိဖြစ်ပွားနေသော ပဋိပက္ခကြောင့်ထိခိုက်ခံစားနေကြရသော မိသားစုများ၊ လူသားတစ်ဦးစီအားလည်းသတိရဆုတောင်းပေးကြပါစို့။ ကက်သလစ်ဘာသာတူများနှင့်စိတ်ကောင်းနှလုံးကောင်းရှိသူတို့အားပန်ကြားလိုသည်မှာ ငြိမ်ချမ်းရေးအတွက် ငြိမ်းချမ်းရေး၏အရှင်သ ခင်ထံသို့ ဆုတောင်းခြင်းကိုပြုရာတွင် စိတ်မပျက်ဘဲဆက်လက်ပြုကြရန်ကိုလည်းတိုက်တွန်းထားသည်။

လက်တလော၌ ပြီးခဲ့သောစနေနေ့က ဟာမတ်စ်တို့မှဒုံးကျည်ပစ်ခတ်မှုကြောင့်ဖြစ်ပွားလာသောအခင်းကိုကိုင်တွယ်နိုင်ရန် ကမ္ဘာခေါင်းဆောင်ကြီးများအနေဖြင့် အီစ္စရေးတို့ဘက်၌ထောက်ခံကြောင်းနှင့်နိုင်ငံတစ်ခုအနေဖြင့် မိမိတို့၏အချုပ်အချာအာဏာကိုကာကွယ်ရမည်ဖြစ်ကြောင်းပြောကြားခဲ့ကြသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ဟာမတ်စ်တို့၏လုပ်ဆောင်ချက်ကို ရန်စခြင်း၊ ဆင်ခြင်မှုကင်းမဲ့စွာဖြင့်ပြုသည့်လုပ်ရပ်ဖြစ်ကြောင်း၊ အကြမ်းဖက်များအတွက် တရားသောလုပ်ရပ်မရှိကြောင်းပြင်းပြင်းထန်ထန်‌ေ၀ဖန်ပြစ်တင်ရှုတ်ချခဲ့သည်။ ကုလအထွေထွေအတွင်းရေးမှူး António Guterres က အီစ္စရေးကာကွယ်ရေးတပ်မှပစ်ခတ်တိုက်ခိုက်နေမှုအားအတတ်နိုင်ဆုံးလျော့ချရန်၊ ဖမ်းဆီးထားသောဓား စာခံများအားချက်ချင်းပြန်လွှတ်ပေးရန်တောင်းဆိုလိုက်သည်။ ပြင်သစ်သမ္မတ Emmanuel Macron ကလည်း ဓားစာခံများအားပြန်လည်လွှတ်ပေးရေးကိုပြည့်ပြည့်၀၀ထောက်ခံခဲ့သည်။

အိန္ဒိယ၀န်ကြီးချုပ် Narendra Modi ကလည်းယခုတိုက်ခိုက်မှုအပေါ်စိတ်ထိခိုက်ထိတ်လှန့်ရသည့်အကြောင်း၊ အိန္ဒိယပြည်သူများအနေဖြင့်လည်း အပြစ်မဲ့သူများ၊ မိသားစုများအတွက်သတိရဆုတောင်းပေးမည်ဖြစ်ကြောင်း၊ ယခုကဲ့ သို့ခက်ခဲသည့်အခြေအနေမျိုး၌ အီစ္စရေးပြည်သူတို့နှင့်အတူရပ်တည်ကြောင်းထုတ်ဖော်ပြောကြားခဲ့ကြသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/ZKGr

Add new comment

1 + 0 =