အီစ္စရေးနှင့်ပါလက်စတိုင်းတို့ပစ်ရပ်ပြီး (၃) ရက်မြောက်နေ့၌ဓားစာခံများကိုလဲလှယ်ခဲ့ကြ

အီစ္စရေးနှင့်ပါလက်စတိုင်းတို့ပစ်ရပ်ပြီး (၃) ရက်မြောက်နေ့၌ဓားစာခံများကိုလဲလှယ်ခဲ့ကြ

အီစ္စရေး-ဟားမစ်အပစ်ရပ်သည့်တတိယနေ့၌ နှစ်ဖက်လုံးမှဖမ်းဆီးထားသောသူများအားလွှတ်ပေးရာတွင် ပါလက်စတိုင်း (၃၉) ဦးကိုလွှတ်ပေးခဲ့သကဲ့သို့ ဟားမာစ်တို့ကလည်း ဂါဇာ၌ဖမ်းဆီးထားသော ဓားစာခံ (၁၇) ဦးတို့ကိုတနင်္ဂနွေနေ့ကလွတ်ပေးခဲ့သည်။ ထို (၁၇) ဦးအနက် (၄) နှစ်အရွယ်အမေရိကန်မိန်းကလေး (၁) ဦး၊ ထိုင်း (၃) ဦး၊ ရုရှား (၁) နှင့်အီစ္စရေး (၁၃) ဦးတို့ဖြစ်ပါသည်။

အဆိုပါဓားစာခံများကိုသက်ဆိုင်ရာအဖွဲ့ဆီသို့လုံခြုံစွာလွဲအပ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ကမ္ဘာကြက်ခြေနီအသင်မှကြေညာထားသည်။

ယခုပြန်လည်လွှဲအပ်ပေးသော (၁၇) ဦးထဲ၌ပါသော (၄) နှစ်အရွယ်အမေရိကန်နိုင်ငံသား Abigail Edan သည် အောက်တိုဘာ (၇) ဟားမာစ်အဖွဲ့မှအီစ္စရေးအားပစ်လွှတ်လိုက်သောဒုံးကျည်ထိမှန်၍သေဆုံးသွားခဲ့သည်ကိုမျက်၀ါးထင်ထင်မြင်တွေ့ခဲ့ရ​
သဖြင့်သူ့အနေနှင့်အဘယ်သို့ခံစားနေရမည်ကိုမစဉ်းစားနိုင်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကသတင်း စာရှင်းလင်းပွဲ၌ထုတ်ဖော်ပြောဆိုထား သည်။

ဟားမာစ်တို့မှလူပေါင်း (၁၂၀၀) ၏အသက်ကိုဆုံးရှုံးစေခဲ့ပြီး ဂါဇာမှဓားစာခံ (၂၄၀) ဦးကိုဖမ်းဆီးထိန်းထားခဲ့သည့် ခုနှစ်ပတ်ကြာကာလအပြီး အပစ်ရပ်သဘောတူညီမှုရယူသည့် (၄) ရက်မြောက်နေ့သို့ရောက်ရှိလာပြီဖြစ်သည်။

အီစ္စရေးအနေဖြင့်ဟားမစ်၏ရန်စစစ်ကိုလက်တုန့်ပြန်သည့်အနေဖြင့်ဂါဇာ၌ခြေကုပ်ယူထားသောဂါဇာသူပုန်များအားအမြစ်ပြတ်ချေမှုန်းမည်ဟုကျိန်း၀ါးခဲ့သည်။ ဂါဇာမှကျန်းမာရေးဌာန၏ထုတ်ပြန်ချက်၌ ပါလက်စတိုင်း (၁၄၈၀၀) ဦးအသက်ဆုံးရှုံးခဲ့ရပြီး ထောင်သောင်းနှင့်ချီသောပြည်သူများအိုးအိမ်မဲ့သွားခဲ့သည်ဟုဆိုပါသည်။

အီစ္စရေး၀န်ကြီးချုပ်က လုံခြုံရေးတပ်ဖွဲ့နှင့်ပြီးခဲ့သောတနင်္ဂနွေနေ့က ဂါဇာကမ်းမြောင်တွင်တွေ့ဆုံခဲ့သည်။ အီစ္စရေးအကျဉ်းထောင်နှစ်ခု၌ ဖမ်းဆီးခံထားရသည့် ပါလက်စတိုင်းလူမျိုး (၃၉) ကိုအီစ္စအစိုးရမှတနင်္ဂနွေနေ့ကလွှတ်ပေးခဲ့သည်။ ၄င်းတို့အနက် လူငယ် (၃၃) ဦး၊ အမျိုးသမီးကြီး (၆) ဦးတို့ဖြစ် သည်။

အမေရိကန်၊ ကာတာ၊ အီဂျစ်အစိုးရအနေဖြင့် အပစ်ရပ်ကိုတနင်္လာနေ့အထိသာမဟုတ်ဘဲရှည်ကြာစေရန်ပန်ကြားခဲ့သည်။ ဖြစ်ပွားနေသောပဋိပက္ခများအရအဆိုပါသဘောတူညီချက်သည် တောင်းဆိုထားသည့် အတိုင်းမဖြစ်လာဘဲပျက်ပြယ်ဖွယ်ရှိသည်။ ကျန်းမာရေးအဖွဲ့နှင့်ဒေသသတင်းများအရ အကြမ်းဖက်မှုသည် အနောက်ကမ်းမြောင်အထိကူးစက်လာဖွယ်ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် ပြီးခဲ့တနင်္ဂနွေနေ့က အီစ္စရေးမှပါလက်စတိုင်း (၇) ဦးကိုသတ်ဖြတ်ခဲ့သည်ဟုဆိုသည်။

တနင်္ဂနွေနေ့အန်ဂျေလူးဆုတောင်းမေတ္တာရွတ်ဆိုပူဇော်ချိန်၌ ရဟန်း မင်းကြီးဖရန်စစ်မှအဆို ပါပစ်ရပ်ကာလအတွက်ဘုရားသခင်ကိုကျေးဇူးတင်ကြောင်း၊ ဓားစာခံများအားလုံးလွတ်မြောက်လာစေရန်နှင့်လူသားချင်းကူညီသောအကူအညီများပေးပို့နိုင်ရန်အတွက်လည်း အခြေအနေများရရှိလာရန် ဟု ဆုတောင်းခဲ့သည်။

ဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/35rSI

Add new comment

7 + 13 =