"အိုမင်းခြင်းသည် ရယ်ရွှင်ဖွယ်ဟာသတခု မဟုတ်" သက်တော်ရာပြည့် ဖိလစ်ပိုင်သီလရှင် ရင် တွင်းစကားဆို

"အိုမင်းခြင်းသည် ရယ်ရွှင်ဖွယ်ဟာသတခု မဟုတ်" သက်တော်ရာပြည့် ဖိလစ်ပိုင်သီလရှင် ရင် တွင်းစကားဆို

"အိုမင်းခြင်းသည် ရယ်ရွှင်ဖွယ်ဟာသတခု မဟုတ်" သက်တော်ရာပြည့် ဖိလစ်ပိုင်သီလရှင် ရင် တွင်းစကားဆို

 

မယ်တော်​၏သာသနာပြု ဖရန်စစ်ကန်အသင်းဂိုဏ်းဝင် သီလရှင် Elena Cajucom Manalo သည် သူမရဲ့ နှစ်တရာပြည့် မွေးနေ့ပွဲကို ဖိလစ်ပိုင်နိုင်ငံမှာ ဧပြီလ ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ၊ဒီအံ့ဩဘွယ် မွေးနေ့ရက်မြတ်သည် ကောင်းမွန်ပြည့်စုံစွာ ရှင်သန်ခဲ့ရခြင်းနှင့် နှစ် ၁၀၀ ထဲရောက်ရှိခြင်းအပေါ် အခြား သူများစွာကိုလည်း ပြန်လည်စမ်းစစ်နိုင်ရန် ခွန်အားပေးခဲ့ပါတယ်။

"လူအများထင်သလို နှစ်တရာထိရှင်သန်ရခြင်းမှာ သိတ်တော့မလွယ်ကူလှပါ၊ ဘဝမှာ ဆုံးရှူံး မှု တွေ လည်း များစွာ ရင်ဆိုင်ခဲ့ရတာပါပဲ" ဟု စစ္စတာရ် က ပြောပါတယ်။ အသက်တရာရှင်သန်နိုင်ဖို့ များစွာ သော အကြောင်းအရာတွေအပေါ် မူတည်ကြောင်း ရာပြည့်ရှင်များက ဆိုပါတယ်။ တကယ်တော့ ဒီလိုသ က်တော်ရှည်နေနိုင်တဲ့သူ များများစားစား မရှိပါ၊ သူတို့တွေဟာ သူတို့ရဲ့မိသားစု ,မိတ်ဆွေ နဲ့ ဒေသမီဒီယာ တွေရဲ့ အထူး အာရုံစိုက်ခံရပါတယ်။ အားကစားပွဲတခုမှာ စံချိန်ချိူးနိုင်ခြင်းနဲ့ အသွင်တူပါတယ်၊ ကိုယ် တိုင်လည်း ခုလို ကံကောင်းစွာ မှတ်တိုင်တခုထူနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက် မိပါတယ် လို့ဆို ပါတယ်။

ဒီထူးမြတ်ပြီး သူမအပေါ် ဘုရားရှင်ရဲ့ ကြီးမြတ်တဲ့ ကောင်းကြီးမင်္ဂလာ အပေါ် သူမနှင့်အတူ သူမရဲ့ မိသားစု, မိတ်ဆွေသူငယ်ချင်းများ FMM စစ္စတာများနှင့် သူမကိုသိရှိသူအားလုံး ကျေးဇူးတင် ချီးမွမ်း နိုင်ခဲ့ပါပြီ။

Sister Elena သည် ဓါတုဗေဒ ဘွဲ့ ရရှိခဲ့ပြီး မဟာသိပ္ပံပညာရပ်ကို အမေရိကန်ပြည်ထောင်စု Fordham တက္ကသိုလ်မှာသင်ယူခဲ့ပါတယ်။ ၄၃ နှစ်ကြာ ဆရာမဘဝကို ဖြတ်သန်းခဲ့ပါတယ်။ ဂျပန်နိုင်ငံ ကိုဘေးမြို့ Kaisei ကောလိပ်မှာ နှစ်ပေါင်း ၃၀ ကျော် သင်ကြားပေးခဲ့ပါတယ်။

အသက်ရွယ် ၇၁ နှစ်ထိတိုင် ကိုဘေးရှိ ကျောင်းသားများကို အင်္ဂလိပ်စာနှင့် ခရစ်ယာန်ဘဝတန်ဖိုး အကြောင်းအရာများကို အချိန်ပြည့် ပို့ချခဲ့ပါတယ်။ သူမမှာ တာဝန်ယူတတ်စိတ် ပေးဆပ်လိုမှု  တို့ တသက်လုံ အပြည့်ဝ ရှိပါတယ်။

သူမရဲ့ဘာသာတရားကိုင်းရှိုင်းမှုနှင့် ဇွဲမလျော့တတ်တဲ့ စိတ်ဓါတ်တို့ဟာ များစွာသောအရာတို့ကို ဖြတ်ကျော်နိုင်စေခဲ့ပါတယ်။ သူမဟာ ကိုယ်တော်မြတ် စက္ကရင်မင်တူးအရှေ့မှာ နာရီပေါင်းများစွာနေပြီး သခင်ယေးဇူးနှင့်အတူရှိနိုင်ဖို့ ဆုတောင်းလေ့ရှိပါတယ်။  သူမရဲ့ အာရုံပြုဆုတောင်းလိုစိတ်ပြင်းပြမှုဟာ သူမကို မနက်စောစော ၃ နာရီမှာပင် နိုးထစေပါတယ်။

ဘုရားရှင်နဲ့ အဆုံးမဲ့မြင့်မြတ်တဲ့ တွေစုံမှုမျိူး ရနိုင်ဖို့ သူမဟာ နှစ်ပေါင်းများစွာ တကိုယ်တည်း တိတ်ဆိတ်စွာ နှစ်စဉ်ဥပုဒ်စောင့်ခြင်းများကို ဘုရားနှင့်ပေါင်းစပ်လိုမှု ပြင်းပြစွာ လုပ်ဆောင်ခဲ့ပါတယ်၊ စစ္စတာရ်ကြီးဟာ အလွန်ထူးမြတ်တယ်လို့ ပြောလို့ရပါတယ် ဘာကြောင့်ဆိုတော့ ကောင်း သောအရာသာမက ဆိုးသောအရာများနှင့် ရင်ဆိုင်ရတဲ့အခါများမှာလည်း သူမဟာအမြဲပဲ ကြင်နာ နှိမ်ချ ပြီးဂရုဏာစိတ်အပြည့် ထားနိုင်သူပါ။  သူမဟာ အစားထိုးမရနိုင်တဲ့ ရတနာ တပါးဖြစ်ပါတယ်။ သူမဟာ ဘုရားရှင်ရဲ့ အကြင်နာတရား ကို သက်သေခံသူ တပါးပါပဲ

၁၈၇၇ မှာ တည်ထောင်ခဲ့တဲ့ FMM အသင်းဂိုဏ်းဟာ အပြည်ပြည်ဆိုင်ရာ ကက်သလစ် သာသနာပြု အသင်းဂိုဏ်ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံပေါင်း ၁၈ နိုင်ငံမှာ သာသနာပြုလျက်ရှိပါတယ်။

 

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3MC9Wvm

 

 

Add new comment

14 + 4 =