အိမ်ထောင်ကွဲ၍တစ်ဦးတည်းသားသမီးများအတွက်ရုန်းကန်နေသောကက်သလစ်မိခင်များအာပတ်ဖြေပြီးနောက်ကိုယ်တော်မြတ်ပြန်လည်ပင့်ယူခွင့်ကိုဗာတီကန်အားပေး

အိမ်ထောင်ကွဲ၍တစ်ဦးတည်းသားသမီးများအတွက်ရုန်းကန်နေသောကက်သလစ်မိခင်များအာပတ်ဖြေပြီးနောက်ကိုယ်တော်မြတ်ပြန်လည်ပင့်ယူခွင့်ကိုဗာတီကန်အားပေး

ဗာတီကန်၏ယုံကြည်ခြင်းဆိုင်ရာသွန်သင်ချက်ရုံးတော်မှ ကြေညာချက်တစ်စောင်ထုတ်ပြန်လာပါ သည်။ ထိုကြေညာချက်ထဲ၌ အိမ်ထောင်ကွဲ (ပျက်) ၍သားသမီးများအား မိခင်တစ်ဦးတည်းရုန်းကန်နေရသောကက်သလစ်မိခင်များ အာပတ်ဖြေလျှောက်ပြီးနောက် ကိုယ်တော်မြတ်ပင့်ယူခွင့်ပြုရန် ဗာတီကန်မှအားပေးတိုက်တွန်းထားသည်။

ဤကြေညာချက်ကိုရဟန်းမင်းကြီးဖရန်စစ်မှလက်မှတ်ရေးထိုးထားသည်။ အိမ်ထောင်ကွဲ (ပျက်) မိခင်များ ဘာသာရေး၀တ္တရားဖြည့်ဆည်းခြင်းနှင့်စပ်လျင်း၍ ‌ေ၀ဖန်တိုက်ခိုက်မှုများရှိနေပါက ဘုန်းတော်ကြီးများအနေဖြင့် အခြေအနေမှန်ကိုသိအောင်လေ့လာပြီး၀င်ရောက်ကူညီပေးရန်လည်းထည့်သွင်းဖော်ပြထားသည်။

အဆိုပါရုံးတော်၏တာ၀န်ခံဖြစ်သော ကာဒီနယ် Victor Manuel Fernandez က အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲ (ပျက်) သွားသောဘာသာတူမိခင်များအား ၀ိညာဉ်ကုစားပေးသည့်စက္ကရာမင်တူးများ၏အစွမ်းကိုခံယူနိုင်ခွင့်ရှိရမည်။ ဤအခြေအနေမျိုးနှင့်ကြုံတွေ့နေရသော ကက်သလစ်မိခင်များအနေ ဖြင့်ကိုယ်တော်မြတ်ပင့်ခွင့်မဆုံးရှုံးစေရဟုအသားပေးဖော်ပြထားသည်။

ရုံးတော်၏တာန်ခံသည် ဒိုမေနီကန်သမ္မတနိုင်ငံမှ ဆရာတော် Ramón Alfredo de la Cruz Baldera မှသူ့ထံရေးသားပေးပို့မေးမြန်းလာသောမေးခွန်းကိုပြန်လည်ဖြေကြားရင်းဤကြေညာချက်ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

တရား၀င်လက်ထပ်ထားခြင်းမရှိဘဲကလေးမွေးသော နေသောအချို့ကက်သလစ်မိခင်များသည် စီရင်ခံရမည်ကို စိုး၍ကိုယ်တော်မြတ်မပင့်ဘဲနေနေကြသည်။ အချို့သောကမ္ဘာ့နိုင်ငံအချို့၌ ဘုန်းကြီး၊ ဘာသာတူများက ထို အခြေအနေ၌ရှိနေသောမိခင်များအားကိုယ်တော်မြတ်မပင့်ခိုင်သည်မှာမရိုမသေပြုရရောက်မည်စိုး၍ပိတ်ပင်ဟန့်တားနေခြင်းဖြစ်သည်။ ထိုသို့သောကလေးများကိုလည်းဆေး ကြောမပေးဘဲငြင်းဆန်ခံရသည်များလည်းရှိသည်။ ဤသို့သောအခြေအနေမျိုးနှင့်ကြုံနေရသူအတော်များ များလည်းရဟန်းမင်းကြီးဖရန်စစ်ထံစာများရေးသားပေးပို့ထားသည်များလည်းရှိသည်။

ကာဒီနယ်သည် သူ၏ပြန်လည်ဖြေကြားချက်၌ (၂၀၁၂) ကာဒီနယ်ဘ၀၌ဟောကြားခဲ့သော လက်ရှိ ရဟန်းမင်းကြီးဖရန်စစ်ဩ၀ါဒတစ်ခုကိုကိုးကား၍ အားနည်းနေသောသူတို့အား ကြင်နာစွာ‌ဖေးမရမည်။ မတရားဆုံးဖြတ်ချခြင်းမျိုးကိုလည်းရှောင်ကြရန်မိန့်ကြားထားသည်။

နောက်ဆုံး၌ ကာဒီနယ်က ‘ဆီးနော့ဒ်’ ၌ အမျိုးသမီးများနှင့်သာသနာ၏မိခင်မေတ္တာစိတ်ကိုငြင်းပယ်၍ အာဏာရှင်ဆန်သောလုပ်ရပ်ကိုလုပ်သည့် ဘုန်းကြီများအားရှုံ့ချသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းတို့အမှုတော်ကိုသာလွန်ကြူးကြူးဖော်ကျူးပြီး ဘုရားသခင်၏လူမျိုးတော်ကိုမူဖိနှိပ်နေသောကြောင့်ဖြစ်သည်။ ယခုကြေညာချက်သည် ဒီဇင်ဘာ (၁၂) ရက်နေ့အထိ ဗာတီကန်ရုံးတော်မှထုတ်ပြန်သောကြေညာ ချက်ထွက်ပေါ်လာသည့်ဒုတိယစောင်ဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/393z7
 

Add new comment

2 + 7 =