အိန္ဒိယနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြင့် သီလရှင် (၃) ပါးနှင့်ဘုန်းတော်ကြီးတစ်ပါးတို့ပျံလွန်

အိန္ဒိယနိုင်ငံ၌ ယာဉ်မတော်တဆမှုဖြင့် သီလရှင် (၃) ပါးနှင့်ဘုန်းတော်ကြီးတစ်ပါးတို့ပျံလွန်

အိန္ဒိယနိုင်ငံ၊ Shillong ၌ယာဉ်မတော်တဆမှုဖြင့် သီလရှင် (၃) ပါးနှင့်ဘုန်းတော်ကြီးတစ်ပါးတို့ပျံလွန်သွားခဲ့ကြသည်။ ကားပေါ်လိုက်ပါသွားကြသူများမှာ (၆) ဦးဖြစ်သည်။ အဆိုပါယာဉ်အား ဘိလပ်မြေတင်ဆောင်ထားသောထရပ်ကားကြီးက ဖေဖော်၀ါရီ (၂၆) ရက်နေ့က၀င်တိုက်ခဲ့ခြင်းဖြစ်သည်။

ပျံလွန်သွားကြသောသူများမှာ ဖာသာရ်မတ်တြူး (၅၃) နှစ်၊ စစ္စတာရ် Melagrine Dantes FS (၅၁) နှစ်၊ စစ္စတာရ် Promila Turkey FS (၂၈) နှစ်၊ Rossie Nongrum FS (၂၁) နှစ်တို့ဖြစ်ကြပြီး၊ စစ္စတာရ်တို့သည် Barama မှစိန့်ဂျိုးဇက် အထက်တန်းကျောင်းမှဆရာမများဖြစ်ကြသည်။ စစ္စတာရ် (၃) ပါးလုံးသည် 'ဖာတီမာမယ်တော် သီလရှင်အသင်း' မှဖြစ်ကြသည်။ ဖာသာရ်မတ်တြူးမှာ Bongaigaon သာသနာ Barama ၏ကျောင်းထိုင်ဖြစ်သည်။

ဘိလပ်မြေအိတ်များတင်ဆောင်လာသော Shillong ဘက်မှလာသောထရပ်ကားကြီးသည် အရှိန်မထိန်းနိုင်တော့ဘဲ အခြားလမ်းတစ်ဖက်သို့တိုး၀င်သွားပြီး ယခုကဲ့သို့တိုက်မိ ခဲ့ခြင်းဖြစ်သည်။ ဤသို့ဖြစ်ပွားရခြင်းအတွက် သာသနာပိုင်ဆရာတော်မှလည်း များစွာ၀မ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းဖြင့်အသိပေးထားသည်။ ဘုန်းတော်ကြီးနှင့်သီလရှင်တို့စီးနင်းလိုက်ပါလာသောကားသမားသည်လည်း အခင်းဖြစ်ရာ၌ပင်ပွဲချင်းပြီးသေဆုံးခဲ့သည်။ ၄င်း တို့၏စျာပနအစီအစဉ်ကိုမဆုံးဖြတ်ရသေးပေ။ ဘုန်းတော်ကြီး၊ သီလရှင်များနှင့်ကားသမားတို့၏အသက်၀ိညာဉ် ထာ၀ရသုခချမ်းသာခံစားရရေးဆုတောင်းပေးကြရန်ကိုလည်းပန်ကြားထားပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3IAmkLR

Add new comment

1 + 0 =