အိန္ဒိယနိုင်ငံ၌ နှစ်ပေါင်း (၄၀၀) သက်တမ်းရှိ ဘုရားကျောင်းဆောင်ငယ် အားကစားရုံတိုချဲ့ရန်အကြောင်းပြ၍ဖျက်သိမ်းရတော့မည့်အခြေအနေဆိုက်နေ

အိန္ဒိယနိုင်ငံ၌ နှစ်ပေါင်း (၄၀၀) သက်တမ်းရှိ ဘုရားကျောင်းဆောင်ငယ် အားကစားရုံတိုချဲ့ရန်အကြောင်းပြ၍ဖျက်သိမ်းရတော့မည့်အခြေအနေဆိုက်နေ

ပေါ်တူဂီကိုလိုနီခေတ်ကအိန္ဒိယနိုင်ငံ Daman တွင်ဆောက်လုပ်ခဲ့သောဘုရားကျောင်းဆောင်ငယ်တစ်ဆောင်သည် အားကစားရုံတိုးချဲ့ရန်အကြောင်းပြလာသောကြောင့် အပြီးဖျက်သိမ်းပေးရတော့မည့်အခြေအနေဆိုက်နေသည်။

ဘုရားကျောင်းဆောင်ငယ်၏အမည်မှာ ‘Our Lady of Remedies’ (ကုသမှုများကိုပြုလုပ်ပေးသောမယ်တော်) ဟုဖြစ်ပါသည်။

ဘုရားကျောင်းဆောင်ငယ်အား (၁၆၀၇) တွင်ဆောက်လုပ်ခဲ့သည်။ ဗိသုကလက်ရာလည်းအလွန်မြောက်ပါသည်။ သမိုင်း၀င်ပြီး ယဉ်ကျေးမှုအမွေအနှစ်နှင့်ကက်သလစ်များသာဆုတောင်း၀တ်ပြုခြင်းမဟုတ်။ ထိုဒေသရှိကက်သလစ်မ ဟုတ်သောခရစ်ယာန်များလည်း ရာစုနှစ်များစွာမှစ၍၀တ်ပြုရန်အတွက်အသုံးပြုခဲ့ကြသည်။

ဘုရားကျောင်းဖျက်သိမ်းပေးရန်အသိပေးစာကို Daman စည်ပင်ရုံးမှအသိပေးစာကိုလွန်ခဲ့ သောတစ်လကျော်ကပင်လက်ခံရရှိခဲ့သည်။ ဤသတင်းကြောင့် ထိုဒေသမှကက်သလစ်အဖွဲ့အစည်းများ၊ ဖာသာရ် Brian Rodrigues၊ Mario Lopez တို့နှင့်ကက်သလစ်ရှေ့နေ Diogo Gama တို့ဦးဆောင်၍ Daman ၏စည်ပင်တာ၀န်ရှိသူများနှင့်တွေ့ဆုံပြီး သက်ဆိုင်ရာသို့အထောက်အထားများဖြင့်ဘုရားကျောင်းဆောင်ငယ်ဖျက်ဆီးမခံရရေး ဒေသစည်ပင်၀န်ကြီးများထံတင်ပြထားကြောင်းဖာသာရ် Lopez ကဖြေကြားခဲ့သည်။

ဤသို့မဖြစ်ရေး ခရစ်ယာန်များနှင့်အတူရပ်တည်တောင်းဆိုမည်ဖြစ် ကြောင်းဖြင့်လည်း ကောင်စီ၏ဥက္ကဌ Sonal Patelကလည်းပြောကြားခဲ့သည်။ ထိုပြောဆိုချက်ကို တသီးပုဂ္ဂလကောင်စီအဖွဲ့၀င် Pramod Rana ကလည်းထပ်လောင်းပြောကြားခဲ့သည်။

ယခုကဲ့သို့ပြုလုပ်ရန်အတင်းရဲလာသည်မှာ အိန္ဒိယနိုင်ငံပိုင်ပစ္စည်းနှင့်စပ်လျင်း၍ ပြန်လည်ထူ ထောင်ရေးနှင့်ပြန်လည်တည်ဆောက်ရေးဥပဒေပြဌာန်းချက်ဖြစ်သော (၂၀၁၃) ကိုအခြေခံထားခြင်းဖြစ် သည်။ အထက်ဥပဒေပြုထားသည်မှန်သော်လည်း ဘုရားကျောင်းများဖျက်၍ အားကစားကွင်းများတိုးချဲ့ရန်တို့မှဖော်ပြမထားကြောင်း ကက်သလစ်သာသနာအတွက်ရှေ့နေလိုက်ပေးမည့် Mario Lopez ကပြောကြားခဲ့သည်။

Daman သည် BJP (Bharatiya Janata Party ) ၏တိုက်ရိုက်စီမံကွပ်ကဲမှုအောက်၌ရှိသည်။ ဤကြေညာချက်နှင့်စပ်လျင်း၍ ( BJP) ပါတီ၀◌င်တစ်ဦးဖြစ်သော Praful Kodhabai Pratel အားမေးမြန်းရာတွင် တိကျသောအဖြေကိုမပေးခဲ့ပေ။ ဒေသခံကက်သလစ်ဘာသာတူများ၏ အဆိုအရ ဘုရားကျောင်းဆောင်ငယ်ကိုမဖြစ်ဖြစ်အောင်ဖျက်ဆီးရန်ဆုံးဖြတ်ထား သည်ဟုကြားသိရကြောင်းပြောကြား သည်။

ဤဘုရားကျောင်း၏ဗိသုကာလက်ရာနှင့်ပန်းပုလက်ရာကနုတ်ပန်းများသည် ရှေးကျလှသော် လည်းယနေ့ထိတိုင်အိန္ဒိယနိုင်ငံ၏ရှေးဟောင်းအမွေအနစ်များထိန်းသိမ်းရေးအဖွဲ့ (the Archaeological Survey of India (ASI) ၏စာရင်းတွင် အသွင်းမခံရသေးပေ။

ဘုရားကျောင်း ဆောင်ငယ်ဖျက်သိမ်းမခံရရေး အထက်လွှတ်တော်အထိတက်ရန်ကိုလည်းဝန်မလေးကြောင်းဖြင့် အဆို ပါဘုရားကျောင်းအား စောင့်ရှောက်ကာကွယ်ရန် ဖာသာရ် Brian Rodrigues ကပြောကြားခဲ့သည်။ RVA

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်

https://bit.ly/3I8eTLR

Add new comment

1 + 10 =