အိန္ဒိယနိုင်ငံအလယ်ပိုင်းပြည်နယ်တစ်ခု၌ ဘုရားကျောင်းမီးရှိုဖျက်ဆီးခံရ

အိန္ဒိယနိုင်ငံအလယ်ပိုင်းပြည်နယ်တစ်ခု၌ ဘုရားကျောင်းမီးရှိုဖျက်ဆီးခံရ

အိန္ဒိယနိုင်ငံ၏ပြည်နယ်တစ်ခုဖြစ်သော Madhya Pradesh ပြည်နယ် Narmadapuram ၌ဘုရားကျောင်းတစ်ဆောင်မီးရှို့ဖျက်ဆီးခံရကြောင်း နှင့် ဤပြစ်မှုကိုကျူးလွန်သူများမှာ အဘယ်သူဖြစ်သည်ကိုမသိရသေးဟုဆိုသည်။

ဤအခင်သည် ဖေဖော်၀ါရီလ (၁၂) တနဂ်နွေနေ့ကဖြစ် ပွားခဲ့သည်။ ပြစ်မှုကျူးလွန်သူများသည် ပိတ်ထားသောဘုရားကျောင်းထဲသို့ ပြူတင်းတံခါးများမှ၀င်ရောက်ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ဒေသရဲများပြစ်မှုကျူးလွန်သူများကိုဆက်လက်စုံစမ်းဖော်ထုတ်လျှက်ရှိသည်။

ဤအခင်းဖြစ်ပွားသည်ကို ဘုရားရှိခိုးရန်ဘုရားကျောင်းသို့သွားရောက်သော ဘာသာတူများမှတွေ့ရှိသွားခဲ့ခြင်းဖြစ်ကြောင်း၊ နံရံပေါ်၌လည်း Ram ဟူသည့်စာလုံးကိုရေးထိုးထားကြောင်း၊ ဘာသာ ရေးကိုဖျက်လိုဖျက်ဆီးပြုလိုသောသဘောကိုဆောင်နေကြောင်းဖြင့်အခင်းကြောင့်မကျေမချမ်းဖြစ်ရသော ဘာသာတူများကပြောကြားခဲ့သည်။

ကနဦးစုံစမ်းသိရှိချက်အရ ပြစ်မှုကျူးလွန်သူများသည် ပြူတင်ပေါက်မှဘုရားကျောင်းထဲသို့၀င် ရောက်သွားပြီး အတွင်းပိုင်းမှစတင်၍မီးရှို့ခဲ့သည်။ ဘုရားကျောင်းမှပရိဘောဂများ၊ ဘာသာ‌‌ရေးစာအုပ်များနှင့်အခြားသောမီးစွဲလောင်နိုင်သည့်ပစ္စည်များမီးထဲပါသွားခဲ့သည်။

ဤဘုရားကျောင်းသည် လူသာရင်ဧ၀ံဂေလိခရစ်ယာန်အသင်းတော်ပိုင်သောဘုရားကျောင်းဖြစ်သည်။ ဤဒေသတစ်၀ိုက်၌ မျိုးနွယ်စုများထူထပ်စွာနေထိုင်ကြသည်။ ဤအမှုသည် အပြစ်ဒဏ်စီရင်ချက်ပုဒ်မ (၂၉၅) ဖြင့်အမှုဖွင့်လိုက်ပြီဖြစ် သည်။ ယခုကဲ့သို့ဖြစ်ပွားခဲ့သော်လည်း ဒေသအတွင်အခြေအနေတင်းမာမှုများမရှိကြောင်လည်းရဲများကဆိုသည်။ RVA

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်

https://bit.ly/3K6WtxE

Add new comment

1 + 1 =