အိန္ဒိယနိုင်ငံအတွက်ဆရာတော်အသစ် (၂) ပါးထပ်မံရရှိ

အိန္ဒိယနိုင်ငံအတွက်ဆရာတော်အသစ် (၂) ပါးထပ်မံရရှိ

ရဟန်မင်းကြီးဖရန်စစ်သည် ပြီးခဲ့သော ဖေဖော်၀ါရီလ (၄) ရက်နေ့က အိန္ဒိယနိုင်ငံအတွက် ဆရာတော်အသစ် (၂) ပါးကိုထပ်မံရွေးချယ်ပေးခဲ့သည်။ ဆရာတော်သစ်များဖြစ်လာကြမည့်သူများမှာ ဖာသာရ် James Shekhar (၅၅) နှစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံမြောက်ပိုင်း Buxar, Bihar ၏ဆရာတော်ဖြစ်လာမည်ဖြစ်သည်။ ကျန်တစ်ပါးမှာ ဖာသာရ် Wilbert Marwein (၅၂) နှစ်ဖြစ်ပြီး အိန္ဒိယအရှေ့မြောက်ဘက်ရှိ Meghalaya ပြည်နယ် Nongstoin ၏ဆရာ တော်ဖြစ်လာမည်ဖြစ်သည်။

Buxar ၏ဆရာတော်ဖြစ်လာမည့်ဖာသာရ် James Shekhar ၏ကိုယ်ရေးအချက်အလက်

သူ့အား စက်တင်ဘာလ (၂၃၊ ၁၉၆၇) Singamparai (Tamil Nadu) ပြည်နယ် Palayamkottai သာသာတွင်မွေးဖွားခဲ့သည်။ အခြေခံရဟန်းဖြစ်သင်ကျောင်းကို Muzaffarpur ၌တက်ရောက်ခဲ့ပြီး ရဟန်းဖြစ်တက္ကသိုလ်ကိုမူ Allahabad ရှိစိန့်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ်တွင်ဆက်လက်တက်ရောက်ခဲ့သည်။ ရဟန်းသိက္ခာကို (မေလ ၂၆၊ ၁၉၉၆) ခုနှစ်တွင်ထပ်ခဲ့သည်။ သို့သော်သူသည် မိခင်သာသနာ၌အတွက်မဟုတ်ဘဲ Patna ဂိုဏ်းချုပ်သာသနာ၏ရဟန်းတော်အဖြစ်ပြောင်းရွေ့ခံယူခဲ့သည်။

သူသည်အောက်ပါအမှုတော်များကိုထမ်းဆောင်ခဲ့သူဖြစ်သကဲ့သို့ပညာတော်သွားရောက်သင်ကြားခဲ့သည်။

- (၁၉၉၆ – ၁၉၉၇) - Mokama ၏ကျောင်းထိုင်၊
- (၁၉၉၈ – ၂၀၀၃) – စိန့်မေရီဆေမီနရီ၏စာချအဖြစ်လည်းကောင်း၊ ဂိုဏ်းချုပ်သာသနာ ၏လူငယ်တာ၀န်ခံအဖြစ်လည်းကောင်း၊
- (၁၉၉၈ – ၂၀၀၃) ရောမမြို့ရှိ စိန့်သောမတ်စ်အကွီးနပ်စ်တက္ကသိုလ်၌ သမ္မာကျမ်းစာဘာ သာရပ်ကိုအထူးပြုလေ့လာခဲ့သည်။
- (၂၀၀၉ – ၂၀၁၅) Patna ဂိုဏ်းချုပ်ဆရာတော်၏အတွင်းရေးမှူး၊
- (၂၀၁၅) ကတည်းကစ၍ Bihar, Jharkhand, Andaman ဆရာတော်များကောင်စီ၏ အတွင်းရေးမှူးမဖြစ်ထမ်းဆောင်ခဲ့သည်။ ဆရာတော်အဖြစ်ရွေးချယ်ခံရသောလက်ရှိအချိန်ထိ သူသည်ဂိုဏ်းချုပ်သာသနာ၏လူမှုရေးလုပ်ငန်းပိုင်းဆိုင်ရာ၏ညွှန်ကြားရေးမှူးအဖြစ်အမှုတော်ထမ်းဆောင်နေသူဖြစ်သည်။

Electof Nongstoin ၏ဆရာတော်အဖြစ်ရွေးချယ်ခံရသော ဖာသာရ် Wilbert Marwein ၏ကိုယ်ရေးအချက်အလက် ဖာသာရ်အား Sohsyniong (Meghalaya) ပြည်နယ်၊ Rangblang မြို့၌ (ဖေဖော်၀ါရီလ ၁၇၊ ၁၉၇၀) Shillong ဂိုဏ်းချုပ်သာသနာ၌မွေးဖွားခဲ့သည်။ ရဟန်းသိက္ခာကို (ဧပြီလ ၂၇၊ ၂၀၀၃) Shillong သာ သနာတွင်ခံယူခဲ့သည်။ ၄င်းနောက် (၂၀၀၆) တွင် Nongstoin ဂိုဏ်းအုပ်သာသနာသို့ပြောင်းရွေ့သွားခဲ့သည်။ (၁၉၈၈) တွင်စိန့်ပေါလ်ဆေမီနာရီသို့၀င်ရောက်ခဲ့ပြီး (၁၉၉၁ – ၁၉၉၂) တွင် Shillong အထက်ပိုင်းရှိ ခရစ္စတူးဘုရင် ကောလိပ်၌ ဖီလိုဆိုဖီဘာသာရပ်ကိုသင်ယူခဲ့သည်။ ၄င်းနောက် (၁၉၉၉ – ၂၀၀၃) အထိ သီအိုလိုဂျီဘာသာရပ်ကို Shillong ရှိ Oriens သီအိုလိုဂျီကောလိပ်၌ဆက်လက်ပညာသင်ကြားခဲ့သည်။ (၂၀၀၇ – ၂၀၁၀) အထိ ရောမမြို့ရှိ Urban သာသနာ့တက္ကသိုလ်တွင် Missiology ဘာသာရပ်၌မာစတာဘွဲ့ရခဲ့သည်။

- (၂၀၀၃ – ၂၀၀၅) ရဟန်းသိက္ခာထပ်ပြီးနောက် Ummulong ၏လက်ထောက်ရဟန်းအဖြစ်လည်းကောင်း၊
- (၂၀၀၅ – ၂၀၀၇) တွင် သီဩလိုဂျီကောလိပ်၏ဘဣာရေးမှူးအဖြစ်လည်းကောင်း၊
- (၂၀၁၀ – ၂၀၁၅) အထိ အီတလီနိုင်ငံ၊ Cosenza သာသနာမှသာသနာအုပ်စုတစ်ခု၏ လက်ထောက်ဘုန်းတော်ကြီးအဖြစ်လည်းကောင်း၊
- (ဒီဇင်ဘာ ၂၀၁၅ – အောက်တိုဘာ ၂၀၁၉) Nongstoin ၏မွန်ဆီညှော်အဖြစ်လည်းကောင်း၊
- (ဒီဇင်ဘာ ၂၀၁၅) မှသည် ဆရာတော်အဖြစ် ရွေးချယ်ခံရသည့်အချိန်အထိ Nonbah ရှိ ‘ကယ်တင်ရှင်ဘုရား’ သာသနာအုပ်စု၏ကျောင်းထိုင်အဖြစ်ထမ်းဆောင်ခဲ့သည်။ (RVA)

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်
Photo courtesy of google images

https://bit.ly/3YCkmBs

Add new comment

9 + 6 =