အိန္ဒိယတောင်းပိုင်း၊ ဓမ္မညီလာခံဆောင်ပုဒ်မှာ ၊ "သာသနာတော် အတွက် ခရစ်တော်​၏ ခြေရာတော်အတိုင်း လိုက်လျှောက်ကြပါစို့" ဟုဆို

ဤသာသနာ့ဓမ္မညီလာခံကို အိန္ဒိယနိုင်ငံတောင်ပိုင်း Andhra Pradesh ရှိ Gunadala ,Vijayawada သာသနာမှ Bishop Grassi အားကစားရုံကြီးတွင် မေလ ၁၆ ရက်နေ့က ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။

ဓမ္မညီလာခံကို သာသနာအုပ်စု အသီးသီးမှ ညီလာခံ ကိုယ်စားလှယ်များ နှင့် ရဟန်းတော်များ ရောက်ရှိလာကြပြီး စာရင်းပေးသွင်းခြင်းနှင့် နံနက် ၉ နာရီတွင် စတင်ခဲ့ပါတယ်။

သာသနာ့ တာဝန်ခံ ဘုန်းတော်ကြီး Fr.M Gabriel မှ တက်ရောက်ပါဝင်မည့်သူများ ပို့ချပေးမည့်သူများနှင့် ဂုဏ်သရေရှိလူကြီးများအား ကြိုဆိုခြင်းနှင့် အစပြုခဲ့ပါတယ်။

အဖွင့်မိန့်ခွန်းခြွေရာ တွင် ဆရာတော် Thelagathoti Joseph Raja Rao က ပါပါးဖရန်စစ်၏ ဓမ္မညီလာခံကြီး အပေါ်ထားရှိသည့် မျှော်မှန်းချက်များကို ကိုးကား ဖော်ပြသွားခဲ့ပါတယ် ။

"လူသားများအားလုံး ပူးပေါင်းပါဝင်သည့် အသင်းတော်တခု တည် ဆောက်ရေးကို ကျွန်ုပ် မျှော်မှန်း ပါတယ် ၊ ထိုအသင်းတော်သည်လည်း ခရစ်တော်သခင်ရဲ့ စီမံကိန်းတော်ကိုနားလည်သဘောပေါက်ပြီး အကောင်ထည်ဖော်ရာတွင် ကိုယ်တော်ရှင်​၏ စိတ်ထားနှင့် အတူတကွ လျောက်လှမ်းရန် ဖြစ်သည် ဆိုသည့် " ရဟန်းမင်းကြီး ​၏ ပြောစကားကို ကိုးကားလျက် ဆရာတော်ကြီးမှ ပြောကြားခဲ့တာပါ။

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3Pved5Z

Add new comment

8 + 7 =