အာရှဒေသ မိုးတွင်းကာလ ရေးလွှမ်းမိုးမူ့များကြောင့် ထိခိုက်ပျက်စီးကြရသူများ ဒုက္ခရောက်ကြရသူများအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ဆုတောင်းပေးခြင်း

သြဂုတ်လ ၁၅၊ ၂၀၁၉

အိန္ဒိယ နိုင်ငံ တောင်ပိုင်း ဂူဂျာရပ်၊ မဟာရာရှ်တရာ၊ ကာနာတာကာ နှင့် ကီရာလာ ပြည်နယ်တို့တွင် မိုးရာသီ မိုးများ ရေကြီး ရေလွှမ်းမိုးမူ့ နှင့် မြေပြိုကျမူ့များ ရပ်တန့်မူမရှိပဲ ဆက်လက်ဖြစ်ပေါ်လာနိုင်သော အခြေအနေများရှိနေကြောင်း ယင်းသဘာဝဘေးအန္တရာယ်ကြောင့် အနည်းဆုံး ၃၀၀ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁.၂ သန်းကျော် အိုမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါသည်။

သဘာဝဘေးအန္တရယ်ကြောင့် ဒုက္ခရောက်နေကြရသောသူများ၊ သေကြေပျက်စီးကြသူများ၊ ထိခိုက်ဒဏ်ရာရကြသူများ၊ ပျက်ဆီးဆုံးရုံးကြရသူများ နှင့် ဝမ်းနည်းပူဆွေးသောက ရောက်နေကြသော မိသားစုဝင်များ အားလုံးအတွက် အမိမယ်တော် ကောင်းကင်ဘုံ ပင့်ဆောင်ခံရသောပွဲးနေ့ အန်ဂျေလူးမေတ္တာ ရွတ်ဆိုခြင်းတွင် ဆုတောင်းခြင်း၌ ဆုတောင်းပေးခဲ့ပါသည်။

ကူညီကယ်ဆယ်ပေးကြသူများကိုလည် ဘုရားသခင်ခွန်အားပေးသနားတော်မူရန် တောင်ဆိုပေးခဲ့ပါသည်။

အိန္ဒိယ နိုင်ငံ ကြည်း၊ရေ၊လေ တပ်မတော်သားများ ပြည်တွင်းလူမူ့ကယ်ဆက်ရေးအဖွဲ့များ၊ အသင်းတော်၏ ကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်ပေးနေကြောင်းလည် ဖော်ပြထားပါသည်။

ဆက်လက်ပြီး စိတ်ပုတီးစိတ်ခြင်း၊ ဆုတောင်ပေးခြင်းအားဖြင့် အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးအတွက် ပြုလုပ်ကြဖို့၊ စစ်မက်ဖြစ်ပွားနေသော ဒေသမှ ဒုက္ခရောက်သူများ နှင့်အတူတကွ ရှိနေကြောင်း ဖော်ပြသောအားဖြင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ အသင်းတော်၏ လူမူကူညီရေးအဖွဲ့အစည်းအကူအညီဖြင့် ဆီးရီးယားသို့ပို့ဆောင်ပေးမည့် စိတ်ပုတီး အကုန်း ၆၀၀၀ ကို ကောင်းကြီးမင်္ဂလာ ပေးခဲ့ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/2TLrzPj

Add new comment

2 + 4 =