အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (FABC-OSC) ၏လူထုဆက်သွယ်ရေးဆိုင်ရာရုံးတော်၏အကြီးအကဲအသစ်ခန့်အပ်

အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (FABC-OSC) ၏လူထုဆက်သွယ်ရေးဆိုင်ရာရုံးတော်၏အကြီးအကဲအသစ်ခန့်အပ်

ယခုအသစ်ရွေးချယ်ခံလိုက်ရသော အာရှကက်သလစ်ဆရာတော်ကြီးများဆိုင်ရာ လူထုဆက်သွယ်ရေးတာ၀န် ဆရာတော် Sebastian Francis မှာ မလေးရှားနိုင်ငံ၊ ပီနန်မှဖြစ်သည်။

ဤအမှု တော်သည် သက်တမ်း (၃) နှစ်ကြာသည်။ အာရှကက်သလစ်ဆရာတော်ကြီးများဆိုင်ရာအဖွဲ့၏လက်ရှိဥက္ကဌအမှုတော်ကိုထမ်းနေသော ကာဒီနယ်ချားစ်ဘိုက ယခုကဲ့သို့ ဤအမှုတော်အတွက် တာ၀န်ခံအသစ် ကိုရွေးချယ်ခန့်အပ်နိုင်သည့်အတွက်ကျေးဇူးတင်ကြောင်း၊ လူထုဆက်သွယ်ရေးနည်းလမ်းအား အာရှဆ ရာတော်ကြီးများ၏ဧ၀ံဂေလိတရားအမှုတော်၌ လွန်စွာထိရောက်အသုံးကျသောလမ်းကြောင်းတစ်ခုဖြစ်စေရန်၊ ယခုကဲ့သို့ခန့်အပ်ခြင်းသည် အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အနေဖြင့် လွန်စွာအရေးပါလှသောအမှုတော်ကိုတာ၀န်ပေးအပ်ခြင်းဖြစ်ကြောင်း၊ Radio Veritas Asia (RVA) အားကြပ်မတ်အုပ်ချုပ်ရသောတာ၀န်ရှိကြောင်း (ဇန္န၀ါရီလ ၁၊ ၂၀၂၃) ကပေးအပ်ခဲ့သော ခန့် အပ်လွှာထဲ၌ပြောကြားထားသည်။

ဤအမှုတော်ကိုထမ်းဆောင်ရန်ရွေးချယ်ခံရသောဆရာတော်အား (နို၀င်ဘာလ ၁၁၊ ၁၉၅၁) က Johor Bahru တွင်းမွေးဖွားခဲ့သည်။ (၁၉၆၇ – ၁၉၇၀) အထိ စင်ကာပူနိုင်ငံ၊ စိန့်ဖရန်စစ်ဇေးဗီးယားအခြေခံရဟန်းဖြစ်သင်ကျောင်းသို့၀င်ရောက်ခဲ့သည်။ ပီနန်ကောလိပ်သို့ (၁၉၇၂ – ၁၉၇၆) ၌ပညာသင်ကြားခဲ့သည်။

သူသည် (၂၈ ဇူလိုင် ၁၉၇၇) Malacca-Johor သာသနာတွင်အဖို့ ဂိုဏ်းအုပ်သာသနာ ၏ဘုန်းတော်ကြီးအဖြစ် ထာ၀ရရဟန်းသိက္ခာကိုထပ်ခဲ့သည်။ သူသည် (၁၉၈၁ – ၁၉၈၃) ၌ ရောမမြို့၊ စိန့်သောမတ်စ်အကွီးနပ်စ်တက္ကသိုလ်တွင်မာစတာဘွဲ့ရခဲ့သည်။ သူသည် (၁၉၉၁) အမေရိကန်ပြည်ထောင် စု၊ နူးယောခ့်၊ မေရီနောလ်ကျောင်း၌လည်း ငြိမ်းချမ်းရေးနှင့်တရားမျှတခြင်းဆိုင်ရာဘာသာရပ်၌ဘွဲ့ရရှိခဲ့သည်။

(၂၀၀၃) ခုနှစ်၌မူ Malacca-Johor သာသနာ၏မွန်ဆီညှော်အဖြစ်လည်းကောင်း၊ ထို့နောက် ဆရာတော်အဖြစ် (ဇူလိုင် ၇၊ ၂၀၁၂) ခုနှစ်တွင် ရဟန်းမင်းကြီးဘေနေဒစ် (၁၆) မှဆရာတော်အဖြစ်ရွေးချယ်ခန့်အပ်ခံခဲ့ရသကဲ့သို့ ပင်နန်သာသနာ၏ဆရာတော်အဖြစ်လည်း တစ်ဆက်တည်ကြေညာခံခဲ့ရ သည်။ သူအား (ဩဂုတ်လ ၂၁၊ ၂၀၁၂) မလေးရှားနိုင်ငံ၊ Bukit Mertajam ရှိ စိန့် အဲန်ဘုရားကျောင်း၌ဆရာတော်သိက္ခာထပ်ပေးခဲ့သည်။ RVA

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်

https://bit.ly/3XEGGcm

Add new comment

8 + 3 =