အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (FABC) မှ ‘ဘန်ကောက်’ ကြေညာချက်ထုတ်ပြန်

အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (FABC) မှ ‘ဘန်ကောက်’ ကြေညာချက်ထုတ်ပြန်

ပြီးခဲ့သောမတ်လ (၁၅) ရက်နေ့က အွန်လိုင်းမှ ကျင်းပသောအစီအစဉ်၌ အိန္ဒိယနိုင်ငံ၊ ဘုံဘေကာဒီနယ် Oswald Gracias က ကြေညာချက်တစ်ခုကိုထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ကို ‘ဘန်ကောက်’ ကြေညာချက်ဟုအမည်ပေးထားသည်။ အဘယ်ကြောင့်ဆိုဆို ယခင်နှစ် အောက်တိုဘာလ (၁၂-၃၀) အထိ ထိုင်းနိုင်ငံ၏မြို့တော် ဘန်ကောက်ရှိ Baan Phu Waan သာသနာပြုသင်တန်းကျောင်းဗဟို၌ အာရှကက်သလစ်ဆရာတော်ကြီးများအဖွဲ့မှအစည်းအ ဝေးကြီးကိုကျင်းပပြီး အာရှတိုက်အတွင်းရှိသာသနာနယ်မြေအသီး သီး၏အားသာချက်၊ အားနည်းချက်၊ လိုအပ်ချက်၊ အကြံပြုတင်ပြချက်များကိုဆွေးနွေးခဲ့သောကြောင့်ဖြစ်သည်။ ထို့အတူယခင်နှစ်သည် FABC အဖွဲ့ဖွဲ့စည်းသည့် နှစ် (၅၀) ပြည့်နှစ်ပတ်လည်လည်းဖြစ်သောကြောင့်ဖြစ်သည်။

အစည်းအဝေးကြီး၏ဆောင်ပုဒ်မှာ ‘Journeying Together as People of Asia’ (အာရှတိုက်သားများအဖြစ် အတူတကွယှဉ်တွဲလျှောက်လှမ်းကြပါစို့ဟူ၍) ဖြစ်ပါသည်။

အစည်းအ​ေ၀းကြီး၏တာ၀န်ခံဖြစ်သော ကာဒီနယ် Oswald Gracias ကအဆိုပါ ‘ဘန် ကောက်’ ကြေညာချက်ကို အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏ အထွေ ထွေအတွင်းရေးမှူးလည်းဖြစ်သော ဆရာတော် Allwyn D’Silva မှခြံရံလျှက်တရား၀င်ကြေညာခဲ့သည်။ ကာဒီနယ်က အဆိုပါကြေ ညာချက်ကို ‘၀ိညာဉ်ရေးမှတ်တမ်း’ တစ်ခုအဖြစ်ရည်ညွှန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ဆု တောင်းခြင်း၊ သန့်ရှင်းသော၀ိညာဉ်တော်၏အလင်းကျေးဇူးများကိုခံယူခြင်း၊ ၀ိညာဉ်ရေးရာပြောင်းလဲခြင်း များကိုပြုလုပ်၍ စည်း‌ေ၀းဆုံးဖြတ်ထားသောကြောင့်ဖြစ်ပါသည်။

ခရီးလမ်းကြောင်းအသစ်တစ်ခု၏အစဖြစ်သည်။ ဤကြေညာချက်သည် အာရှတစ်ခွင်၌သာသနာပြုရန်အလွန်လက်တွေ့ကျထိရောက်မှုရှိစေမည့်လမ်းညွှန်တစ်ခုလည်းဖြစ်ပေမည်ဟုဖော်ပြထားသည်။
အာရှဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက္ကဌဖြစ်သော မြန်မာနိုင်ငံမှ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကာဒီနယ်ချားလ်စ်ဘိုကလည်း ဤအွန်လိုင်းအစည်းအ​ေ၀းသို့တက်ရောက်လာကြသူများအားလုံးကိုကြိုကြောင်း၊ ယခုကြေညာလိုက်သောစာတမ်းကိုအမြင်များပါ၀င်သောစာတမ်း၊ အာရှကက်သလစ်သာသနာ တော်ကြီးများ၏ သာသနာပြုလုပ်ငန်းများကိုအင်အားနှင့်ပြန်ရှင်သန်လာစေမည်ဖြစ်ကြောင်း၊ ယခင်နှစ်ဘန် ကောက်၌ အာရှဆရာတော်ကြီးများအဖွဲ့ချုပ်ဖွဲ့စည်းခြင်းနှစ် (၅၀) ပြည့်လည်းဖြစ်ပြီး အစည်းအဝေးကြီးကိုလည်းကျင်းပနိုင်ခဲ့ခြင်သည် သမိုင်း၀င်အစည်းအဝေးတစ်ခုဖြစ်ကြောင်း၊ အာရှကက်သလစ်သာ သနာအတွက်အချိုးအကွေ့တစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။

ဤစာတမ်းထွက်ပေါ်လာရေးကော်မတီ၏ အဓိကတာ၀န်ရှိသူဖြစ်သော ဆရာတော် Pablo David ကလည်း ဤစာတမ်းအဘယ်သို့ဖြစ်ပေါ်လာပုံ၊ တည်ဆောက်ပုံ၊ အရေးကြီးသောအကြောင်းအ ရာများကို အစည်းအဝေးကြီးမှမည်သို့မီးမောင်းထိုးပြထားပုံနှင့်နောက်ဆုံး၌ဤစာတမ်းကို ‘ဘန် ကောက်’ စာတမ်းဟုအမည်ပေးခဲ့သည့်အကြောင်းကိုရှင်းပြခဲ့သည်။

အာရှဆရာတော်ကြီးများ၏အထွေထွေအစည်းအဝေးပွဲသည် သံမာတေဦးဧ၀ံဂေလိကျမ်းလာယေဇူးသခင်မွေးဖွားစဉ်လာရောက်ဖူမြှော်ခဲ့ကြသောမင်းပညာရှိတို့၏ခရီးနှယ်ဖြစ်သည်။ စာတမ်း၌အဆို ပါအကြောင်းအရာမှအချက် (၅) ချက်အပေါ်တည်ဆောက်ထားသည်။ ၄င်းတို့မှာ ခရီးသွားခြင်း၊ ရှာဖွေခြင်း၊ ဆင်ခြင်ခြင်း၊ လက်ဆောင်ပဏာများကပ်လှူခြင်း၊ လမ်းသစ်များဖြင့်ပြန်သွားခြင်းတို့ဖြစ်သည်။ ကျွန်ုပ်တို့လည်း အတူတူခရီးသွားနေကြသည်ဟုတွေးပါ။ ထိုသို့ခရီးပြုရာတွင်ကြယ်တော်၏လမ်းပြမှုကိုခံ ယူရမည်။ နိမိတ်များကိုဆင်ခြင်ရမည်။ ထို့နောက် ခရီး၏အဓိကရည်ရွယ်ချက်ဖြစ်သော ဘုရားသခင်၏ သားတော်ကိုတွေ့အောင်ရှာရမည်။ သို့ပါသာပါလာသောလက် ဆောင်ပဏာများကိုဆက်ကပ်နိုင်မည်။ ထို့ နောက်လမ်းကြောင်းသစ်အဖြစ် အာရှတိုက်၌ဧ၀ံဂေလိတရားတော်ကိုအစပြုရမည်။

ဤစာတမ်းသည် စာမျက်နှာ (၄၀) ပါပြီး (၅) ပိုင်းခွဲထားသည်။ ၄င်းတို့မှာ အတူတကွခရီးသွားခြင်း၊ အာရှ၌ထွက်ပေါ်လာမည့်အဖြစ်အမှန်များကိုမျှော်ကြည့်ခြင်း၊ သန့်ရှင်သော၀ိညာဉ်တော်ဘုရားသည် အာရှသာသနာအား အဘယ်သို့လမ်းပြပို့ဆောင်သည်ကိုဆင်ခြင်ခြင်း၊ အာရှ၏ယဉ်ကျေးမှုကိုလက် ဆောင်များအဖြစ်ဆက်ကပ်ရန်၊ ၀ိညာဉ်ရေးအသက်တာနှင့်လမ်းကြောင်းသစ်များ စသည်တို့ပါ၀င်ကြသည်။ RVA

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3loHkxR

Add new comment

11 + 0 =