အသားရှောင်ခြင်းကို ကင်းလွတ်ခွင့်ပြုခဲ့သော်လည်: ဤကပ်ဘေးမှ လွတ်မြောက်သည့် ကာလတွင် အသားရှောင်ခြင်းကို ဆက်လက်ပြုလုပ်နိုင်​ဟု အမေရိကန် ကက်သလစ်သာသနာတိုက်တွန်း

အသားရှောင်ခြင်းကို ကင်းလွတ်ခွင့်ပြုခဲ့သော်လည်: ဤကပ်ဘေးမှ လွတ်မြောက်သည့် ကာလတွင် အသားရှောင်ခြင်းကို ဆက်လက်ပြုလုပ်နိုင်​ဟု အမေရိကန် ကက်သလစ်သာသနာတိုက်တွန်း

အသားရှောင်ခြင်းကို ကင်းလွတ်ခွင့်ပြုခဲ့သော်လည်: ဤကပ်ဘေးမှ လွတ်မြောက်သည့် ကာလတွင် အသားရှောင်ခြင်းကို ဆက်လက်ပြုလုပ်နိုင်​ဟု အမေရိကန် ကက်သလစ်သာသနာတိုက်တွန်း

 

အမေရိကန် နိုင်ငံမှ ကက်သလစ်ဂိုဏ်းချုပ်သနာ သီးသီးတွင် ဝါတွင်းသောကြာနေ့တိုင်း၌ အသားရှောင်ကြရန် တိုက်တွန်းထားသော်လည်း လက်ရှိ ဖြစ်ပေါ်နေသော ကိုဗစ် ၁၉ ပြဿနာ အတွင်း၌ အခက်အခဲ ကြုံတွေ့နေရပါသည်။

 

Boston နှင့် Dubuque ကက်သလစ်ဂိုဏ်းချုပ်သာသနာများအပြင် Brooklyn, Houma-Thibodeanh,Metuchen, Pittsburgh နှင့် Rochester ဂိုဏ်းချုပ်သာသနာများ၌လည်း ပြီးခဲ့သည့် သောကြာ ၂ ပတ် အချိန်တွင် အသားစားခွင့် ကို ခွင့်ပြုပေးခဲ့ပါသည်။

 

မတ်လ၂၆ ရက်နေ့က ဂိုဏ်းချုပ်ဆရာတော်ကြီး Bishop Shelton Fabre က မိမိဘာသာ၀င်များထံ ရေးသော စာတွင် အသင်းတော်အတွင်း၌ ဝါဝင်သော ပြာခံပွဲနေ့ကြီးနှင့် သခင်ခရစ်တော် အသေခံတော်မူသော သောကြာနေ့ကြီးတို့ကို လုံးဝ ချွင်းချက်မရှိ အသားရှောင် ဝါရှောင်ရန် ဉပဒေ ချမှတ်ထားပြီး သာမာန်ဝါတွင်းကာလသောကြာနေ့များတွင်လည်း အသားရှောင် ဝါရှောင်ရန် တိုက်တွန်းထားခဲ့ပါသည်။ သို့သော် ဤကဲ့သို့သော လူအများစု အတွက် ကုန်ပစ္စည်း ဝယ်ယူရန် ခက်ခဲနေသော အချိန်ကာလတွင် မိမိအနေဖြင့် နားလည်မှုပေးကြောင်း ရေးသားခဲ့ပါသည်။

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့် က အမေရိကားနှင့် ဉရောပ အကြား ခရီးသွားလာမှု ပိတ်ပင်လိုက်သည့် မတ်လ ၁၂ ရက်နေ့မှ စ၍ လူအများသည် မိမိတို့အတွက် စားနပ်ရိပ်ခါများ ဝယ်ယူစုစောင်းခဲ့ကြကြောင်း၊ အချို့သော လူကြီးများ အတွက် တိုးဝှေ့ ၀ယ်ယူရန် ခက်ခဲသောကြောင့် Senior Only သက်ကြီးသူများအတွက်သာ ဟူသည့် အချိန်များကို သတ်မှတ်ခဲ့ရကြောင်းဆိုပါသည်။

 

ဆရာတော်ကြီး Fabre မှ ဆက်လက်ပြောကြားရာတွင် အသားရှောင်ခြင်းကို ကင်းလွတ်ခွင့်ပြုခဲ့သော်လည်း မေတ္တာတရားလုပ်ငန်းများကို ပိုမို လုပ်ဆောင်ကြရန်၄င်း ဂရုဏာရေးလုပ်ငန်းများနှင့် ဆက်ကပ်လုပ်ငန်းများ၌၄င်းပါ၀င်ခြင်း အကယ်၍ ဤကပ်ဘေးမှ လွတ်မြောက်သည့် ကာလတွင်လည်း အသားရှောင်ခြင်းကို ဆက်လက်ပြုလုပ်နိုင်ပါကြောင်း တိုက်တွန်းခဲ့သည်ကို CNA သတင်းအရသိရှိရပါသည်

 

By William Zaw Naing Oo

Photo Credit: vectorfusionart/Shutterstock

https://bit.ly/2xxh8HI

 

Add new comment

3 + 0 =