အမှန်တရား၊ တရားမျှတခြင်းနှင့်ငြိမ်းချမ်းရေးကိုရှာဖွေကြရန် ဖိလစ်ပိုင်ကာဒီနယ်ကတိုက်တွန်း

အမှန်တရား၊ တရားမျှတခြင်းနှင့်ငြိမ်းချမ်းရေးကိုရှာဖွေကြရန် ဖိလစ်ပိုင်ကာဒီနယ်ကတိုက်တွန်း

မနီလာဂိုဏ်ချုပ်ဆရာတော် ကာဒီနယ် Jose F. Advincula က ‘Black Nazarene’ ပွဲနေ့၌ပါ ၀င်နေကြသော ကက်သလစ်ဘာသာတူများအား အမှန်တရား၊ တရားမျှတခြင်းနှင့်ငြိမ်းချမ်းကိုရှာဖွေကြရန်ဇန္န၀ါရီလ (၉) ရက်နေ့ကတိုက်တွန်းခဲ့သည်။

အပြစ်ရှိသောအသက်တာကိုစွန့်ကြစို့။ ဘုရားသခင်၏ သားသမီးများဟူသည့်ဂုဏ်ပုဒ်၌ကြိုးစားရှင်သန်ကြပါစို့။ အမှန်တရား၊ တရားမျှတခြင်းနှင့်ကမ္ဘာကြီး၏ ငြိမ်းချမ်းရေးအတွက်အားထုတ်ကြိုးစားကြပါစို့။ ဤပွဲတော်ကိုကျင်းပခြင်းအားဖြင့် ကမ္ဘာကြီး၏ကယ်တင်ခြင်းအတွက်ယေဇူးသခင်၏ဒုက္ခကိုမျှ‌ယူခံထမ်းရန်၊ မိမိတို့၏ နီးစပ်သူများအပေါ်မေတ္တာပြကြရန်၊ အချင်းချင်းဂရုစိုက်ကြရန်၊ အထူးသဖြင့် ဘ၀ကိုခက်ခဲစွာရုန်းကန်နေကြရသော မိမိ တို့၏ညီအစ်ကို မောင်နှမများနှင့်နီးကပ်စွာရှိကြပါ" ဟု တိုက်တွန်းခဲ့သည်။

‘Black Nazarene Jesus’ သည်ယေဇူးသခင်၏ဆင်းတုတော်ကိုသစ်သားနက်ဖြင့်ထုလုပ်ထား သောဆင်းတုတော်ဖြစ်သည်။ ဤဆင်းတုတော်ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၊ Quiapo ဘုရာကျောင်း၌ ပူဇော်ခံထားကာနှစ်စဉ္ ခမ်းနားစွာကျင်းပသည့်ဘာသာရေးပွဲတခုလည်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3iXDNFd

Add new comment

2 + 0 =