အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အိုင်ယာနိုင်ငံရှိမယ်တော်ဂူသို့သွားရောက်ခဲ့

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အိုင်ယာနိုင်ငံရှိမယ်တော်ဂူသို့သွားရောက်ခဲ့

လက်ရှိအမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ကက်သလစ်ဘာသာ၀င်တစ်ဦးဖြစ်သည်။ သူသည်ဒီမိုကရက်တစ်ပါတီကြီးကိုဦးဆောင်နေသူလည်းဖြစ်သည်။ သူသည်ယခုပတ်သောကြာနေ့က အိုင်ယာလန်နိုင်ငံရှိ 'အထုံးများဖြေပေးသောမယ်တော်' (Knock Shrine) ဗိမာန်သို့သွားရောက်ဖူးခဲ့သည်။ ထိုဗိမာန်၌ သမ္မတသည်မျက်ရည်ကျခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် (၈) နှစ်ခန့်ကသူ၏သား Beau အားနောက်ဆုံးစက္ကရာမင်တူးများဖြစ်သော အာပတ်ဖြေခြင်း၊ ကိုယ်တော်မြတ်ပင့်ခြင်းနှင့်ကျန်းမာခြင်းဆီတော်လူးမှတ်ခြင်းစက္ကရာမင်တူးများကိုကျင်းပပေးခဲ့သောဘုန်းတော်ကြီးနှင့်ဆုံဆည်းခဲ့သောကြောင့်ဖြစ်သည်။ သူ၏သား Beau သည် အသက် (၄၆) နှစ်၌ဦးနှောက်ကင်ဆာဖြင့်လွန်ခဲ့ သော (၈) နှစ်ကဆုံးပါးသွားခဲ့သည်။

သူ၏သားအားနောက်ဆုံးစက္ကရာမင်တူးကိုကျင်းပပေးခဲ့သောဘုန်းတော်ကြီးမှာဖာသာရ် Frank O’Grady ဖြစ်သည်။ ဖာသာရ်သည် သမ္မတဂျိုးဘိုင်ဒင်၏သား Beau အား (၂၀၁၅) ခုနှစ်ကခရစ်ယာန်တစ်ဦး၏နောက်ဆုံးစက္ကရာမင်တူးကိုကျင်းပပေးခဲ့သည်။ ထိုစဉ်က ဖာသာရ်သည် အမေရိကန်ပြည် ထောင်စု၏စစ်တပ်အတွင်း၌ဖြစ်စေ၊ စစ်မြေပြင်၌ဖြစ်စေ စစ်သားများ၏၀ိညာဉ်ရေးဆိုင်ရာ၀တ္တရားနှင့်လိုအပ်ချက်များကိုဖြည့်ဆည်း ပေးရသော ‘စစ်ဘုန်းကြီး’ အဖြစ် Bethesda, Maryland ရှိ Walter Reed ဆေး၀ါးကုသဆောင်၌အမှုထမ်းခဲ့သည်။ ယခုအခါ ‘စစ်ဘုန်းကြီး’ အမှုတော်မှအနားယူပြီး အိုင်ယာလန်အနောက်ဖက် (၁၈၇၉) ခုနှစ်ကအမိမယ် တော်ကိုယ်ထင်ရှားပြခဲ့သည့်နေရာ၌တည်ဆောက်ထားသော ‘Knock Shrine’ (အထုံးအဖွဲ့ကိုဖြေပေးသောမယ်တော်) ဗိမာန်တော်၌ အမှုထမ်းလျှက်ရှိသည်။ ဖာသာရ်သည် ဤဗိမာန်တော်၏တာ၀န်ခံဖြစ်သည်။ ဖာသာရ် Richard Gibbons နှင့်အမေရိကန်သမ္မတတို့သည်မထင်မှတ်ဘဲအံ့ဩဖွယ်ဆုံဆည်းခြင်းဖြစ်သည်။

သမ္မတသည်မျက်ရည်ကျခဲ့သည်ကိုတွေ့လိုက်ရ၍ သမ္မတနှင့်မိသားစုအတွက်စိတ်မကောင်းဖြစ်ခဲ့ရကြောင်း၊ မိသားစုအတွက်ဆုတောင်းပေးခဲ့ကြောင်း၊ စိပ်ပုတီးတစ်ဆယ်စေ့ကိုလည်းမိသားစုများအတွက်ပူဇော်စိတ်ပေးခဲ့ကြောင်း၊ ထို့နောက်ဖယောင်းတိုင်ထွန်းညှိပြီး တိတ်ဆိတ်စွာဆုတောင်းခဲ့ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်သည်သူ့အားတွေ့ချင်ခဲ့သည်ဟုသိရသောကြောင့် များစွာအံ့အားသင့်သွားခဲ့ရ ကြောင်း၊ သူနှင့်နောက်ဆုံးဆုံခဲ့သည်မှာ လွန်ခဲ့သည့် (၈) နှစ်ကဖြစ်သောသမ္မတ၏သားကွယ်လွန်ချိန်ဖြစ် ကြောင်း၊ သူ၏သားနောက်တစ်ယောက်လည်းပါလာသောကြောင့် သူ၏မိသားစု၀င်အားလုံးနှင့်ပြန်ဆုံသကဲ့သို့ဖြစ်ကြောင်း၊ သမ္မတ၏သားသည်နောက်ဆုံးအချိန်၌ ‌ဝေဒနာကိုပြင်းထန်စွာခံစားခဲ့ရကြောင်း၊ သူ့ကိုသတိရကြောင်းဖြင့်ဖာသာရ်က ဘီဘီစီသတင်းဌာန၏မေးမြန်းချက်ကိုဖြေကြားခဲ့သည်။

နောက်ဆုံးစက္ကရာမင်တူးဟုဆိုရာ၌ ကက်သလစ်ဘာသာတူတစ်ဦးအတွက် သေခါနီးအချိန်တွင် မိမိတို့၏ဘ၀၌ကျူးလွန်ခဲ့သောအပြစ်များကိုနောင်တယူ၍ အာပတ်ဖြေကာဘုရားသခင်နှင့်ပြန်လည်ကြေအေးခြင်းဖြစ်သည်။ အာပတ်ဖြေပြီးနောက် ကိုယ်တော်မြတ်ကိုနောက်ဆုံးအချိန်အဖြစ်ပင့်ယူသည်။ ထို့နောက် မကျန်းမမာသူများအားလိမ်းကျံပေးလေ့ရှိသော ကျန်းမာခြင်းဆီတော်ကိုလည်းလိမ်းပေးလေ့ရှိ သည်။

ဖာသာရ် Gibbons သည်သမ္မတနှင့်အတူ ဗိမာန်တော်အားလှည့်ပတ်ဖူမြှော်ခဲ့သည်။ သမ္မတက တစ်နေရာအရောက်တွင်တံတိုင်းကိုလက်ဖြင့်တို့ထိခဲ့သည်။ ထိုနေရာကား ဒါဇင်နှင့်ချီသောလူများကားမယ်တော်၊ စိန့်ဂျိုးဇက်၊ ဧ၀ံဂေလိကျမ်းရေးသူ စိန့်ဂျွန်တို့ကိုဖူးတွေ့ခဲ့သည့်နေရာဖြစ်သည်။ (၂၀၂၁) ၌အ ဆိုပါနေရာအား ရဟန်းမင်းကြီးဖရန်စစ်မှ ကိုယ်တော်မြတ်နှင့်မယ်တော်သခင်မ၏ဗိမာန်တော်အဖြစ်သတ်မှတ်ကြေညာခဲ့သည့်နေရာလည်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NeNcoH

Add new comment

2 + 16 =