အမေရိကန်ပြည်ထောင်စု Phoenix သာသနာ၌ စိတ်ကျန်းမာရေး၀န်ဆောင်မှုရုံးခန်းဖွင့်လှစ်

အမေရိကန်ပြည်ထောင်စု Phoenix သာသနာ၌ စိတ်ကျန်းမာရေး၀န်ဆောင်မှုရုံးခန်းဖွင့်လှစ်

ကိုဗစ်ကာလ၌ စိတ်ကျန်းမာရေးစောင့်ရှောက်မှုလို့အပ်ချက်သည် အလွန်မြင့်မားခဲ့သည်။ ဤ စောင့်ရှောက်မှုရုံးခန်းဖွင့်လှစ်ရာတွင် Phoenix သာသနာနောက်ဆုံးဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အတွင်းရှိ သာသနာအတော်များများ၌ စိတ်ကျန်းမာရေးဆိုင်ရာရုံးများဖွင့်လှစ်ခဲ့သည်မှာကြာပြီ။

Phoenix သာသနာပိုင်ဆရာတော်အတွက် သူနှင့်တစ်အူတုံဆင်းမောင်နှမများထဲမှ နှစ်ဦးသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုခန့်က မိမိကိုယ်မိမိအဆုံးစီရင်ခဲ့သည့်အဖြစ်အပျက်မျိုးနှင့်ကြုံခဲ့ရသည်။ ထို့ကြောင့် လည်း စိတ်ပိုင်းဆိုင်ရာရုံးခန်းဖွင့်လှစ်၍ အကူအညီများပေးနိုင်ရန်လုပ်ဆောင်သွားမည့်အကြောင်းကို စိန့် စိုင်းမင်းနှင့်ဂျူဒ်ကက်သီဒရယ်ဘုရားကျောင်း၌ ဩ၀ါဒ၏အဆုံးပိုင်းတွင်ထည့်သွင်းပြောကြားခဲ့သည်။

မိမိကိုယ်မိမိအဆုံးစီရင်ခြင်းအမှုသည် ဖြစ်ပွားမှုအလွန်မြင့်မားလာနေသည်။ (၂၀၂၀) ခုနှစ်အ တွင်း လူပေါင်း (၄၅၉၇၉) ဦးအသက်ဆုံးရှုံးခဲ့ကြသည်။ မိမိကိုယ်မိမိအဆုံးစီရင်မှုသည် (၂၀၀၀ မှ ၂၀၁၈) အတွင်း (၃၀) ရာခိုင်နှုန်းမြှင့်တက်လာခဲ့ကြောင်း၊ (၂၀၁၉ - ၂၀၂၀) တွင်ပြန်ကျသွားခဲ့ကြောင်း၊ ဤသေ ဆုံးနှုန်းကိုပျမ်းမျှတွက်ကြည့်လိုက်မည်ဆိုပါက (၁၁) မိနစ်တိုင်း၌ တစ်ဦးနှုန်းအဆုံးစီရင်နေသကဲ့သို့ဖြစ် ကြောင်း ရောဂါရှာဖွေရေးနှင့်ကာကွယ်ရေးဌာနကထုတ်ပြန်ထားသည်။

ယခုဖွင့်လှစ်လိုက်သောရုံးခန်းသည် ရည်ရွယ်ချက် (၃) ခုအတွက်ဖြစ်ပါသည်။

(၁) ကျန်းမာရေးပညာပေးခြင်း၊
(၂) ရောဂါခံစားနေရသူများအား နှစ်သိမ့်ဆွေးနွေးအကြံပေးခြင်း၊
(၃) ကူညီမှုပေးရာ၌ ဥပဒေနှင့်အညီပိုမိုလုပ်ဆောင်နိုင်ရန်နှင့်အစိုးရထံမှလိုအပ်သောရံပုံငွေများတောင်းခံ ခြင်း စသည်တို့ဖြစ်ကြသည်။

စိတ်ကျန်းမာရေးပညာပေးခြင်းကို ကောင်းစွာနားမလည်သော ကက်သလစ်ဘာသာ၀င်ညီအစ် ကိုမောင်နှမများအားရှင်းပြရန်ဖြစ်သည်။ သာသနာအုပ်စုအတွင်း အဆိုပါရောဂါမျိုးခံစားရုန်းကန်နေကြ ရသူများအား ၄င်းတို့အနေဖြင့်မျှော်လင့်ချက်ကင်းမဲ့သူများမဟုတ်။ ဆွေးနွေး၍အကြံဉာဏ်များရယူနိုင် သောနေရာတစ်နေရာရှိသည်ကိုလည်းခံစားစေလိုသည်။ အဆုံးစီရင်သွားသောသူများကြောင့်ထိခိုက်ခံ စားနေရသူများအားလည်း အားပေးနစ်သိမ့်ပေးမည်။ မိမိကိုယ်ကိုသတ်ရန်ကြံစည်ခဲ့သော်လည်းမအောင် မြင်ခဲ့သူများအားလည်း ၄င်းတို့အတွက်သာသနာကြီးရှိနေကြောင်း၊ သာသနာကြီးဆီအရောက်သွားရန်၊ ၄င်းတို့သည် စွန့်ပစ်ခံ၊ မေ့လျော့ခံများမဟုတ်။ အချစ်ခံရသူများ၊ ဂရုစိုက်ခံရသူများဖြစ်ကြောင်း သိရှိခံ စားစေလိုသည်။ သာသနာ၏နေရာ (၁၅) ခုတွင် ရောဂါခံစားနေရသူများ လွှတ်လပ်စွာမိမိတို့ခံစားချက် ကိုပုံမှန်ရင်ဖွင့်ပြောဆိုနိုင်ရန်စီစဉ်ထားပေးမည်။ ဤသို့ဖြင့်အချင်းချင်းကူညီဂရုစိုက်ရာရောက်သည်။

ရုံးခန်းသည် ကြား၀င်ကူညီချိပ်ဆက်ပေးခြင်းကိုတိုးမြှင့်လုပ်ဆောင်မည်။ စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားနေရသူများ၏အသံကို အများကြားသိ သတိထားမိလာအောင်ကူညီပေးမည်။ စိတ်ပိုင်းဆိုင်ရာခံစား နေကြရသူများသည် ကျွန်ုပ်တို့ဆွေးနွေးမှုအားလုံး၏ထိပ်ဆုံးတွင်ထားရှိရေးကိုလည်း တောင်းဆိုသွား မည်ဖြစ်ကြောင်း ဆရာတော်ကပြောကြားခဲ့သည်။ သာသနာမှဘုန်းကြီးများ၊ ဉီးပဥ္စင်းများ၊ စိတ်ပိုင်းဆိုင် ရာရှေ့ဦးသူနာပြုစုနိုင်သည့် ဆေးဗူးတစ်ခုကိုလည်းစီစဉ်ဆောင်ရွက်ပေးမည်။ သို့မှသာ အရေးပေါ်အကူ အညီတောင်းခံလာသည့်အခါ အသင့်ကူညီပေးနိုင်မည်ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy SW News

https://bit.ly/3UqH65G

Add new comment

14 + 5 =