အမေရိကန်ပြည်ထောင်စု၌ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဓားထိုးခံရပြီးပျံလွန်

အမေရိကန်ပြည်ထောင်စု၌ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးဓားထိုးခံရပြီးပျံလွန်

ဓားထိုးခံရ၍ပျံလွန်သောဘုန်းတော်ကြီး၏အမည်ကား ဖာသာရ် Stephen Gutgsell ဖြစ်သည်။ သူသည်တနဂ်နွေနေ့နံနက် Omaha ဂိုဏ်းချုပ်သာသနာ၊ Nebraskaမြို့ရှိ Fort Calhoun စိန့်ဂျွန်ဘက်တ္တစ်ကျောင်းတိုက်၌နေနေစဉ်အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဓားထိုးမှုဖြစ်ပွားပြီးနောက် ဆေးရုံသို့ချက်ချင်းတင်ပို့ခဲ့ရာအဆိုပါဓားဒဏ်ရာဖြင့် ပျံလွန်သွားခဲ့သည်။ ပျံလွန်သွားသောဘုန်းတော်ကြီး၊ ပူဆွေးကြေကွဲနေသောမိသားစု၀င်နှင့်သာသနာအုပ်စုမှဘာသာတူများအတွက်ဆုတောင်းပေးကြပါရန်ဂိုဏ်းချုပ်သာသနာ၏ ကြေညာချက်ထဲ၌ဖော်ပြထားသည်။

ဖုန်းဖြင့်အကြောင်းကြားလာ၍ သတင်းရလျင်ရခြင်းအခင်းဖြစ်ရာဆီသို့ရဲများက နံနက် (၅) တွင်ရောက်ရှိလာခဲ့သည်။ Fort Calhoun မှကူညီကယ်ဆယ်ရေးအဖွဲ့မှချက်ချင်းဆေးရုံသို့တင်ပို့ခဲ့သော်လည်းအချိန်မမှီလိုက်ပေ။ ပြစ်မှုကျူးလွန်သူဟုသံသယရှိသူမှာ အသက် (၄၃) နှစ်ရှိသော Kierre L. Williams ဆိုသူဖြစ်ပြီး သူသည် Iowa ပြည်နယ်၊ Sioux မြို့မှဖြစ်သည်။ အဘယ်ကြောင့်ယခုကဲ့သို့ ဓားထိုးတိုက်ခိုက်ခဲ့သည်ကိုမူ ရဲဖက်မှလည်းထုတ်ပြန်ထားခြင်းမရှိသေးပေ။ သူ့အားရဲများက ဖမ်းဆီးထိန်းသိမ်းထားသည်။

စိန့်ဂျွန်သာသနာအုပ်စုသည် မကြီးလှပေ။ Omaha ဂိုဏ်းချုပ်သာသနာအောက်ရှိသာသနာအုပ်စုတစ်ခုဖြစ်သည်။ ကက်သလစ်အိမ်ထောင်စု (၂၅၀) ခန့်သာရှိသောသာသနာအုပ်စုငယ်တစ်ခုဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/36Wad
 

Add new comment

1 + 14 =