အမုန်းစကားတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးကို ကျွန်ုပ်တို့ တရားတော်တွေနဲ့ ဖြိုခွင်းကြရအောင်

အာဗီအေ နှစ်(၅၀)ပြည့် ရွှေစင်ဂျူဗလီအခမ်းအနားကျေးဇူးတင်တရား၌ ဆရာတော်ကြီးမာကုတင်ဝင်းဟောကြားခဲ့သော သြ၀ါဒ

ဆရာတော်ကြီးမာကုတင်ဝင်းမှ သြ၀ါဒ တရားရေအေးတိုက်ကျွေးရာ၌  “ အာဗီအေမှာ လုပ်ဆောင်နေသူအားလုံးဟာ သာသနာပြုလုပ်ငန်းကိုလုပ်ဆောင်နေတဲ့အထဲမှာ ပါဝင်နေပါလားဆိုကို တွေးပြီး အားရ နှစ်သိမ့်နိုင်ရမယ်။ယနေ့ခေတ်မှာ ဘယ်လိုနေရာကိုပဲကြည့်ကြည့် သတင်းကောင်းတွေဟာရှားလာပြီး မကောင်းတဲ့ သတင်းတွေကို မနက်မိုးလင်း ဖုန်းဖွင့်လိုက်တာနဲ့ ကြားနေရတဲ့အခါ ကျွန်ုပ်တို့ရဲ့ စိတ်တွေဟာ  အဲ့ဒီလို အပျက်တရားတွေကြားမှာ ပြည့်နေပြီလား ။ ဒီနေ့ အာဗီအာဟာ မနက်လင်းတာနဲ့ ဘုရားသခင်ရဲ့ တရားတော်ကို လွှင့်ထုတ်ပေးနေတယ် ။သခင် ခရစ် တော်နဲ့မိမိနဲ့ပေါင်းစပ်နိုင်ရအောင်၊အာဗီအေကသင်တို့ဆီကိုသယ်ဆောင်ပေးနေတယ်။ယနေ့ခေတ်မီဒီယာမှာအမုန်းစကားတွေ၊ဝေဖန်စော်ကားခြင်းတွေ၊သိက္ခာချခြင်းတွေ၊စွပ်စွဲခြင်းတွေ ၊ နဲ့ပြည့်နေတယ်။အဲ့လို လူတွေထဲမှာ ကျွန်ုပ်တို့တတွေ မပါဝင်ဖို့ အရေးကြီးတယ်။ ဒီနေ့လို ဂျူဗလီပွဲကျင်းပတဲ့အခါမှာ ကျွန်ုပ်တို့တတွေလည်း ကောင်းမြတ်တဲ့အရာတွေကိုဖြည့်ထားရမှာဖြစ်တယ်။ရဟန်းမင်းကြီးဖရန်စစ်ပြောကြားခဲ့တာက သင်တို့အားလုံး ဝေဖန်ခြင်း ၊ အပြစ်တင်ခြင်း၊ တွေမှာပဲအားရမနေဘဲနဲ့ စွဲလန်းမနေဘဲနှင့် အမှန်နှင့်အမှားကို သိရှိပြီး ကောင်းမြတ်တဲ့ အရာများနှင့် တုန့်ပြန်ကာ အမုန်းတရားများ ကို ကောင်းမြတ်ခြင်းဖြင့် တုန့်ပြန်ရန် ကျွန်ုပ်သင်တို့ကို အားပေးတိုက်တွန်းပါတယ်လို့ ပြောကြားထားပါတယ်။ ဒါကြောင့် အမုန်းစကားတွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးကို ကျွန်ုပ်တို့ တရားတော်တွေနဲ့ ဖြိုခွင်းကြရအောင် ။ ကျွန်ုပ်တို့ရဲ့ အမှန်တရားတွေနဲ့ သခင်ခရစ်တော်ရဲ့အသက်ပေးတဲ့နှုတ်ကပတ်တော်နဲ့ ပြန်လည်ပြီး ရင်ဆိုင်ကြရအောင်။အားအင်အပြည့်နဲ့ပိုမိုပြီး သာသနာပြုကြရအောင်။” ဟု သြ၀ါဒတရားရေအေးကို တိုက်ကျွေးခဲ့ပါသည်။

Add new comment

6 + 7 =

Please wait while the page is loading