အင်ဒိုနီးရှား သာသနာရေးဝန်ကြီးက ပါပါးဖရန်စစ်အားအင်ဒိုနီးရှားသို့ လာရောက်လည်ပါတ်ရန် ဖိတ်ခေါ်

အင်ဒိုနီးရှား သာသနာရေးဝန်ကြီးက ပါပါးဖရန်စစ်အားအင်ဒိုနီးရှားသို့ လာရောက်လည်ပါတ်ရန် ဖိတ်ခေါ်

အင်ဒိုနီးရှား သာသနာရေးဝန်ကြီးက ပါပါးဖရန်စစ်အားအင်ဒိုနီးရှားသို့ လာရောက်လည်ပါတ်ရန် ဖိတ်ခေါ်

 

ပါပါးဖရန်စစ်ကို မိမိတို့နိုင်ငံသို့ ဖိတ်ခေါ်ရန် အတွက် ရောမသို့သွားရောက်မည့်ခရီးစဉ်ကို အင်ဒို သာသနာရေးဝန်ကြီး Yaqut Cholil Quomas က ကြေငြာခဲ့ပါတယ် ။

အင်ဒိုနီးရှားအရှေ့ပိုင်း Ambon မြို့မှာ ဧပြီ၂၃ ရက်နေ့က ပြုလုပ်သည့် ညီလာခံအတွင်း ဂိုဏ်းချုပ် ဆရာ တော် Pietro Pioppo နှင့် ဆရာတော်သစ် SennonNeutra ထံသို့ အင်ဒိုနီးရှား သာသနာရေး ဝန် ကြီးက သတင်းစကား ပေးပို့ခဲ့တာပါ။ ထို့ပြင် ဝန်ကြီး Qoumasက လူထုကိုလည်း ကြေငြာပေးခဲ့ပါတယ် ။ပါပါးကို ဖိတ်ခေါ်ရာမှာ အရေးကြီးလုပ်ဆောင်စရာ များစွာကိုလည်း သူက ဖော်ပြထား ပါသေး တယ်။

"ဦးစွာပထမ ကာသီဒြယ်အသစ်ကို ကျွန်းစုမြို့တော် ကာလီမန်တန်မှာ တည်ဆောက်လို ကြောင်း ပါပါး ကို သတင်းစကားပါးလိုပါတယ်၊ ဒီကိစ္စအတွက် ဒေသတွင်းဂိုဏ်ချုပ်သာသနာဖြစ်တဲ့ Yustinus Harjosusanto နဲ့ အတူလက်တွဲလုပ်ဆောင်နေကြောင်း လည်း" ပြောကြားခဲ့ပါတယ် ။

Nusantara သည် ၂၀၂၄ခု မှာ နိုင်ငံ့မြို့တော်ဖြစ်လာမည်ဖြစ်ပြီး ၁၉၄၅ ကတည်းက မြို့တော်ဖြစ်သည့် ဂျကာတာ နေရာတွင် အစားထိုးမည်ဖြစ်သည်။

"ဒုတိယ အနေနှင့် "ယေဇူးခရစ်တော်ဟူသည့် အသုံးနှုံးအစား ခရစ်တော် ဟု သုံးနှုံးရန် ပြန်လည် စဉ်းစား ပေးပါရန် သာသနာရေးဝန်ကြီးဌာနအနေနှင့် တင်ပြ တောင်းဆိုလိုပါကြောင်း" တောင်းခံရခြင်းမှာလည်း အင်ဒိုနီးရှား ခရစ်ယာန်အသိုင်းဝိုင်း​၏ ဆန္ဒပင်ဖြစ်ကြောင်း"ပြောဆိုပါတယ်။

၂၀၂၀ စက်တင်ဘာလတုန်းက အင်ဒိုနီးရှားနဲ့ အရှေ့တီမော နိုင်ငံတွေကို ပါပါးလာရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ကိုဗစ်-19 ကပ်ဘေးကြောင့် ဖျက်သိမ်းခဲ့ရတာပါ။

ဗာတီကန်ဆိုင်ရာ အင်ဒိုနီးရှားသံအမတ် Jinangkung ရဲ့ တန်ဖိုးရှိတဲ့ဒီခရီးစဉ်အတွင်းမှာပဲ အင်ဒိုနီးရှားရဲ့ တိုးတက်မှုများကို တင်ပြရင်း ပါပါးရဲ့ အင်ဒိုနီးရှားခရီစဉ် အထမြောက်ရေးကိုလည်း တင်ပြခဲ့ပါတယ်။ Covid-19 ကို အမြန်ဆုံးကျော်လွှားပြီး သာမန်လူမှုဘဝ နေထိုင်မှု့ပုံစံသို့ ပြန်ရောက်ရေးအတွက် လည်းဆန္နပြုခဲ့ပါတယ်။

သမ္မတဂျိုကို ဝီဒိုဒိုနဲ့ တွေ့ဆုံးရုံသာမကပဲ ပါပါးရဲ့မူလအဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ရေး ကိုလည်း လုပ်ဆောင်ရန်ဖြစ်ပါတယ်။

အင်ဒိုနီးရှား ကက်သလစ်ဆရာတော်များ ဥက္ကဌ ဆရာတော် Ignatius ကာဒီနယ် Suharyo ပြောပြ ချက်အရ အဓိကရည်ရွက်ချက် ၂ ခုမှာ ဘာသာပေါင်းစုံ နှီးနှောဖလှယ်ရေးနှင့် စီးပွားရေးအနိမ့်ကျဆုံး အပါယ် ခံအုပ်စုများအတွက်ပဲဖြစ်ကြောင်း

ပါပါး ဒုတိယမြောက်ယောဟန်ပေါလု သည် အင်ဒိုနီးရှားသို့ လွန်ခဲ့သော ၁၉၈၉ ခုနှစ် အောက်တိုဘာ၉ မှ ၁၄ ထိ လာရောက်လည်ပါတ်ခဲ့ဖူးကြောင်း၊

အင်ဒိုနီးရှားနိုင်ငံသည် မွတ်ဆလင် လူဦးရေအများဆုံး ဒီမိုကရက်တစ် နိုင်ငံတခု ဖြစ်ပြီး အခြေခံ ဥပဒေ အရ လူတိုင်းမိမိယုံကြည်ရာကို ကိုယ်ပိုင်ခွင့်ပေးထားပါတယ်၊ ဖြည့်ဆွက်ချက်ကတော့ အင်ဒိုနီးရှား အစိုးရသည် ဘုရားတဆူတည်းဟူသည့် ယုံကြည်ချက်အပေါ် ဖွဲ့စည်းတည်ထောင်ရမည် ဖြစ်သည်။

အင်ဒိုနီးရှား လူဦးရေ​၏ ၈၇% သည် မွတ်ဆလင်များဖြစ်ပြီး ၉.၈၇% သည် ခရစ်ယာန် ဘာသာဝင် ၁.၆၉% သည် ဟိန္နုဘာသာဝင် ၀.၇၂% သည် ဗုဒ္ဓ ဘာသာဝင်နှင့် ၀.၅၆% သည် ဘာသာအယူဝါဒ မရှိသူများ ဖြစ်ကြသည်ဟုဆိုသည်။

 

အာဗီအေဘာသာပြန်-မာကုစ်ညီညီထွန်း

https://bit.ly/3vthjiU

 

 

Add new comment

4 + 11 =