အင်ဒိုနီးရှား မြို့တော်ဝန်သည် ပုပ်ရဟန်းမင်းကြီးနှင့် ဗာတီကန်တွင် တွေ့ဆုံရန်ရှိ

အင်ဒိုနီးရှား မြို့တော်ဝန်သည် ပုပ်ရဟန်းမင်းကြီးနှင့် ဗာတီကန်တွင် တွေ့ဆုံရန်ရှိ

အင်ဒိုနီးရှား မြို့တော်ဝန်သည် ပုပ်ရဟန်းမင်းကြီးနှင့် ဗာတီကန်တွင် တွေ့ဆုံရန်ရှိ

 

ပါပါးဖရန်စစ်သည် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားဒေသ မြို့တော်ဝန် Ridwan Kamil နှင့် တွေ့ဆုံမည် ဖြစ်သည်။

Bandung ဆရာတော် Antonius Subianto Bunjamin က မြို့တော်ဝန် Kamil နှင့် သွားရောက် တွေ့ဆုံစဉ် သူမှ လူထုသို့ ထုတ်ဖော်ပြောပြ ခဲ့ခြင်းဖြစ်သည်။

မြို့တော်ဝန် Kamil က " နိုင်ငံရပ်ခြား တာဝန်များ လုပ်ဆောင် နိုင်ရန်အတွက် ခွင့်ပြုချက် ရနိုင်ရန် ကျွန်တော် တောင်းခံခဲ့ပါတယ် ၊ဗာတီကန် သို့ သွားရောက်မည့် လုပ်ငန်းစဉ်များ အနက် ပုပ်ရဟန်း မင်းကြီးနှင့် တွေ့ဆုံရန် မှာလည်း အစီအစဉ်တရပ်ပင်ဖြစ်ကြောင်း" မေလ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။

အနောက်ဂျာဗား ၌လုပ်ဆောင်နေသော Ulama( အစ္စလာမ်ဘာသာရေးခေါင်းဆောင်) အင်္ဂလိပ် အစီအစဉ် လုပ်ဆောင်နေပုံကို ကြိုက်နှစ်သက်ကြောင်း ရဟန်းမင်းကြီးမှ ပြောကြားခဲ့ကြောင်း Kamil က ပြောသည်။

ဤအစီစဉ် သည် လူသားတို့​၏တန်ဖိုးနှင့် သည်းခံခြင်းစိတ် ကို အထောက်အပံ့ပြုကြောင်း Kamil မှ ထပ်ဖြည့်ပြောခဲ့ပါတယ်။ ထို့အပြင် Ulama အတွက် အင်္ဂလိပ် အစီစဉ်သည် ကမ္ဘာ့ အသိုင်းအဝိုင်းတွင် ကောင်းမွန်ကြောင်း အသိမှတ်ပြုခံရပြီး ဗာတီကန်မှ ဖိတ်ခေါ်မှုရရှိခြင်း ဖြစ်ကြောင်း မြို့တော်ဝန်မှ ဆိုပါတယ်။

အင်ဒိုနီးရှား ဆရာတော်ကြီးများ အဖွဲ့ချုပ် အတွင်းရေးမှူး ဆရာတော်ကြီး Bunjaman သည် ဗာတီကန်​၏ ဖိတ်ခေါ်မှုကို လူသိထင်ရှား မကြေငြာမီ မြို့တော်ဝန် နှင့် အရင်တွေ့ဆုံ ပြောကြားခဲ့သည်။သာသနာ့ အကြီးကဲများ အနေနှင့်လည်း အစိုးရ​၏ ကြိုးပမ်းချက်ဖြစ်သည့် အင်ဒိုနီးရှားတွင် အထူးသဖြင့် အနောက်ဂျာဗားဒေသ၌ သာသာတရားများအကြား စည်းလုံးညီညွတ်မှူ့ ရှိစေရန် ကြိုးစား အားထုတ်မှူကို နှစ်သက်ကြသည်။

ဆရာတော်ကြီး ​၏ အခိုင်မာ ယုံကြည်ချက်မှာ မြို့တော်ဝန်နှင့် ဗာတီကန် တွေ့ဆုံ မှု သည် အနောက် ဂျာဗားဒေသတွင် ဘာသာတရား အားလုံးအတွက် ငြိမ်းချမ်းရေးကို မြှင်တင်ပေးမည် ဟု ပင်ဖြစ်ပါတယ်။

Bandung သည် ဂျာဗားကျွန်း​၏ အနောက်ပိုင်း ဒေသရှိ ပြည်နယ် တခုတွင်တည်ရှိပြီး ပြည်နယ်​၏ မြို့တော်လည်း ဖြစ်သည်။ အနောက်ဂျာဗားပြည်နယ်​၏ အနောက်ဖက် တွင်ရှိသည့် နိုင်ငံ​၏ မြို့တော် ဂျကာတာမှ ၁၅၁.၃၅ ကီလို မီတာ ကွာဝေးသည်ဟုဆိုသည်။

 

အာဗီအေဘာသာပြန်-မာကုစ် ညီညီထွန်း

https://bit.ly/3MDfaqV

 

Add new comment

10 + 0 =