အင်ဒိုနီးရှားမှကက်သလစ်လူငယ်တစ်ဦး (၂၀၂၂) ခုနှစ်၏မလေးရှားမယ် သရဖူဆောင်းခွင့်ရ

အင်ဒိုနီးရှားမှကက်သလစ်လူငယ်တစ်ဦး (၂၀၂၂) ခုနှစ်၏မလေးရှားမယ် သရဖူဆောင်းခွင့်ရ

အင်ဒိုနီးရှားနိုင်ငံ၊ Sulawesi မြောက်ပိုင်းမှကက်သလစ်လူငယ်တစ်ဦးသည် (၂၀၂၂) ခုနှစ်၏ အင်ဒို နီးရှားနိုင်ငံ၏ ‘မယ်’ အဖြစ်သရဖူဆောင်းနိုင်ခဲ့သည်။ သူကား အသက်အရွယ် (၂၂) သာရှိသေးသော Audrey Vanessa Susilo ဟုခေါ်သူ ကက်သလစ်လူငယ်တစ်ဦးဖြစ်သည်။ သူသည် Sulawesi ၏မြောက်ပိုင်း Manado သာသနာမှဖြစ်သည်။ သူသည် (၂၀၂၂) ခုနှစ်အင်ဒိုနီးရှားမယ်အဖြစ် ပြည်နယ်အသီးသီးမှမယ် (၃၆) ဦးအားယှဉ်ပြိုင်အနိုင်ရခဲ့ခြင်းဖြစ်သည်။

အဆိုပါပြိုင်ပွဲကို လောလောလတ်လတ် စက်တင်ဘာ (၁၅) ရက်နေ့က နိုင်ငံ၏မြိုတော်တွင်ကျင်းပခဲ့သည်။ သူသည် ဘာသာရေး၌လည်းအလွန်တက်ကြွလှုပ် ရှားသူဖြစ်ပြီး ‘ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား’ သာသနာအုပ်စု၌ဆက်ကပ်လျှက်ရှိပြီး၊ ကက်သလစ်သာသနာ ၏သန့်ရှင်းသော၀ိညာဉ်တော်အဖွဲ့၌လည်းပါ၀င်သူဖြစ်သည်။

သူသည် Sulawesi မြောက်ပိုင်းခရိုင်ကိုကိုယ်စားပြုယှဉ်ပြိုင်ခဲ့သည်။ (၂၀၂၁) ခုနှစ်ကမူ ကိုးဗစ် ကြောင့်ပွဲစဉ်ရွေ့ဆိုင်းခဲ့ရသည်။ သူ၏ဘာသာတရားကိုင်းရှိုင်းမှုနှင့်အလုပ်ကြိုးစားမှုသည်အချည်းနှီးမဖြစ် ခဲ့ပေ။ သူသည် (၂၀၂၂) အင်ဒိုနီးရှားမယ်သရဖူကိုဆောင်းခွင့်ရခဲ့သည်။ သူ၏အောင်မြင်ခြင်းကား ကက် သလစ်ဘာသာ၀င်သည် နိုင်ငံအတွင်းလူနည်းစုဖြစ်သော်လည်း အရည်အချင်းဖြင့်ယှဉ်ပြိုင်နိုင်ကြောင်း၊ ဤသို့ဖြင့် သာသနာအတွက်လည်းကောင်း၊ နိုင်ငံအတွက်လည်းကောင်း အကောင်းဆုံးပေးဆက်နိုင် သည့်သက်သေကောင်းတစ်ခုဖြစ်သည်။ မာသာရ်ထရီးဇာ၏အဆိုအမိန့်သည်သူ့ကို အင်အားဖြစ်စေခဲ့ ကြောင်း ဤပြိုင်ပွဲ၏အဆုံးအဖြတ်အတွက် နောက်ဆုံးမေးခွန်း၌ကိုးကားဖြေဆိုခဲ့သည်။ အဆိုပါအဆိုအ မိန့်သည်သူ၏ ဆောင်ပုဒ်အဖြစ်ထားရှိကြောင်းကိုလည်းဖြေကြားခဲ့သည်။ ထိုဆောင်ပုဒ်မှာ ‘Not all of us can do great things. But we can do small things with great love’ (ကျွန်ုပ်တို့အားလုံးသည် ကြီးမားသော အမှုကိုလုပ်နိုင်ကြသည်မဟုတ်။ သို့သော် သေးငယ်သောအမှုကို ကြီးမားသောစိတ်ထားဖြင့်ပြုလုပ်နိုင် သည်) ဟုဖြစ်သည်။

ဘုရားကျောင်းနှင့်ဆိုင်သောအစီအစဉ်များ၌တက်ကြွသူပီပြီ သူသည်သဘာ၀ကိုလည်းအလွန်ချစ် သူဖြစ်သည်။ သူသည် သဘာ၀ပတ်၀န်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်သူဟုလည်း လူသိများသည်။ သူ ၏ဘ၀၌အောင်မြင်မှုများစွာရရှိထားသည်။ ၄င်းတို့အနက် ယခုပိုင်ဆိုင်လိုက်ရသော (၂၀၂၂) ‘မယ်’ သရဖူ လည်းပါသည်။ သူသည်နှိမ့်ချသူဟုလည်းသိကြပြီး အရည်အသွေးများစွာပိုင်ဆိုင်သူလည်းဖြစ်သည်။ သူ သည် ဩစတေးလျားနိုင်ငံ Monash တက္ကသိုလ်၏ ပညာတော်သင်ထောက်ပံ့ကြေးအပြည့်အ၀လည်းရရှိ ထားသူဖြစ်သည်။ သူ၏မိဘများမှာလည်း ဘုရားကျောင်းနှင့်ဆိုင်သောအမှုကိစ္စများ၌ တက်ကြွသောဘာ သာတူ များဖြစ်ကြသည်။ သူ၏မိသားစုသည် အင်ဒိုနီးရှားမြောက်ပိုင်း Sulawesi ခရိုင်၊ Manado သာသနာ၊ Malalayang စိန့်ထရေးဇာသာသနာအုပ်စုမှဖြစ်သည်။ ဖခင်ဖြစ်သူမှာ ခရိုင်အကြီးအကဲဖြစ်သည်။

သူသည် (၂၀၂၂) ၏အင်ဒိုနီးရှားမယ်ဖြစ်၍ လာမည့် (၂၀၂၃) ခုနှစ်တွင်ကျင်းပမည့် ကမ္ဘာ့မယ် ပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြုပါ၀င်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယခုကဲ့သို့သရဖူဆောင်းခွင့်ရလိုက်ခြင်းသည် အခြားသူများစွာကို အသိများ၀င်လာစေခဲ့သည်။ အထူးသဖြင့် အင်ဒိုနီးရှားကက်သလစ်လူငယ်များဖြစ် သည်။ စိန်ခေါ်မှုများဖြစ်သော အမေ့ခံလူနည်းစုဖြစ်နေစေကာမူ ယုံကြည်ခြင်း၌မြဲမြံခိုင်ခန့်၍ အကောင်း ဆုံးကြိုးစားလျှင် သာသနာအတွက်၊ နိုင်ငံအတွက်အကောင်းဆုံးပေးစွမ်းနိုင်ကြောင်း အသိများရရှိစေခဲ့ သည်။

အင်ဒိုနီးရှာသည် ကမ္ဘာ့လူဦးရေအထူထပ်ဆုံး စတုတ္ထနိုင်ငံဖြစ်သည်။ နိုင်ငံ၏လူဦးရေမှာ (၂၇၀) သန်းရှိပြီး၊ (၈၄) ရာခိုင်နှုန်း (သို့) ၂၂၉) သန်းမှာ မွတ်စလင်ဘာသာ၀င်များဖြစ်သည်။ (၁၆) ရာခိုင်နှုန်းမှာ နိုင်ငံတော်မှ အသိအမှတ်ပြုထားသော အခြားဘာသာ (၄) ခုပူးပေါင်းထားသောနိုင်ငံဖြစ်သည်။ ၄င်းတို့ အနက် (၁၀) ရာခိုင်နှုန်းခန့်မှာ ကက်သလစ်ဘာသာတူများဖြစ်ကြသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3eY3R0J

Add new comment

6 + 8 =