ဟောင်ကောင်သာသနာအနေဖြင့် ကက်သလစ်တက္ကသိုလ်ရရှိရန်လက်တစ်ကမ်းသာလို

ဟောင်ကောင်သာသနာအနေဖြင့် ကက်သလစ်တက္ကသိုလ်ရရှိရန်လက်တစ်ကမ်းသာလို

ဟောင်ကောင်ကက်သလစ်သာသနာသည် ကက်သလစ်တက္ကသိုလ်ရရှိရန် လက်တစ်ကမ်းသာလိုတော့သည်။ နိုင်ငံတော်အစိုးရသည် ကက်သလစ်သာသနာကဦးစီးသော အဆင့်မြင့်ပညာရေးကိုအား ပေးသည့်အနေဖြင့် တက္ကသိုလ်အဆင့်သို့တိုးမြင့်ပေးရန်စီစစ်နေပြီဖြစ်သည်။ ဒေသသတင်းစာတစ်စောင်ဖြစ် သော Daily Chinese နေ့စဉ်သတင်းစာ၏ခေါင်းကြီးပိုင်း၌ ဟောင်ကောင်နိုင်ငံ၏ပညာရေးနှင့်အသက်မွေး ၀မ်းကျောင်းပညာရပ်ဆိုင်ရာစီစစ်ရေးအဖွဲ့ ( Hong Kong Council for Accreditation of Academic and Vocational Qualifications (HKCAAVQ) က ကာရီတာ့စ်မှဦးစီးသော အဆင့်မြင့်ပညာရေးစီမံချက် ( Caritas Institute of Higher Education (CIHE) အားတက္ကသိုလ်အဆင့်သို့တိုးမြင့်ပေးရန်မီးစိမ်းပြထားကြောင်းဖြင့်ဖော်ပြထားသည်။

ဟောင်ကောင်၏ပညာရေးဆိုင်ရာစီစစ်ရေးအဖွဲ့သည် ပညာရေးလုပ်ငန်းများ၊ အသက်မွေး ၀မ်းကျောင်းဆိုင်ရာသင်တန်ကျောင်များ၊ ကျွမ်းကျင်မှုများကိုပို့ချပေးသောသင်တန်းကျောင်းများအားစီစစ် ၍တက္ကသိုလ်အဆင့်အထိတိုးမြှင့်ခြင်းတို့ကိုလုပ်ခွင့်ပေးထားသည်။

ကာရီတာ့စ်အနေဖြင့် အလယ်တန်းလွန်ဘာသာရပ်များကို ကျောင်းသား (၃၈) ဦးအားပေးနိုင်ခဲ့ပြီဖြစ်သည်။ သင်တန်းကျောင်းအနေဖြင့် ဆက်လက်၍ လူမှုရေးသိပ္ပံနှင့်နည်းပညာဆိုင်ရာဘာသာရပ် များကိုလည်းတိုးချဲ့သင်ကြားသွားမည်ဖြစ်သည်။ လက်ရှိ၌ကျောင်းသား (၂၅၀၀) ဦးရှိသည်။ ဤကျောင်းအား တက္ကသိုလ်အဆင့်သို့တိုးမြှင့်နိုင်ရန်တစ်ခုတည်းသောအခက်အခဲမှာ ဟောင်ကောင်ပညာရေး၀န်ကြီး John Lee ၏ပဏမခွင့်ပြုချက်ရရှိရေးပင်ဖြစ်သည်။ ထိုခွင့်ပြုချက်ရရှိပြီးသည်နှင့်ဤကျောင်းသည် ဟောင် ကောင်၏တတိယတက္ကသိုလ်ဖြစ်လာမည်ဖြစ်သည်။ ကျန်တက္ကသိုလ်နှစ်ခုမှာ Shue Yan University (HKSYU or SYU) နှင့် Hang Seng ( HSUHK) တို့ဖြစ်ကြသည်။

ဟောင်ကောင်ကာဒီနယ်ဖြစ်လာသော ဆရာတော် Stephen Chow သည် ဟောင်ကောင်ရှိ ဂျက်ဆွီစ်ပညာရေးကျောင်း၏တာ၀န်ခံအဖြစ်အမှု ထမ်းနေစဉ်ကပင် ကက်သလစ်တက္ကသိုလ်ဖွင့်လှစ်နိုင်ရေးကိုမှန်းမျှော်တွေးဆနေခဲ့သည်။

ထိုသို့တိုးမြှင့်နိုင်ရန်မှာ ဦးစွာလိုအပ်သောနေရာအကျယ်အ၀န်းနှင့်အဆောက်အဦးများကို Fanling ၌ရရှိနိုင်ရန်ရှာဖွေ၍တည်ဆောက်ရဦးမည်။ Fanling သည် တရုတ်ပြည်မနှင့်နယ်နိမိတ်ချင်းထိ စပ်နေသောနေရာဖြစ်သည်။ သို့သော် ထိုစဉ်ကမြို့တော်သာယာစည်ပင်ရေးအကြောင်းပြ၍ ငြင်းပယ်ခံခဲ့ရသည်။ ဟောင်ကောင်ဆရာတော်ဖြစ်လာသောအခါ ဆရာတော်သည် ထိုစဉ်ကရှိခဲ့သောစိတ်ကူးကိုပြန်လည် ဖော်ဆောင်ခြင်းဖြစ်သည်။

CIHE အားတက္ကသိုလ်အဆင့်သို့တိုးမြှင့်ပေးရန်လုပ်ဆောင်ခြင်းသည် ဟောင်ကောင်ရှိကက်သလစ်သာသနာတော်ကြီးသော်လည်းကောင်း၊ ကောင်ကောင်နိုင်ငံအတွက်သော်လည်း ကောင်းသမိုင်းမှတ်တိုင်ကောင်းတစ်ခုကိုစိုက်ထူနိုင်ခြင်းဖြစ်ပေမည်။ ထို့အတူ ဗာတီကန်နှင့်တရုတ်အစိုးရကြား ယခုထက်မကအပြုသဘောဆောင်သောဆက်ဆံရေးများတိုးမြင့်ရရှိလာနိုင်ရန်ကိုလည်းမျှော်လင့်လျှက်ရှိသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bitly.ws/XCA8

Add new comment

6 + 6 =