ဟောင်ကောင်ခရစ်ယာန်များသည် 'ကောင်းမှုကိုသာပြု၍တရားမျှတခြင်းကိုအတူတကွဖွေရှာကြမည်' ဟုကတိသစ္စာပြု

ဟောင်ကောင်ခရစ်ယာန်များသည် 'ကောင်းမှုကိုသာပြု၍တရားမျှတခြင်းကိုအတူတကွဖွေရှာကြမည်' ဟုကတိသစ္စာပြု

ဟောင်ကောင်မှခရစ်ယာန်အဖွဲ့အစည်းများစုပေါင်း၍ ခရစ်ယာန်များစည်းလုံးညီညွှတ်မှုရှိစေရန်ဆုတောင်းသောရက် သတ္တပတ်၌ ကြေညာချက်တစ်စောင်ထုပ်ခဲ့သည်။ ထိုကြေညာချက်၌ အတူတကွကြီးထွားခြင်းနှင့်တရားမျှတခြင်းကိုအတူတကွရှာဖွေခြင်းကိုဇောက်ချလုပ်ဆောင်ရန်သံဓိဌာန်ချမှတ်ခြင်းဖြစ်သည်။ အဆိုပါအဖွဲ့ထဲ၌ ဟောင်ကောင်ကက်သလစ်သာသနာ၏ခရစ်ယာန်များစည်းလုံးညီညွှတ်မှုရရှိရေလုပ်ဆောင်သောကော်မရှင်၊ ဟောင်ကောင်နှင့်အရှေ့တောင်ဩသိုဒေါ့စ်ခရစ်ယာန်အဖွဲ့၊ ဟောင်ကောင်ခရစ်ယာန်များကောင်စီတို့သည် ဇန္န၀ါရီလ (၁၈ - ၂၅) ရက်နေ့အထိစုပေါင်းဆုတောင်းခဲ့ကြသည်။

ကျွန်ုပ်တို့သည် အတိတ်ကအယူအဆအမှားနှင့်စံတန်ဖိုးထားရှိမှုလွဲမှားခဲ့သည်များကိုပြုပြင်ရန်လိုသည်။ ကျွန်ုပ်မှသူတစ်ပါးဆီသို့ဦးတည်ရမည်။ အခြားသူများအားလေးစားတတ်ရန်သင်ကြားရမည်။ လူ့ဂုဏ်သိက္ခာနှင့်လူ့သဘာ၀ လေးနက်စွာဆင်ခြင်ရမည်။ ဂရုစိုက်တတ် သည့်အလေ့အထကိုပျိုးထောင်ရမည်။ အားနည်းသူများ၊ ဖယ်ကျင်ခံရ၊ မေ့လျော့ခံရသူများအတွက်မားမတ်မှန်ကန်စွာထုတ်ဖော်ပြောဆိုရဲရမည်။ ကူညီ၊ ချစ်ခင်ရမည်။ ဆင်းရဲချမ်းသာကွာဟလွန်းမှုကိုလည်းဖြိုချရမည်ဟုကြေညာချက်ထဲ၌ဖော်ပြထားသည်။

ဤအစီအစဉ်၏အဖွင့်ကို ဟောင်ကောင်မှ Sheng Kung Hui, Mong Kok ရှိ 'ရဟန္တာအပေါင်း' အင်္ဂလီကန်ဘုရားကျောင်း၌ ကျင်းပခဲ့သည်။ ထိုနေ့၌ 'ဘုရားသခင် ၏နှုတ်တော်ထွက်' သာသနာပြုဘုန်းတော်ကြီးအသင်းမှဖာသာရ် Joseph Tan Lei-tao က ပရောဖက်အီဇယ (၁း၁၇) မှ 'ကောင်းမှုကိုပြုပါ။ တရားမျှတခြင်းကိုရှာပါ' ဟူသောကျမ်းချက်ဖြင့်‌ေ၀မျှ သွားခဲ့သည်။ သူသည်သူတို့၏အသင်းကိုတည်ထောင်သူ စိန့် Arnold Janssen အားဥပမာပြ၍ ကောင်းမှုပြုသည်ဆိုခြင်းကိုအကျယ်တစ်၀င့်‌ေ၀မျှခဲ့သည်။

တရားမျှတခြင်းကိုရှာဖွေသည် ဆိုရာ၌ ဘုရားသခင်ထံမှပြန်လည်ရရှိမည့်ဆုလာဘ်ကိုဆိုလိုသည်။ ထိုဆုလာဘ်ကား ကျွန်ုပ်တို့၏ထာ၀ရအသက်ဖြစ်သည်။ ဒဏ်ပေးခံခြင်းမဟုတ်ပေ။

အင်္ဂလီကန်အသင်းမှ Reverend Samson Fan Chun-ho နှင့်ဖာသာရ် Paul Tam Wing-ming တို့ကဆုတောင်းခြင်းကိုဦးဆောင်ပေးခဲ့သည်။ ထို့နောက်စုပေါင်းဆုတောင်းခြင်း၌ပါ၀င်ခဲ့ကြသူများအား အစီအစဉ်၏အဓိကထောက်ရှုစေလိုသောတရားဖြစ်သည့် 'ကောင်းမှုပြုပါ။ တရားမျှတခြင်းကိုရှာဖွေပါ' ဟူသောစကားလုံးကို ကျောက်တစ်လုံးပေါ်တွင်ရေးထိုးစေခဲ့သည်။

Nepali ခရစ်ယာန်အသင်းတော်မှ ပါစတာ Baraily Raju ကသူ့အနေဖြင့် 'ကောင်းမှုပြုပါ။ တရားမျှတခြင်းကိုဖွေရှာပါ' ဟုမရေးဘဲ 'ခရစ္စတူးသခင်၌ပိုမိုကောင်းမွန်သောကမ္ဘာကိုဖွေရှာပါ' ဟုရေးထိုးခဲ့ကြောင်း ဟောင်ကောင်ကက်သလစ်စာစောင်တစ်ခုဖြစ်သော Sunday Examiner သို့ဖြေကြားခဲ့သည်။ အဆိုပါကျောက်ပေါ်သို့ ထိုသို့ရေးထိုးခိုင်းခြင်းမှာ ထိုကျောက်အားလာရောက်ကြည့်ရှုရာမှ ဆင်ခြင်ရန်တရားများရရှိစေလို၍ဖြစ်သည်။

ခရစ်ယာန်များစည်းလုံးညီညွှတ်ခြင်းရှိစေရန်ဆုတောင်းသော ရက်သတ္တပတ်အားနှစ်စဉ် စိန့်ပီတာ၏ပလ္လင်တော်ပွဲနေ့ဖြစ်သော ဇန္န၀ါရီလ (၁၈) ရက်နေ့၌အစပြုပြီး စိန့်ပေါလ်၏အကျင့်ပြောင်းလဲခြင်းပွဲဖြစ်သည့် ဇန္န၀ါရီလ (၂၅) ရက်နေ့တွင်အဆုံးသတ်လေ့ရှိသည်။

ပီးမေသာသနာပြုသီလရှင်အသင်းမှ စစ္စတာရ် Anitha Eddula ကအဆိုပါကျောက်ပေါ်တွင် 'ငြိမ်းချမ်းရေး' ဟုရေးထိုးခဲ့ပြီး ထိုစာလုံး၏အောက်၌ လက်၀ါးကပ်တိုင်ပုံရေးဆွဲခဲ့ကြောင်း ဆိုလိုသည်မှာ ခရစ်ယာန်အသင်းတော်များသည် ငြိမ်းချမ်းရေးအတွက်အတူတကွစုစည်းနိုင်စေရန်ရည်ရွယ်သည်ဟုဖြေကြားခဲ့သည်။

အဆိုပါအဆုတောင်းခြင်းအခမ်းအနားသို့ တက်ရောက်သူ (၇၀) ခန့်ရှိခဲ့ပြီး ထိုတက်ရောက်သူများအနက်ကက်သလစ်နှင့်ခရစ်ယာန်ညီအစ်ကိုအသင်းတော်မှဘာသာရေးခေါင်းဆောင်များ၊ အသင်းတော်အသီးသီးမှဘာသာတူများပါ၀င်ခဲ့သည်။
RVA

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3DIjyT4
 

Add new comment

18 + 0 =