ဟီရိုရှီးမား ဆရာတော်ကြီး နှင့် မြို့တော်ဝန် တို့မှ နယူးကလီးယား ဖျက်သိမ်းရေး နှင့် ငြိမ်းချမ်းရေးအတွက် တိုက်တွန်းခဲ့ခြင်း

ဟီရိုရှီးမား နှင့် နာကာဆာကီမြို့ပေါ်သို့ အဏုမြူ ဗုံးချခံရခြင်း ၇၄ နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနား

ဟီရိုရှီးမား ဆရာတော်ကြီး နှင့် မြို့တော်ဝန် တို့မှ နယူးကလီးယား ဖျက်သိမ်းရေး နှင့် ငြိမ်းချမ်းရေးအတွက် တိုက်တွန်းခဲ့ခြင်း
သြဂုတ်လ ၇၊ ၂၀၁၉

ဂျပန်နိုင်ငံရှိ ကက်သလစ် သာသနာတော်မှ ဟီရိုရှီးမား နှင့် နာကာဆာကီမြို့ပေါ်သို့ အဏုမြူ ဗုံးချခံရခြင်း ၇၄ နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ယင်းအခမ်းအနားတွင် ဟီရိုရှီးမား ဆရာတော်ကြီး နှင့် မြို့တော်ဝန် တို့မှ နယူးကလီးယား ဖျက်သိမ်းရေး နှင့် ငြိမ်းချမ်းရေးအတွက် ပိုမိုလုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါသည်။

ဟီရိုရှီးမား နှင့် နာကာဆာကီမြို့​ပေါ်သို့ အဏုမြူ ဗုံးကျဲချခံရခြင်း ၇၄ နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားနေ့မှာ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် အတူတကွပါဝင်ဆုတောင်း ပေးကြသောသူများ အားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်၊ အတိတ်က ခံစားခဲ့ရသည့် နာကျင်ကြေကွဲဖွယ်ရာ အတိတ်ဆိုးများကို အမှတ်ရပြီး နယူးကလီးယား ဖျက်သိမ်းရေး နှင့် ငြိမ်းချမ်းရေးအတွက် အတူတကွ ဆုတောင်းကြဖို့၊ လုပ်ဆောင်ကြဖို့ အရေးကြီးသော အချိန်အဖြစ်ကျွနု​ပ်ခံစားရပါသည်၊ ဆက်လက်ပြီး ဂျပန်နိုင်ငံရှိ ကက်သလစ် သာသနာတော်မှ တစ်​ဆယ်​ရက်တာ ငြိမ်းချမ်းရေးနေ့အဖြစ် သြဂုတ်လ ၆ ရက်မှ ၁၅ ရက်နေ့အထိ သတ်မှတ်ပြီး ဆုတောင်းခြင်းများ ပြုလုပ်ကြဖို့ ကိုလည်း သတ်မှတ်ထားကြောင် ဟီရိုရှီးမား ဂိုဏ်းအုပ်ဆရာတော် အလက်စစ် မစ်စူယူ ရှီရာဟားမား မှ အာရှ သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

မိမိနိုင်ငံတစ်ခုတည်းကိုသာ ဦးစားပေးကြည်ရှု့လုပ်ကိုင်သည့် နိုင်ငံရေး များကြောင့် စစ်လက်နက်များ အပြိုင်အဆိုင် တိုးမြှင့်တပ်ဆင်မှုများ ဖြစ်ပေါ်လာနေသောကြောင့် တစ်ကမ္ဘာလုံးရှိ နိုင်ငံခေါင်းဆောင်များ အဏုမြူ လက်နက် ကင်းစင်သော ကမ္ဘာကြီး အဖြစ် ရောက်ရှိအောင်းကြိုးပန်းကြဖို့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ မြို့တော်ဝန် ကာဇူမီ မက်စူရီ မှ ယင်းအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး မြို့တော်ဝန်မှ အနာဂတ်လူငယ်များ သင်တို့ရဲ့အနာဂတ်မှာ ဤကဲ့သို့ဆိုးဝါးရက်စက်သော စစ်လက်နက်များ ကို ခွင့်မပြုကြဖို့ တိုက်တွန်းလိုပါတယ်၊ တဆက်တည်းမှာပဲ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များကို ဟီရိုရှီးမားနှင့် နာကာဆာကီမြို တို့ကိုလာပြီး အဏုမြူဗုံး ၏ ဆိုးကျိုး မည်မျှပြင်းထန်ကြောင်း လာရောက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါသည်။

၁၉၄၅ ခု သြဂုတ်လ ၆ ရက် နေ့က အမေရိကန်တို့မှ ဟီရိုရှီးမား မြို့ပေါ်သို့ အဏုမြူဗုံး ချ ခဲ့ခြင်းကြောင့် လူပေါင်း တစ်သိန်း လေးသောင်း ခန့်သေဆုံးခဲ့ရပြီး သုံးရက် အကြာ သြဂုတ်လ ၉ ရက်နေ့တွင် နာကာဆာကီမြို ပေါ်သို့ ထပ်မံချခဲ့ခြင်းတွင် လူပေါင်း ခုနှစ်သောင်းခန့် သေဆုံးခဲ့ရကြောင်း သမိုင်းမှတ်တမ်းအရ သိရှိရပါသည်။

ဟီရိုရှီးမား နှင့် နာကာဆာကီမြို့​ပေါ်သို့ အဏုမြူ ဗုံးချခံရခြင်း ၇၄ နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားကို ကျင်းပခြင်းတွင် နိုင်ငံပေါင်း ၉၀ ကျော်မှ ကိုယ်စလှယ်များ တက်ရောက်ခဲ့ပြီး လူဦးရေး ငါးသောင်း ခန့် ပါဝင်ခဲ့ပါသည်။
By Kyi Maung
Photo credits to Vatican News

https://bit.ly/33kcCbi

Add new comment

16 + 2 =