ဟန်ဂေရီသို့တမန်တော်ခရီးကြွရောက်မည့်ပုပ်ဖရန်စစ်အားကြိုဆိုသော 'တံဆိပ်' ကိုဗာတီကန်မှတရား၀င်ထုတ်ပြန်

ဟန်ဂေရီသို့တမန်တော်ခရီးကြွရောက်မည့်ပုပ်ဖရန်စစ်အားကြိုဆိုသော 'တံဆိပ်' ကိုဗာတီကန်မှတရား၀င်ထုတ်ပြန်

 

ဗာတီကန်၏သတင်းပြန်ကြားရေးရုံးတော်မှ လာမည့် ဧပြီ (၂၈-၃၀) အထိ ဟန်ဂေရီနိုင်ငံသို့တမန်တော်ခရီးကြွရောက်မည့်ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အားကြိုဆိုဂုဏ်ပြုသည့် 'တံဆိပ်နှင့်ဆောင်ပုဒ်' ကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့ကတရား၀င်ထုတ်ပြန်လာသည်။

ခရီးစဉ်၏ဆောင်ပုဒ်မှာ 'ခရစ္စတူးသခင်သည် ကျွန်ုပ်တို့၏အနားဂတ်ဖြစ်သည်' ဟုဖြစ်သည်။

ဤသို့ထုတ်ပြန်ခြင်း သည် အဆိုပါခရီးစဉ်ကိုအတည်ပြုလိုက်သည့်သဘောလည်းသက်ရောက်ပါသည်။ ယခုတမန်တော်ခရီးစဉ်သည် (၄၁) ကြိမ်မြောက်အီတလီနိုင်ငံပြင်ပသို့ကြွရောက်သည့်တမန်တော်ခရီးစဉ်လည်းဖြစ်သည်။ ယခုသို့ကြွရောက်ခြင်းသည် နိုင်ငံ၏အာဏာပိုင်နှင့်သာသနာ ၏အာဏာပိုင်များ၏ဖိတ်ကြားချက်ကြောင့်ဖြစ်သည်။

သုံးရက်တာကြာမြင့်မည့်ယခုတမန်တော်ခရီးစဉ်၌ ရဟန်းမင်းကြီးသည် ဒုက္ခသည်များနှင့်နွမ်းပါးချို့တဲ့သူများထံသို့လည်း ကောင်း၊ ကလေးသူငယ်များအားပြုစုပျိုးထောင်နေသောသူတော်မြတ် László Batthyány-Strattmann အသင်းအဖွဲ့ဆီသို့လည်းကောင်းကြွရောက်မည်ဖြစ်သည်။

ဘာသာတူများနှင့်အတူမစ္ဆားပူဇော်ခြင်း၊ နိုင်ငံတော်၏အာဏာပိုင်များ၊ ကက်သလစ်ဘာသာရေးခေါင်းဆောင်တို့အားဩ၀ါဒမိန့်ခွန်းပြောကြားခြင်းလည်းရှိပါသည်။

ဟန်ဂေရီနိုင်ငံ၏လူဦးရေထက်၀က်ကျော်တို့သည် ခရစ်ယာန်များဖြစ်ကြသည်။ ၄င်းတို့အနက် (၃၇) ရာခိုင်နှုန်းသည် ကက်သလစ်ဘာသာ၀င်များဖြစ်ကြသည်။ ယူကရိန်း၌ရုရှားတို့၏မတရားကျူး ကျော်စစ်စတင်ခဲ့သည့်အချိန်မှစ၍ စစ်ရှောင်ယူကရိန်းပြည်သူ တစ်သန်းခန့်လာရောက်ခိုလုံနေကြသည်။

 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3kJs6Dd

Add new comment

1 + 0 =