သူ၏အုတ်ဂူကို စိန့်မေရီမေဂျာဘာစီလီကာဘုရားကျောင်း၌ ပြင်ဆင်ထားပြီးကြောင်း ပုပ်ဖရန်စစ် ​မြွက်ကြား

သူ၏အုတ်ဂူကို စိန့်မေရီမေဂျာဘာစီလီကာဘုရားကျောင်း၌ ပြင်ဆင်ထားပြီးကြောင်း ပုပ်ဖရန်စစ် ​မြွက်ကြား

မက္ကစီကန်သတင်းဌာနတစ်ခုနှင့် မကြာသေးမီကပြုလုပ်သော အင်တာဗျူးတွင် "ပုပ်ရဟန်းမင်းကြီးဖရန်စစ်ဟာ Salus Populi Romani အမည်ရ မယ်တော်သခင်မဆင်းတုကို ရိုသေချစ်မြတ်နိုးမှုအနေနဲ့ သူ့ရဲ့အုတ်ဂူကို စိန့်မေရီမေဂျာဘာစီလီကာမှာ ပြင်ဆင်ထားပါတယ်"ဟူ၍ အဆိုပါ သတင်းထောက်က X ဆိုရှယ်မီဒီယာ(ယခင်က တွစ်တာ)တွင် တင်ခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏သာသနာပြုနယ်လှည့်ခရီးများမသွားမီနှင့်အခြားသောပွဲလမ်းသဘင်များ မကျင်းပမီ အဆိုပါဆင်းတုရှိရာ ဘာစီလီကာသို့ သွားရောက် ဆုတောင်းလေ့ရှိသည်။

ပုပ်ရဟန်းမင်းကြီးက ဗာတီကန်ရှိတာဝန်ရှိသူများအားလည်း "မိမိသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အဆင်သင့်ပြင်ဆင်ထားကြောင်း" မိန့်ခဲ့ဖူးသည်။ ထို့အပြင် ယခုနှစ်အတွင်း ကျန်းမာရေးချို့ယွင်းမှုများရှိခဲ့သော်လည်း ရဟန်းမင်းကြီးအဖြစ်မှ အနားယူရန် မစဥ်းစားမိကြောင်း ထပ်လောင်း၍မိန့်ကြားခဲ့သည်။

၂၀၁၃ခုနှစ်တွင် ယခင်ကပုပ်ရဟန်းမင်းကြီးဘယ်နဒစ် ၁၆ ၏ အနားယူမှုသည် လူအများကို အံ့အားသင့်စေခဲ့သည်။ပုပ်ဖရန်စစ်က "ရဟန်းမင်းကြီးဘယ်နဒစ်ဟာ နှိမ့်ချတတ်ပြီး သူမထမ်းရွက်နိုင်တော့တဲ့အခါမှာ သတ္တိရှိစွာ ဒီတာဝန်ကနေ ရပ်နားခဲ့သူပါ။ သူ့ရဲ့ပုံနမူနာကိုယူကြရပါမယ်။ကျွန်ုပ်လည်း မနိုင်တဲ့ဝန်ကိုလွှတ်ချတတ်ဖို့ ဆုတောင်းနေသလို ဘုရားအလိုရှိသရွေ့ ဆက်လက်ထမ်းရွက်နိုင်တဲ့ ခံနိုင်ရည်ကိုလည်း တောင်းခံနေပါတယ်"ဟူ၍ အဆိုပါ သတင်းထောက်က ထပ်ဆင့်ဝေမျှခဲ့သည်။

အာဗီအေဘာသာပြန်- Agnes Lawh Lun

https://bitly.ws/362DN

Add new comment

3 + 17 =