သီရိလင်္ကာမှကက်သလစ်သီလရှင် နိုင်ငံတော်ဆုတံဆိတ်ချီးမြှင့်ခံရ

သီရိလင်္ကာမှကက်သလစ်သီလရှင် နိုင်ငံတော်ဆုတံဆိတ်ချီးမြှင့်ခံရ

သီရိလင်္ကာနိုင်ငံမှကာမယ်လိုက်ကက်သလစ်သီလရှင်တစ်ပါးသည် (၂၀၂၂) ခုနှစ် အတွက်နိုင်ငံတော်မှဆုတံဆိပ်ချီးမြှင့်ခံရသည်။

အဆိုပါ စစ္စတာရ်၏အမည်မှာ Mary Angelika ဟုခေါ်သည်။ သူသည် ကာမယ်လိုက်တမန်တော်စစ္စတာရ်အသင်းသူဖြစ်သည်ကာ (၂၀၂၂) ခုနှစ်အတွက် 'Guru Prathiba Prabha' ဆုတံဆိပ်ကိုလက်ခံရရှိခဲ့သည်။

ဤဆုသည် သီရိလင်္ကာနိုင်ငံ၏ ပညာရေး ၀န်ကြီးဌာနမှချီးမြှင့်သော 'ပညာရေးစွမ်းဆောင်မှုအ ကောင်းဆုံးဆု' ဖြစ်သည်။ ဤအခမ်းအနားကို နှစ်စဉ်ကမ္ဘာ့ဆရာ၊ ဆရာမများနေ့၌ကျင်းပချီးမြှင့်လေ့ရှိသည်။ ဤတံဆိပ်ကိုချီးမြှင့်ရခြင်း၏ရည်ရွယ်ချက်မှာ နိုင်ငံအတွင်းအရည်အသွေးပြည့်၀သောပညာရေးဖွံ့ဖြိုးစေရန်ကြိုးစားသင်ကြားပေးလိုသောသူဖြစ်၍ဟုဆိုသည်။

ဤအခမ်းအနားသို့နိုင်ငံအတွင်းမှ ခရိုင် (၉) ခုမှ ကျောင်းအုပ် (၄၅) ဦးနှင့်ဆရာဆရာမ (၉၀) ဦးတို့တက်ရောက်ခဲ့သည်။ ဤကျောင်းအုပ် (၄၅) ဦးအနက် ကက်သလစ်ကျောင်းအုပ် (၄) ဦးပါသည်။ ၄င်းတို့မှာ ဘာရာသာရ် . C. Vijayathasan၊ မြောက်ပိုင်းခရိုင်မှ စစ္စတာရ် Mary Angelika ၊ အရှေ့ပိုင်းခရိုင်မှ စစ္စတာရ် Sriyapushpam AC၊ အနောက်မြောက်ခရိုင်မှ စစ္စတာရ် Nilanka Lancer HF တို့ဖြစ်ကြသည်။

စစ္စတာရ် Angelika သည် ပညာရေးလောက၌ (၂၂) နှစ်ကြာထမ်းဆောင်လျှက်ရှိပြီး၊ ဆရာမအဖြစ်စတင်ခဲ့သည်။ နောက်ပိုင်း၌ လက်ထောက်ကျောင်းအုပ်ဘ၀မှယခုအခါ ကျောင်းအုပ်ကြီးအဖြစ်တာ၀န်ထမ်းဆောင်လျှက်ရှိသည်မှာ (၇) နှစ်ရှိပြီဖြစ်သည်။ လက်ရှိ၌ကျောင်းအုပ်အဖြစ် Jaffna ရှိစိန့်ဂျွန်ဘောစကိုကျောင်း၌တာ၀န်ထမ်းဆောင်နေသည်။

ဤကျောင်းသည်သီရိလင်္ကာရှိတာမီးရ်ဘာသာဖြင့်သင်ကြားသောပထမအဆင့်ရှိကျောင်းတစ်ကျောင်းဖြစ်သည်။

ကျောင်း၌ ဆရာ၊ ဆရာမ (၄၀) နှင့်ကျောင်းသူ၊ ကျောင်းသား (၁၀၀၀) ရှိပြီး တာမီးရ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ၌ထူးချွန်သောကျောင်းသားများမွေးထုတ်ပေး နိုင်သောကျောင်းတစ်ကျောင်းလည်ဖြစ်သည်။

ဤကျောင်းကိုစီမံကြီးကြပ်သူများမှာ တမန်တော်လုပ်ငန်းကိုလုပ်ဆောင်သောကာမယ်လိုက်သီလ ရှင်အသင်းမှဖြစ်သည်။ ကျောင်းအနေဖြင့်ကျောင်းသူ၊ ကျောင်းသားတို့၏ကိုယ်ကျင့်တရားနှင့်ကောင်းမွန် သောပညာရေးကိုအဓိကထားသည်။

ယခုကဲ့သို့ ဂုဏ်ပြုဆုတံဆိပ်ရရှိခြင်းမှာ ကိုးဗစ် (၁၉) ကပ်ရောဂါဆိုး (၃) နှစ်တာကာလအတွင်း၌ နိုင်ငံတော်၏ပညာရေး၀န်ကြီးဌာနမှချမှတ်လမ်းညွှန်သည့်အတိုင်း မဆုတ်မ နစ်သောဇွဲလုံ့လဖြင့် ဆရာ၊ ဆရာမတို့အားလည်းကောင်း၊ ကျောင်းသားမိဘတို့အားလည်းကောင်း လမ်းညွှန်ဆက်ကပ်လုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊

သူ၏ခေါ်တော်မူခြင်းနှင့်စပ်လျင်း၍ ပျော်ရွှင်ပြီး၊ ကိုယ်ကျင့်တရား ကောင်းသော၊ ဘုရားသခင်ကိုချစ်သော၊ အခြားသူများအားလည်းချစ်သော နိုင်ငံသားကောင်းများမွေးထုတ်ပေးရန်ဖြစ်ကြောင်း၊ သူ့အား ဤသို့အတွေးအမြင်များရရှိစေခဲ့သူမှာ Albert Schweitzer ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ် က ‘အောင်မြင်မှုသည် ပျော်ရွှင်ခြင်း၏သော့မဟုတ်ပါ။ ပျော်ရွှင်ခြင်းသည်သာ အောင်မြင် ခြင်း၏သော့ချက်ဖြစ်သည်။ သင်ပြုလုပ်နေသည့်အရာကို သင်နှစ်သက်လျှင် သင်သည်အောင်မြင်လိမ့်မည်’ ဟုပြောကြားခဲ့သည်ဟုစစ္စတာရ်ကဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3UW64cT

Add new comment

11 + 1 =