သာသနာ၏ပိုင်ဆိုင်မှုများသည် ကိုယ့်အကျိုးအမြတ်အတွက်အသုံးပြုရန်မဟုတ်ဟုရဟန်းမင်းကြီးပြတ်သားစွာမိန့်ကြား

သာသနာ၏ပိုင်ဆိုင်မှုများသည် ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက်အသုံးပြုရန်မဟုတ်ဟုရဟန်းမင်းကြီးပြတ်သားစွာမိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် 'Motu Proprio entitled' ဟုအမည်ပေးထားသောဥပဒေတစ်ခုကိုရေးဆွဲပြဌာန်းပြီး တိကျပြတ်သားစွာရှင်းပြထားသည်။ ဤဥပဒေကား သာသနာတော်ကြီး၏ပိုင်ဆိုင်မှုများနှင့်လိုအပ်ချက်ကြောင့်သာသနာ၏အသင်းအဖွဲ့တစ်ခုခုမှ၀ယ် ယူထားသည့်ပိုင်ဆိုင်မှုများနှင့်စပ်လျင်း၍ စေ့စပ်သေချာစွာရှင်းပြထားသည်။

ဤအချက်နှင့်စပ်လျင်း၍ လိုအပ်ချက်များကြောင့်ဖြစ်စေ ၀ယ်ယူထားသောပိုင်ဆိုင်မှုများသည်ကိုယ်ကျိုးအတွက်အသုံးပြုရန်မဟုတ်။ သို့သော်အသင်းအဖွဲ့၏အကျိုးအတွက်၊ သာသနာတော်ကြီးတစ်ခုလုံးအတွက်နှင့်အများအကျိုးအတွက်အသုံးပြုရန်ဖြစ်သည်ဟုဆိုသည်။

ပုံနှိပ်ထုတ်‌ဝေသောကြေညာချက်၌ သာသနာအနေဖြင့်မွေးရာပါအခွင့်အရေးရှိသည်။ ထိုအခွင့်အရေးကား ကမ္ဘာတစ်၀ှမ်းလုံးရှိ သူ၏သာသနာပြုလုပ်ငန်းများကိုအဆင်ပြေထိရောက်မှုရှိစေရန်အတွက်၀ယ်ယူသုံးခွင့်ရှိသည်။ သို့သော်ထိုပိုင်ဆိုင်မှုများကိုအသုံးပြုရာတွင်သတိတရား၊ ဆင်ခြင်မှုဖြင့်အသုံးပြုရန်ကိုလည်း ရဟန်းမင်းကြီးကသတိပေးထားသည်။ ဤသာသနာ၏မွေးရာပါအခွင့်အရေးသည် ကမ္ဘာပေါ်ရှိသာသနာတစ်ခုလုံး၏အကျိုးအတွက်၊ တစ်နည်းဆိုရသော ဘုံကောင်းကျိုးအတွက်သာအသုံးပြုရမည်ဖြစ်ပြီး ထိုအရာများကိုပိုင်ဆိုင်သောတစ်စုတစ်ဖွဲ့၏အကျိုးအမြတ်အတွက်အသုံးပြုရန်မဟုတ်ကြောင်းရှင်းလင်းထားသည်။

ဤဥပဒေကိုရဟန်းမင်းကြီးဖရန်စစ်သည် မြင်တွေ့ဖြစ်ပျက်နေသောသာသနာအတွင်း၏အခြေအနေကိုသုံးသပ်၍ ရေးသားထုတ်ပြန်လိုက်သည့်ဥပဒေဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy ; Google images
https://bit.ly/3KWJKOw
 

Add new comment

2 + 0 =