သာသနာအုပ်စု အသီးသီးရှိလူငယ်များစုပေါင်းဒါနဖြင့် လစဉ်တိုင်း ကရုဏာရေး လုပ်ငန်း လှုပ်ရှား ဆောင်ရွက်ကြမည့်သတင်း။

သာသနာအုပ်စု အသီးသီးရှိလူငယ်များစုပေါင်းဒါနဖြင့် လစဉ်တိုင်း ကရုဏာရေး လုပ်ငန်း လှုပ်ရှား ဆောင်ရွက်ကြမည့်သတင်း။

မန္တလေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင် (MCYC)မှဦးဆောင်ကာ  သာသနာအုပ်စု အသီးသီးရှိလူငယ်များစုပေါင်းဒါနဖြင့် လစဉ်တိုင်း ကရုဏာရေး လုပ်ငန်း လှုပ်ရှား ဆောင်ရွက်ကြမည့်သတင်း။

၁၄ ဇူလိုင် ၊၂၀၁၉ ။

မန္တလေးကက်သလစ် ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ လူငယ်ကော်မရှင် (MCYC)မှ  ကြီးမှူး၍ လစဉ် တစ်လတစ်ကြိမ်ပြုလုပ်လေ့ရှိသော လူငယ်မစ္ဆားတရား အား ၂၀၁၉ ခုနှစ် ၊ဇူလိုင်လ (၁၄)ရက်နေ့က  စိန်ဇေးဗီယား ဘုရားကျောင်း၌ ကျင်းပ ပူဇော်ခဲ့ပါသည်။ မစ္ဆားတရားတော်မြတ်အား ဘုန်းတော်ကြီး ဖာသာရ် နေကျော်လွင် မှ ဦးဆောင်ဟောကြားခဲ့ပါသည်။

ဘုန်းဘုန်းမှ လူငယ်များအား သြ၀ါဒ တရားရေအေး တိုက်ကျွေးရာ၌ ကျွန်ုပ်တို့သည်မိမိနှင့်နီးစပ်သောသူများကို ချစ်ရမည်ဆိုသည့်အရာသည်မိမိနှင့် အနီးအနားရှိမိမိတို့ရဲ့ သူငယ်ချင်း၊ ဆွေမျိုးသားချင်းများအားသာကူညီပေး ရမည်ဟု ဆိုလိုခြင်းမဟုတ်ဘဲ မိမိနှင့်မသိရှိသော တကယ်ဒုက္ခအခက်အခဲရောက်နေသည့်သူကို ကူညီပေး ခြင်းမျိုးသည်သာမိမိနှင့် နီးစပ်သောသူကို ချစ်ခြင်းမျိုးဖြစ်ကြောင်း၊ ကျွန်ုပ်တို့ တစ်ဦးစီတိုင်းသည် ကောင်းသော ဆာမာရီတန် ကဲ့သို့ အစေခံ ကောင်းများ ဖြစ်ကြရန်ကြိုးစားကြစေလိုကြောင်းကို  သြ၀ါဒ တရားရေအေး တိုက်ကျွေးခဲ့ပါသည်။

 မစ္ဆားတရားအပြီးတွင် MCYC အမှုဆောင် လူငယ်များ နှင့် လူငယ်မောင်မယ်များ အားလုံး အစည်းအဝေး ဆက်လက်ကျင်းပခဲ့ပြီး အစည်းအဝေး၌ မန္တလေး ကက်သလစ် လူငယ်ကော်မရှင် မှ ပြုလုပ်မည့် ရှေ့လုပ်ငန်းစဉ် များ၊ ဆရာတော်ကြီး နှင့်တွေ့ဆုံ ဆွေးနွေးကြမည့် အကြောင်းအရာများ၊ နှင့် ဘဏ္ဍာရေးရှင်းတမ်းများ အစရှိသည်တို့ ကို ဆွေးနွေး တိုင်ပင်ခဲ့ကြပါသည်။

MCYC အနေဖြင့် လစဉ် လ၏ ဒုတိယအပတ် တနင်္ဂနွေနေ့တိုင်းတွင် လူငယ်မစ္ဆားရားကို မန္တလေးမြို့ပေါ်ရှိ သာသနာအုပ်စု တစ်စုစီ အလှည့်ကျသွားရောက်ပူဇော်ခြင်း ၊ လစဉ် လ၏ တတိယပတ် တနင်္ဂနွေနေ့ညတွင် ချီးမွမ်းကိုးကွယ်ခြင်း များကို ပြုလုပ်လျှက်ရှိပါသည်။ ယခုအခါ လစဉ် လ၏ တတိယပတ် တနင်္ဂနွေနေ့များတွင် သာသနာအသီးသီးရှိ လူငယ်များစုပေါင်း၍ ကရုဏာရေုးလုပ်ငန်းဖြစ်သည့် ချို့တဲ့ကာဒုက္ခအခက်အခဲရောက် သူများအား  လှူဒါန်းခြင်းကို ယခုလာမည့် သြဂုတ်လမှ စတင်၍ လှုပ်ရှားဆောင်ရွက်မည့်အစီအစဉ်လည်း ပါဝင် မည်ဖြစ်ပါသည်။ သာသနာအုပ်စုအသီးသီးမှ လူငယ်များအနေဖြင့် မိမိတို့ သာသနာအုပ်စုမှ လူငယ်ဥက္ကဌနှင့် ဆက်သွယ်ပါဝင် လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။

Photos News – Pinky

 

Add new comment

2 + 1 =