သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးရန် ဖရန်စစ္စကင် မိသားစု တစ်ရက်တာ လှုပ်ရှားမှုပြုလုပ်

သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးရန် ဖရန်စစ္စကင် မိသားစု တစ်ရက်တာ လှုပ်ရှားမှုပြုလုပ်

သဘာဝပတ်ဝန်းကျင်ကိုချစ်မြတ်နိုးရန် ဖရန်စစ္စကင် မိသားစု တစ်ရက်တာ လှုပ်ရှားမှုပြုလုပ်

Pinky, RVA Myanmar (20/9/2022)

ဖရန်စစ္စကန် မိသားစုဝင်များစုပေါင်း၍ သဘာဝပတ်ဝန်းကျင်ကိုပိုမိုချစ်မြတ်နိုးစေရန် တစ်ရက်တာ လှုပ်ရှားမှုတစ်ခုကို ( စက်တင်ဘာလ - ၁၇ ) ရက်နေ့က ပြင်ဦးလွင်မြို့တွင် Fr. Jerome (OFM) မှ ဦးဆောင် ကာပြုလုပ်ခဲ့ပါသည်။

အဆိုပါအစီအစီအစဉ်တွင် Franciscan မိသားစုဝင်များဖြစ်သော FSAG သီလရှင်လောင်းများ၊ FMM သီလရှင်လောင်းများ၊ La Salette ဘုန်းတော်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ဖရန်စစ္စကန် မိသားစုများအနေဖြင့် နှစ်စဉ် စက်တင်ဘာလ ရောက်တိုင်း ဖန်ဆင်းခြင်းရာသီ နှင့်ပတ်သက်ပြီး အစီအစဉ်များကို တစ်နှစ်တစ်ကြိမ်လုပ်ဆောင်လေ့လည်းရှိပါသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှလည်း သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်သောအရာများကို လုပ်ဆောင်ရန်မိန့်ကြားထား သည့်အတွက်ယခုကဲ့သို့လှုပ်ရှားမှုကိုလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ယခုနှစ် Season of Creation တစ်ရက်တာလှုပ်ရှားမှုတွင် ပလပ်စတစ်နှင့်ပက်သက်ပြီး လူတွေ သတိမထားမိကြသည့်အတွက် ပလပ်စတစ်နဲ့ပတ်သက်သော ဆိုးကျိုးများကို ဝေမျှပို့ချပေးခဲ့တယ်လို့ ဉီးဆောင်သူ ဖာသာရ်က ပြောပြခဲ့ပါသည်။

ပလစ်စတစ်များကို စနစ်တကျ မစွန့်ပစ်သည့် အတွက် ပလပ်စတစ်သည် လူသားတို့၏ အသက်အန္တာရာယ်ကို ပေးနေသည့်အကြောင်းအရာများကို Fr. Jerome (OFM) က ပြောပြရမှာ

‘’ယနေ့ခေတ်မှာ လူတွေက ဘာလုပ်လုပ် ပလပ်စတစ် မပါရင်မပြီးဘူးဖြစ်နေတာ၊ လူတွေကို အိပ်နေတဲ့နေရာကနေ ပြန်နိုးကြားသွားဖို့ ပြန်ပြီး သတိပေးတဲ့အနေနဲ့ ပလစ်စတစ်ရဲ့ ဆိုးကျိုး အကြောင်းကို ရွေးချယ်ခဲ့တာဖြစ်တယ်။ ကျနော်တို့ဈေးဝယ်တဲ့အခါတွေမှာ ပလပ်စတစ်နဲ့ ထုပ်ပေး လိုက်တယ်။အဲ့ဒီပလပ်စတစ်တွေကလွှင့်ပစ်လိုက်ရင်လဲငြိမ်ငြိမ်လေးမနေကြဘူးသူတို့လဲလေထဲမှာရေကြည်ရာမျက်နုရာလွင့်မြောကုန်တယ်။အဲ့ကနေ မြောင်းတွေပိတ်ကုန်မယ်။ ရေထဲကျရင် ရေထဲမှာ ငါး တွေဆီရောက်တယ်။တစ်ခါငါးတွေကနေတစ်ဆင့်လူ့ခန္ဓာကိုယ်ထဲကိုပြန်ရောက်လာမယ်။အဲ့ဒါတွေကို စားသုံးမိခြင်းအားဖြင့်ရောဂါတွေရလာကြခြင်းဖြစ်တယ်။လူတွေဟာသတိမမူဂူမမြင်ဖြစ်နေကြတယ်။”ဟု ဖာသာရ်က အာဗီအေကိုပြောပြခဲ့ပါသည်။

ပလပ်စတစ်များအား အသုံးပြုပြီး ပေါ့လျော့စွာ စွန့်ပစ်လိုက်ပါက ထိုပလပ်စတစ်သည်လေထဲတွင် လွင့်မြောပြီး ရောက်ချင်ရာရောက်သွားသည့်အခါ ရေမြောင်းများပိတ်ဆို့ခြင်း၊ မြစ်ချောင်း၊ အင်းအိုင် များထဲကျရောက်သွားပါက ငါးများအတွက် အန္တာရာယ်ဖြစ်စေပြီး ထိုငါးကို စားသုံးမိသည့် လူသားများ တွင်လည်း ဆိုးကျိုးများ ပြန်လည်ဖြစ်ပေါ်လာစေကြောင်း၊ မြေကြီးထဲတွင် မြုပ်ပစ်ပါကလည်း အဝီစိရေကို သုံးသူများအတွက် ရေထဲမှ ဓာတ်များမှတစ်ဆင့် လူကိုဆိုးကျိုးဖြစ်ပေါ်စေနိုင်ကြောင်း၊

ယခုနှစ်ဖန်ဆင်းခြင်းရာသီ၏ဆောင်ပုဒ်မှာ ( Listen to the Voice of Creation ) ဟူ၍ဖြစ်ပါသည်။ “ဒီတစ်ရက်တာလှုပ်ရှားမှုကိုလာရောက်ခဲ့တဲ့အချိန်အရှေ့မှာစာသားအကြီးကြီးကပ်ထားတာကို တွေ့လိုက်ရတယ်။ အဲ့ဒါက ဘာလဲဆိုတော့ (Listen to the Voice of Creation) ဆိုတဲ့စာသားကို တွေ့လိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် ပြန်သုံးသပ်မိတယ်။ ဪ ဖန်ဆင်းခံ အရာတွေမှာရော အသံရှိတာလားဆိုတဲ့ အရာကို ကိုယ့်အနေနဲ့ သတိပြန်မူပြီး နားထောင်ဖို့ ပထမဆုံးဗဟုသုတ ရရှိခဲ့တယ်။” ဟု စစ္စတာရ် စီစီလျားယူဂျင်း (FSAG-Second Year Novice) မှ အာဗီအေကို ပြောပြခဲ့ပါသည်။

ထိုတစ်ရက်တာ လှုပ်ရှားမှုတွင် ပလပ်စတစ်နှင့်ပတ်သက်ပြီး မထင်မှတ်ထားသော ဆိုးကျိုးများစွာ ကိုသိရှိခဲ့ကြပြီး ဈေးဝယ်သည့်အခါများတွင် ပလပ်စတစ်များကို တတ်နိုင်သမျှလျော့ သုံးရန်ကြိုးစား သွားမည်ဟုလည်း သိရပါသည်။

‘’တတ်နိုင်သလောက် ပလပ်စတစ် မသုံးတော့ဖို့စဉ်းစားတယ်။ ဈေးသွားရမယ်ဆိုရင် ထည့်ပေးမယ့် ပလပ်စတစ်ကို ငြင်းဆန်ဖို့ ၊ ကိုယ့်အိမ်ကနေ အိတ်ဖြစ်ဖြစ် ၊ ခြင်းတောင်ဖြစ်ဖြစ် ယူသွားဖို့ စိတ်ကူး ထားတယ်။” ဟု သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး ပထမဆုံးအကြိမ် လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် စစ္စတာရ် စီစီလျားယူဂျင်း (FSAG-Second Year Novice) မှ အာဗီအေကို ပြောပြခဲ့ပါသည်။

ပလပ်စတစ်များကိုမစွန့်ပစ်ပဲပြန်လည်အသုံးပြုသည့်နည်းလမ်းများစွာလည်းရှိပါသည်။ပလပ်စတစ်များအားပြန်လည်အသုံးပြုသင့်သည့် နည်းလမ်းတစ်ခုကို FMM သီလရှင်ကျောင်းတွင် ပြုလုပ်နေသည့်အကြောင်းကို Sr. Genevieve Khui Shing Htung (Second Year, Novice) (FMM) က ပြောပြခဲ့ရာမှာ

“ ကျောင်းမှာက ECO-BRICKS လုပ်တယ်။ မညစ်ပတ်သေးတဲ့ ပလပ်စတစ်တွေကို သေးသေး လေးဖြစ် အောင်ပြန်လုပ်ပြီး ရေသန့်ဗူးတွေထဲပြန်သွပ်ထည့်ထားတာ အဲ့လိုမျိုးတော့ လုပ်ဖြစ်တယ်။ တစ်ခါတလေ ကိုယ်ကတော့လုပ်နေတယ်။ပလပ်စတစ်ဆိုလည်း လမ်းမှာမပစ်ချဘူး။ သူများတွေလုပ်လုပ်မလုပ်လုပ် သူများကို မကြည့်ဘဲနဲ့ ကိုယ့်ကိုယ်တိုင်ကကိုက ဂရုစိုက်သွားမယ်ဆိုရင် သူများကို မပြောရင်တောင်မှ ကိုယ့်ရဲ့လုပ်ရပ်အားဖြင့် သူများက ဪ သူက ကမ္ဘာမြေကြီးကို ဘယ်လိုထိန်းသိမ်းတာ ဆိုပြီး အတုယူရင်းနဲ့လည်း ကမ္ဘာမြေကြီးကို ဝိုင်းဝန်းထိမ်းသိမ်းလို့ရတယ်။ ” ဟု အာဗီကိုပြောပြခဲ့ပါသည်။

ကက်သလစ် အသင်းတော်ကြီးသည် နှစ်စဉ် စက်တင်ဘာလရောက်တိုင်း ဖန်းဆင်းခြင်းရာသီပွဲတော်ကို ကျင်းပလေ့ရှိပါသည်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှလည်း ယခုနှစ် ဖန်ဆင်းခြင်းရာသီ အတွက် “ဖန်ဆင်းခြင်း၏ အသံကို နားထောင်နိုင်ကြပါစေ ”ဟူသော ဆောင်ပုဒ်အားဖြင့် ကျွန်ုပ်တို့ တစ်ဦးစီတိုင်းသည် ဘုံကမ္ဘာမြေကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်သူများ ဖြစ်နိုင်ကြစေဖို့ ၊ ကျွန်ုပ်တို့၏ အလွဲသုံးစားမှုများအားဖြင့် ကမ္ဘာကြီး အဆုံးမသတ်သွားရန်အတွက် ဖန်ဆင်းခြင်း၏အသံကို နားထောင်ဖို့ရန်အတွက် တောင်းဆိုထားပါသည်။

#LaudatoSi #careforcreation #သဘာဝပတ်ဝန်းကျင်

Add new comment

7 + 3 =