သန့် ရှင်းသော ၀ိညာဉ်တော်ဘုရား မပါရင် ဘာမှ မလုပ်နိုင်ပါဘူး လို့ ပုပ်ဖရန်စစ်မြွက်ကြား

၂၃၊၅၊၂၀၁၈ တနင်္ဂနွေနေ့ က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ခရစ္ဆမားအားပေးခြင်း စက္ကရမင်တူး အကြောင်းကို ဦးတည်ပြောကြား ခဲ့ပါတယ်။ အသင်းတော်ရဲ့ ၀တ်ပြုကိုးကွယ်ခြင်းအရ ပန်တော့ကော့စ် ပွဲတော်ကို ကျင်းပပြီး နောက်ပိုင်းမှာ ခရစ္ဆမားအားပေးခြင်း စက္ကမင်တူးဆီကို ဦးလှည့်ကြပါစို့ ။ ဆေးကြောခြင်းစက္ကမင်တူးရဲ့ ကျေး ဇူး တွေကို အတည်ပြုပေးပြီး ဒီကမ္ဘာလောကကြီးကို သက်သေခံနိုင်အောင် ၀ိညာဉ်တော်ဘုရားနဲ့  လိမ်းကြံပေးပါတယ်။ သခင်ယေဇူးကိုယ်တော်တိုင်ဟာ သန့် ရှင်းသော ၀ိညာဉ်တော်ဘုရားနဲ့ ပြည့်ဝခဲ့ပြီး ဘုရားရဲ့ ရွေးကောက်ခံရသူအဖြစ် သန့် ရှင်းစင်ကြယ် မှုနဲ့  တာဝန်ဝတ္တရား တွေကို ဆောင်ရွက်ခဲ့ပါတယ်။ ခရစ်တော်ဟာ သူ့ ရဲ့ တပည့်တော်ကြီး တွေကို ၀ိညာဉ်တော် ဘုရားနဲ့  သွန်းလောင်းပေးခဲ့ပြီး သူတို့ ဟာ လည်း ဘုရားရှင်ရဲ့ အံ့သြဘွယ်ရာ တန်ခိုး  အာဏာတွေကို ကြေငြာ ဝေငှဘို့ ခရီးဆက်ခံကြသူတွေ ဖြစ်ပါတယ်။ ခရစ်တော်ဟာ ဂျော်ဒန် မြစ်ထဲမှာ ဆေးကြောခြင်း ခံယူစဉ်မှာ ၀ိညာဉ်တော်နဲ့ ပြည့်ဝခဲ့သလို ပဲ ပန်တေကော့စ် ပွဲနေ့ မှာ အသင်းတော်ဟာလည်း ကမ္ဘာမြေစွန်း ထိတိုင်အောင် ဧ၀ံဂေလိ တရားကို ကြေငြာ သက်သေ ခံဘို့ အတွက် ၀ိညာဉ်တော်ကို လက်ခံ ရယူတာ ဖြစ်ပါတယ်။ ခရစ္ဆမားအားပေးခြင်း စက္ကရမင်တူးဟာ အဖခမည်းတော်ဘုရားရဲ့ ကယ်တင်ခြင်း စီမံချက်အရ သခင်ယေဇူး က သူ့ ရဲ့ ၀ိညာဉ်တော်အားဖြင့် သူ့ ရဲ့ ကိုယ်ပိုင်ဘ၀ ကို ကျွန်ုပ်တို့ နဲ့ မျှဝေပြီး ကျွန်ုပ်တို့ ရဲ့ စကားလုံး အပြုအမူတွေ ထဲမှာ ရုန်းကန်ရင်း ဆေးကြောခြင်း ခံယူစဉ်မှာ ရရှိခဲ့တဲ့ ဘ၀သစ် ကို ပြည့်ဝစွာ နေထိုင်နိုင်ဘို့ နဲ့  အသင်းတော် ရဲ့ လုပ်ငန်းစဉ် တွေကို မြှင့်တင်နိုင်ဘို့  ဒီစက္ကမင်တူး ဟာ သန့် ရှင်းသော ၀ိညာဉ်တော် ဘုရားရဲ့ လှုံ့ စော်မှုတွေကို အမြဲ အသိရှိ အလိုက်သင့် ဖြစ်နိုင်ဘို့  ခွန်အား ပေး ပါစေလို့ ဆုတောင်းရင်း၎င်းရဲ့ သြ၀ါဒကို အရှင်သူမြတ်ပုပ်ဖရန်စစ် က နိဂုံးချုပ်ခဲ့တာဖြစ်ပါတယ်။

RVA-Myanmar/Vatican News