သန့်ရှင်းသောမြေမှမိတ်ဆွေများအဖွဲ့ ၏ နွေရာသီ လှုပ်ရှားမူ့

ကလေးသူငယ်များ အတူတကွကစားကြခြင်း

သန့်ရှင်းသောမြေမှမိတ်ဆွေများအဖွဲ့ ၏ နွေရာသီ လှုပ်ရှားမူ့
သြဂုတ်လ ၁၉၊ ၂၀၁၉

သန့်ရှင်းသောမြေမှမိတ်ဆွေများအဖွဲ့သည် လွန်ခဲ့သော ၁၀ နှစ် ကတည်းက သန့်ရှင်းသောမြေ (Holy Land)ရှိ လိုအပ်နေသောသူများကို ကူညီပေးနေသော ခရစ်ယာန်ကရုဏာရေး အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။

ယင်းအဖွဲ့အစည်းသည် အီဇရာအဲလ်၊ ဂျော်ဒန်၊ ဂါဇာ နှင့် West Bank မှ အကူအညီများ၊ တစ်ဦးခြင်း အလှုရှင်များ၏ အကူအညီများဖြင့်၊ ဘက်သလင်ဟင် မြို့မှာ အခြေတည်ပြီ အရေးပေါ် လိုအပ်နေသော ခရစ်ယာန်မိသားစုများကို ကူညီပေးလျှက် ရှိပါသည်။

ယခုအချိန်သည် သန့်ရှင်းသော မြေ ဒေသရှိ နွေရာသီကျောင်း ရက်သတ္တပတ် ၆ ပတ် တာလ ကျောင်းပိတ်ရက်ဖြစ်သောကြောင့် သန်းရှင်းသော မြေ ဒေသရှိ ခရစ်ယာန် သာသနာနယ် အသီးသီးရှိ ကလေးသူငယ်များ ဖွံဖြိုးတိုးတက်ရေးအတွက် ယင်းအဖွဲ့အစည်းမှ ဦးဆောင်ပြီး ကလေးသူငယ်များခံစားနေရသည့် မိသားစုပြသနာများ၊ ဆင်းရဲ မွဲးတေမူ့ဒုက္ခများ၊ ခွဲခြားဆက်ဆံခံရမူ့များ၊ အခြေအနေအမျိုးမျိုး ကြောင့် မိသားစုများ နှင့် ခွဲခွာနေရသော၊ ခွဲထားခံရသော ကလေးငယ်များ၊ မငြိမ်းချမ်းသောဒေသမှ စိတ်ဒဏ်ရာများရရှိခံစားနေရသည်ကလေးသူငယ်များ ကို သက်သာစေရန် ကလေးသဘာဝ လွတ်လပ်စွာပျော်ရွှင်ခွင့်ရရန် ဖန်တီးပေးသော အခြေအနေတခုဖြစ်ပါသည်။

သန့်ရှင်းသောမြေမှမိတ်ဆွေများအဖွဲ့၏ လှုပ်ရှားမူ့သည် အရေးပါသော လုပ်ရပ်တစ်ခုဖြစ်ပါသည်၊ အဘယ့်ကြောင့်ဆိုသော် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ကလေးသူငယ်များအပြင် ဒေသခံ မွတ်စလင် အဖွဲ့အစည်းများမှ ကလေးသူငယ်များပါ အတူတကွ ပါဝင်သောအဖွဲ့အစည်း ဖြစ်ပြီး အတူတကွကစားကြခြင်း၊ အဖွဲ့အစည်း အစီအစဉ်များပြုလုပ်ပေးကြခြင်း၊ ပျော်ရွှင်စွာ ပြောဆိုဆွေးနွေးကြခြင်းများ အားဖြင့် သူတိုရဲ့ ချစ်ခင်ရင်းနှီးမူ့၊ ပျော်ရွင်မူ့များ တိုးတက်လာကြောင်း၊ ကလေးသူငယ်များအချင်းချင်း ကြား ခိုင်မာသော မိတ်ဆွေစိတ်များ တိုးပွားအောင် တည်ဆောက်ပေးနိုင်သောကြောင့်ဖြစ်ပါသည်။

ယင်းအစီအစဉ်ကို နှစ်စဉ် အသက်အရွယ်အလိုက် သတ်မှတ်ကာ ဘက်သလင်ဟင်၊ နာဘလပ်စ် နှင့် နာဇရက် မြို့များရှိ အဖွဲ့အစည်းများတွင် နှစ်စဉ် ပြုလုပ်ပေးလေ့ရှိကြောင်း၊ ယင်းကဲ့သို့ ကလေးသူငယ်များအတွက် မေတ္တာ၊ စေတနာ၊ မိတ်ဆွေး စိတ်ဓာတ်များ တိုးတက်လာစေရန် ပြုစုပျိုးထောင်ပေးသော လှုပ်ရှားမူများ၌ နိုင်ငံတကာမှ အကူအညီများ အတွက် ကျေးဇူးတင်ကြောင်းလည်းဖော်ပြထားပါသည်။
By Kyi Maung
Photo credit to zenit

https://bit.ly/2ZdOub0

Add new comment

5 + 5 =