သတင်းသမားများကိုဂုဏ်ပြုသည့်အနေဖြင့်သတင်းသမား (၂၅၀) ဦးလုဒ်မယ်တော်ထံသွားဖူးရန်ပြင်နေ

သတင်းသမားများကိုဂုဏ်ပြုသည့်အနေဖြင့်သတင်းသမား (၂၅၀) ဦးလုဒ်မယ်တော်ထံသွားဖူးရန်ပြင်နေ

ပြင်သစ်သတင်းသမားသမဂ္ဂမှ အပြည်ပြည်ဆိုင်ရာစိန့်ဖရန်စစ်ဒီဆေးလ်နေ့ကိုသတ်မှတ်ကျင်းပလာခဲ့သည်မှာ (၂၅) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ လာမည့်နှစ် (၂၀၂၃၊ ဇန္န၀ါရီ ၂၅ မှ ၂၇) အထိ သတင်းသမား (၂၅၀) ဦးနှင့်ဆက်သွယ်ရေးခေါင်းဆောင်များကိုမယ်တော့်အားဖူးနိုင်ရေးခေါ်လာရန်စီစဉ်နေကြသည်။

လုဒ်မယ်တော်ဂူ၏တာ၀န်ခံဘုန်းတော်ကြီး MICHEL DAUBANES က အပြည်ပြည်ဆိုင်ရာ စိန့်ဖရန်စစ်ဒီ‌ဆေးလ်၏နေ့ ဆက်သွယ်ရေးကိုအဘယ်သို့နားလည်သည်၊ ကက်သလစ်သာသနာအနေဖြင့်မီဒီယာမကောင်း၊ မိမိတို့နှင့်မဆိုင်ဟုမှတ်ထင်နေကြသည်။ အချို့သည်ရန်လိုမှုများပင်ပြုလာတတ်ကြသည်။ ယခုကဲ့သို့ဘုရားဖူးထွက်လာခြင်းသည် အလုပ် အကိုင်များ၊ စိတ်ရှုပ်ထွေးမှု၊ ဖိစီးမှုများမှအနားရသောအခွင့်အရေးနှင့်၀ိညာဉ်ရေးပြန်လည်အားသစ်လောင်းခြင်းဖြစ်သည်ဟု ကျွန်ုပ်အနေဖြင့်ယုံကြည်ပါသည်။ မျှော်လင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဤနေရာသည် မယ်တော့်ဗိမာန်တော်ရှိရာနေရာ၊ ကျေးဇူတော်စီးဆင်းရနေရာဖြစ်သည်ဟုပြောကြားခဲ့သည်။ ယခုကဲ့သို့ သတင်းစာဆရာများအားစည်းရုံး၍၄င်းတို့အားမှိုင်းမသောရဟန္တာကိုဂုဏ်ပြုခြင်းသည်လွန်စွာကောင်းသည်။ ဤသို့ဘုရားဖူးခရီးစဉ်များစီစဉ်လုပ် ဆောင်ခြင်းသည် သတင်းစာဆရာများအနေဖြင့် ပွတ်လောရိုက်နေခဲ့‌သောသာသနာ၏သတင်းများနှင့်ပတ်သက်၍ သာသနာ၏ပုံရိပ်၊ ရပ်တည်ချက်အမှန်နှင့်သာသနာ၏အနစ်သာရများအားကိုချပြပေးနိုင်လိမ့်မည်ဟုယုံကြည်ကြောင်းဖြင့် (စက်တင်ဘာလ ၂၀၂၂) ကအသစ်ပြောင်းလဲခန့်ထားသော မယ်တော့်ဗိမာန်တော်တာ၀န်ခံဘုန်းတော်ကြီးကပြောကြားခဲ့သည်။

ပွက်လောရိုက်နေသောသတင်းများမှာ ပြင်သစ်နိုင်ငံမှကက်သလစ်ဘာသာရေးခေါင်းဆောင်တို့လွိင်မှုအရှုပ်တော်ပုံနှင့်ပတ်သက်၍သာသနာအပေါ်အယုံအကြည်နည်းလာ၊ မဲ့လာသည့်အခြေအနေဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3WTEG0a

Add new comment

4 + 4 =