ဝိညာဉ်ရေးရာစကားဝိုင်း

ဝိညာဉ်ရေးရာစကားဝိုင်း

(ဖေဖေါ်ဝါရီလ -၂၅ ရက် ၂၀၂၃ သတင်းစာရှင်းလင်းပွဲ ၃)

အာရှတိုက်အဆင့် ဓမ္မညီလာခံ၏ ဒုတိယမြောက်နေ့တွင် ဓမ္မညီလာခံအတွက် ဆုတောင်းမေတ္တာ “Adsumus Sancte Spiritus” ဖြင့် စတင်ခဲ့ပြီး ဤ ဓမ္မညီလာခံ ခရီးတွင် ကိုယ်စားလှယ်တော်များ အားလုံး အာရှတိုက်၏အသံကို အမှန်တကယ်ထင်ဟပ်စေရန် သန့်ရှင်းသော ဝိညာဉ်တော် မြတ်ဘုရား၏ ကျေးဇူးတော်အား ဖိတ်ခေါ်ကာ စတင်ခဲ့ပါသည်။ ကြွယ်ဝသော သမိုင်းနောက်ခံရှိသည့် ဓမ္မညီလာခံအတွက် ဆုတောင်းမေတ္တာကို လက်တင် ဘာသာဖြင့် ပထမဆုံးစကားစု “သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရား၊ ကျွန်ုပ်တို့သည် အရှင်ဘုရား၏ ရှေ့တော်မှောက်မှာ ရပ်နေပါသည်” ဟု အဓိပ္ပါယ်ရသော ဓမ္မညီလာခံအတွက် ဆုတောင်းမေတ္တာကို ကောင်စီများ၊ ဓမ္မညီလာခံများနှင့် အခြားသော သာသနာတော်၏ စည်းဝေးပွဲများတွင် နှစ်ပေါင်းရာနှင့်ချီ၍ အသုံးပြုခဲ့ကြသည်။

ဓမ္မညီလာခံ အထွေထွေအတွင်း၀န်ရုံးမှ အထွေထွေအတွင်းရေးမှူးချုပ်အား ကူညီနေသူ Sr. Nathalie Becquart XMCJ က အတူတကွခရီးပြုခြင်းသည် ဓမ္မညီလာခံမှ လူငယ်များ၏ (Synod on Youth) အသီးအပွင့်ဖြစ်ကြောင်း ထောက်ပြပြောဆိုရင်း ယနေ့အတွက် အစပျိုးပေးခဲ့ပါသည်။ အတူတကွခရီးပြုခြင်းသည် ယနေ့သာသနာတော်၏ ဘုရားသခင့် အလိုတော်အတိုင်း သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရား၏ အသံတော်ကို အတူတကွ ပိုင်းခြား၍ နားထောင်ခြင်း ဖြစ်သည်”ဟု ယုံကြည်လျှင် ဘုရားသခင်အလိုတော်ရှိသော အတူတကွခရီးပြုနေသော သာသနာတော် ဖြစ်လာရန် ကျေးဇူးတော်များ ရရှိမည်ဟု ယုံကြည်စိတ်ချနိုင်ပါသည်” ဟူသော ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်မှ မိန့်မှာချက်ကို သူမက အသေးစိတ် ရှင်းပြခဲ့သည်၊ အတူတကွခရီးပြုခြင်းသည် လက်ဆောင်တစ်ခုဖြစ်ပြီး ဝေဖန်ပိုင်းခြားသိမြင်မှုသည် အတူတကွ ခရီးပြုခြင်း၏ နှလုံးသား ဖြစ်ကြောင်း Sr. Nathalie က အလေးပေးပြောကြားခဲ့ပါသည်။ သူမသည် ဓမ္မညီလာခံ ခရီး၏ ဥပမာ တစ်ခုဟု ယူဆနိုင်သည့် ဧမောက် ဆီသို့ ခရီးသွားသည့် ကျမ်းပိုဒ်၏ ပုံရိပ်ကို သရုပ်ဖော်ခဲ့သည်။ ယေဇူးဘုရားရှင်၏ အတူတကွခရီးသွားခြင်း ပုံစံနမူနာသည် ကျွန်ုပ်တို့အားလုံးအား အတုယူရန် ဖိတ်ခေါ်နေပါသည်။

လွန်ခဲ့သည့် နှစ်ရက်အတွင်း ကိုယ်စားလှယ်တော်များအား 'ဝိညာဥ်ရေးရာ စကားဝိုင်း' ဟုခေါ်သော အဆင့်သုံးဆင့်နည်းလမ်းကို အသုံးပြု၍ ဓမ္မညီလာခံ လုပ်ငန်းစဉ်ကို ဆောင်ရွက်ရန် ဖိတ်ခေါ်ခဲ့ပါသည်။
ပထမအဆင့်၊ “ခြေကုပ်ယူခြင်း” (Taking the floor) သည် အဖွဲ့၀င်တစ်ဦးစီသည် ဓမ္မညီလာခံ လုပ်ငန်းစဉ်၏ အတွေ့အကြုံများအကြောင်း နှစ်မိနစ်ကြာ ပြောဆိုသည့်အချိန်ဖြစ်ပြီး၊ ဆွေးနွေးခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ၊ ထို့နောက် မျှဝေခြင်းကို ထောက်ရှုရန် နှစ်မိနစ်ခန့် တိတ်ဆိတ်နေခြင်းဖြစ်သည်။

ဒုတိယအဆင့် ၊ “အခြားသူများအတွက် နေရာတစ်ခု ဖန်တီးပေးခြင်း”သည် အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးစီမှ အခြားသူပြောခဲ့သည့် စကားများမှ နှလုံးသားသို့ ထင်ဟပ်လာသည့်အရာကို နှစ်မိနစ်ကြာ ပြောဆိုသည့်အချိန်ဖြစ်ပြီး၊ ဆွေးနွေးခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်းမပြုဘဲ နှစ်မိနစ်ခန့် တိတ်ဆိတ်စွာဖြင့် မျှဝေခြင်းအား နှလုံးသွင်းရန် ဖြစ်သည်။

တတိယ အဆင့်၊ "အတူတကွတည်ဆောက်ခြင်း" သည် စကားဝိုင်း၏အသီးအပွင့်များကို ခွဲခြား သတ်မှတ်ရန်၊ ပေါင်းစည်းမှု၊ ဘုံမေးခွန်းများ၊ သဘောထားကွဲလွဲမှုများနှင့် ပရောဖက်ပြုချက်ဆိုင်ရာ စကားသံများကို အသိအမှတ်ပြုရန် အပြန်အလှန် ဆွေးနွေးသည့်အချိန် ဖြစ်သည်။ ဤနည်းလမ်း သည် အဖွဲ့အား “သန့်ရှင်းသော ဝိညာဉ်တော်မြတ်ဘုရားသည် ကျွန်ုပ်တို့ကို ဦးဆောင်နေပါသလား။” ဆိုသည့် အခြေခံမေးခွန်းတစ်ခုမေးရန် ကူညီပေးသည့် ကျေးဇူးတော် အချိန်အခိုက်အတန့် ဖြစ်ပါသည်။

အဖွဲ့များသည် အောက်ပါမေးခွန်းများကို ပြန်လည်သုံးသပ်ကာ ဆုတောင်းခဲ့ကြပါသည်။- မူဘောင်မူကြမ်းစာရွက်ရှိ “ကွာဟချက်များ” ကဏ္ဍတွင် လုံလောက်စွာ မဆွေးနွေးရသေးသည့် အရာများ သို့မဟုတ် ပြဿနာများ ရှိပါသလား။ “ကွာဟချက်များ” ကဏ္ဍတွင် ထည့်သွင်းရန် သို့မဟုတ် ပိုမိုကောင်းမွန်ရန်အတွက် အာရှတိုက်၏အဖြစ်မှန်များ၊ အတွေ့အကြုံများ သို့မဟုတ် စိုးရိမ်ပူပန်မှုများ ရှိပါသလား။
နံနက်ခင်းး ဒုတိယပိုင်းအစီအစဥ်တွင် အဖွဲ့များသည် အာရှတိုက်အတွက် အရေးတကြီး ဦးစားပေး ကဏ္ဍငါးခုနှင့် အောက်တိုဘာလတွင် ကျင်းပမည့် ဓမ္မညီလာခံတွင် ဆက်လက်ဆွေး‌နွေး ရမည့် အရေးတကြီး လိုအပ်နေသော ကိစ္စရပ်များကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြပါသည်။

ယနေ့အတွက် ကြီးကြပ်သူများနှင့် ဦးဆောင်သူများမှာ အိန္ဒိယနိုင်ငံ ဒေလီ ဂိုဏ်းချုပ်သာသနာပိုင် ဂိုဏ်းချုပ်ဆရာတော်ကြီး Anil Joseph Thomas Couto၊ ဓမ္မညီလာခံဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကော်မရှင်မှ Ms. Christina Kheng၊ နှင့် အာရှတိုက် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ ဓမ္မညီလာခံဆိုင်ရာ အမှုဆောင်အဖွဲ့ (FABC Synod Task Force)မှ အဖွဲ့ဝင် Ms. Momoko Nishimura တို့ဖြစ်ကြပါသည်။ ဦးဆောင်သူများသည် ကိုယ်စားလှယ်တော်များအား ၎င်းတို့၏ ကိုယ်ပိုင်အသံမဟုတ်ဘဲ အာရှတိုက်သားတို့၏အသံအဖြစ် ပြောဆိုရန်မှာ ၎င်းတို့၏တာဝန်ဖြစ်‌ကြောင်းကို သတိပေးခဲ့ပါသည်။

နံနက်ခင်း အစီအစဥ်နှစ်ခုစလုံးသည် ကိုယ်တော်မြတ် ဖူးမျှော်ြခင်းဖြင့် ပြီးဆုံးခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ဆုတောင်းခြင်းသည် ဤဓမ္မညီလာခံခရီး၏ မောင်းနှင်အားဖြစ်သည်။

ယနေ့ တတိယပိုင်း အစည်းအဝေးတွင် ဆောင်ရွက်ဆဲ စာတမ်းမူကြမ်းမူဘောင်ကို အကျယ်တဝင့်စစ်ဆေးရန် အဖွဲ့များအား ဖိတ်ခေါ်ခဲ့ပါသည်။ ယနေ့အတွက် အစီအစဥ်ကို ဓမ္မညီလာခံ ကောင်စီ အဖွဲ့၀င်၊ ပါကစ္စတန်နိုင်ငံ ကရာချိ ဂိုဏ်းချုပ်သာသနာမှ ကာဒီနယ် ရဟန်းအမတ် Joseph Coutts မှ “အာရှတိုက်အတွက် မစ္ဆားတရားတော်မြတ် ပူဇော်ခြင်း” ရည်ရွယ်ချက်ဖြင့် သန့်ရှင်းသော မစ္ဆားတရားတော်မြတ် ပူဇော်ြခင်းဖြင့် ပြီးဆုံးခဲ့သည်။

ခရီးစဉ်သည် ဆက်လက်ဖြစ်ပေါ်နေပြီး ဧမောက်မြို့သို့သွားရာလမ်းပေါ်ရှိ တပည့်တော်ကြီး များကဲ့သို့ပင်၊ ကိုယ်စားလှယ်တော်ကြီးများသည်လည်း ဘုရားရှင်၏ နှုတ်တော်ထွက် စကားတော်ကို ထပ်မံ ပြောဆိုကြပေလိမ့်မည်။ “လမ်းခရီး၌ ကိုယ်တော်သည် ငါတို့နှင့်အတူစကားပြောလျက်၊ ကျမ်းစာတော်မြတ်၏ အနက်အဓိပ္ပာယ်ကို ရှင်းလင်းဖွင့်ဆိုပြတော်မူသောအခါ ငါတို့၏ နှလုံးသားများသည် ငါတို့အတွင်း၌ မီးလျှံကဲ့သို့ တောက်လောင်နေခဲ့သည်မဟုတ်လော။ “ (လု ၂၄:၃၂)

Add new comment

12 + 3 =