လွီအီစီအားနားပြည်နယ် (Louisiana) သည် မကြာမီ ကိုယ်ဝန်ဖျက်ချသည့်ဆေးခန်းများ ရှိတော့မည်မဟုတ်ကြောင်းကြေညာ

လွီအီစီအားနားပြည်နယ် (Louisiana) သည် မကြာမီ ကိုယ်ဝန်ဖျက်ချသည့်ဆေးခန်းများ ရှိတော့မည်မဟုတ်ကြောင်းကြေညာ

လွီအီစီအားနားပြည်နယ်တရားရုံးချုပ်က တင်းကျပ်စွာ ကိုယ်ဝန်ဖျက်ချမှုကိုတားမြစ်ပြီးတဲ့နောက်မှာ နောက်ဆုံးမှာ ပြည်နယ်အတွင်းရှိတဲ့စီးပွားရေးလုပ်ငန်းသုံးခုက ပြောင်းရွှေ့လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

သောကြာနေ့က လွီအီစီအားနားပြည်နယ်တရားရုံးချုပ်က ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ပိတ်ပင်ထားလိုက်မှုကြောင့် ကိုယ်ဝန်ဖျက်ချပေးတဲ့ နောက်ဆုံးဆေးခန်း သုံးခုက တခြာ းပြည်နယ်ကို ရွှေ့ပြောင်းဖို့ ဆုံးဖြတ်ခဲ့ကြကြောင်း၊

ဥပဒေအရ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားပေမဲ့ မိခင်က ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ ရေးအခြေအနေကြောင့်ဖြစ်စေ ဒါမှမဟုတ် သေစေတတ်တဲ့ သန္ဓေသားပုံမှုမမှန်မှုကြောင့်ဖြစ်စေ မိခင်ရဲ့အသက်ကို ကယ်တင်ဖို့အတွက်တော့ ဖျက်ချခြင်းကို ခြွင်းချက်ပေးထားကြောင်း

မုဒိမ်းမှုတွေ ဒါမှမဟုတ် အချင်းချင်း ကျူးလွန်ပြီး ရရှိလာတဲ့ ကိုယ်ဝန်တွေကိုတော့ ဖျက်ချခြင်း ခွင့်ပြုမှာမဟုတ်ကြောင်း

New Orleans Public Radio ရေဒီယိုသတင်းလိုင်းက "လွီအီစီအားနားပြည်နယ်မှာ (၁၉၇၄ ) ခုနှစ်ကတည်းက ကိုယ်ဝန်ဖျက်ချတဲ့ ဆေးခန်းမရှိတာဟာ ဒါ ပထမဆုံး အကြိမ်ဖြစ်လိမ့်မယ်"လို့ ဆိုထားပါတယ်။

Shreveport မှာရှိတဲ့ အမျိုးသမီးများအတွက် Hope Medical အဖွဲ့၊ New Orleans မှာရှိတဲ့ အမျိုးသမီးကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နှင့် Baton Rougeရဲ့ Delta ဆေးခန်းများအားလုံးဟာ တရားဝင် ကိုယ်ဝန်ဖျက်ချခွင့်ရတဲ့ပြည်နယ်များကို ပြောင်းရွှေ့လုပ်ဆောင်ကြပေမဲ့ ဆေးခန်းတွေက ဘယ်နေရာကို ပြောင်းရွှေ့ရမလဲဆိုတာကို ပြောဆိုဖို့ ငြင်းပယ်ကြ ပေမယ့်လည်း လွီအီစီအားနားဝန်းကျင်မှာရှိတဲ့ ပြည်နယ်အများစုမှာ လည်း ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားကြတာပါ။

လွီအီစီအားနားပြည်နယ်မှာရှိတဲ့ ရင်သွေးငယ်လေးတွေကို ကိုယ်ဝန်ဖျက်ချခြင်းကနေ ဆက်လက်ပြီး ကာကွယ်ပေးသွားရတဲ့အတွက် ကျေးဇူးအထူးတင်ကြောင်းကို Louisiana Right to Life ရဲ့ ဒါရိုက်တာ Benjamin Clapper က လွီအီစီအားနား တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်အပြီးမှာ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

အာဗီအေဘာသာပြန်- သျှားလွန်းမယ်
https://bit.ly/3wgC7u7

Add new comment

12 + 8 =