လူနည်းစုပါကိစ္စတန်ခရစ်ယာန်ကိုယ်စားလှယ်များက ဘရာဆယ်နိုင်ငံ၌ဖွင့်လှစ်ထားသည် ဥရောပပါလီမန် အမတ်များနှင့်ဘာသာရေးဖိနှိပ်မှုအရေးဆွေးနွေး

လူနည်းစုပါကိစ္စတန်ခရစ်ယာန်ကိုယ်စားလှယ်များက ဘရာဆယ်နိုင်ငံ၌ဖွင့်လှစ်ထားသည် ဥရောပပါလီမန် အမတ်များနှင့်ဘာသာရေးဖိနှိပ်မှုအရေးဆွေးနွေး

ပြီးခဲ့သောပတ် ကြာသပတေးနေ့က လူနည်းစုပါကိစ္စတန်ခရစ်ယာန်များအားကိုယ်စားပြုသောကိုယ် စားလှယ်တစ်ဦးက၄င်းတို့၏မိခင်နိုင်ငံ၌ကြုံတွေ့နေရသော ဘာသာရေးဖိနှိပ်ညှဉ်းပမ်းမှုအရေးနှင့်စပ်လျင်း၍ဘရာဆလ်၌ဆွေးနွေးခဲ့သည်။

ပါလီမန်အနေဖြင့် မကြာမီက ပါကိစ္စတန်၌လူအုပ်ကြီး၏အကြမ်းဖက်မှုကိုခံခဲ့ရသော ပါကိစ္စတန်နိုင်ငံ၊ Faisalabad ပြည်နယ်၊ Jaranwala အခင်းကိုလည်းအလေးပေးစေလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ယခုအကြမ်းဖက်မှုသည် အကြမ်းဖက်သူတို့၏ဘာသာရေးအား ပုတ်ခတ် စော်ကားသည်ဟူသောစွပ်စွဲချက်ဖြင့် ယခုကဲ့သို့အကြမ်းဖက်ခြင်းခံရခြင်းဖြစ်သည်။ ပါကိစ္စတန်နိုင်ငံ၌လူ နည်းစုခရစ်ယာန်တို့အားဖိနှိပ်ညဉ်းဆဲမှုနှင့်စပ်လျင်း၍ဆွေးနွေးအဖြေရှာပေးရန်ကိုလည်းတိုက်တွန်းခဲ့သည်။

အထက်ကတောင်းဆိုချက်ကို Joseph Jansen, Shagufta Kausar နှင့် Asif Mall တို့ပါ၀င်သော ကိုယ်စားလှယ်များက ဘရာဆဲလ်ဥရောပလွတ်တော်၌တင်ပြခဲ့ခြင်းဖြစ်သည်။

ပါကိစ္စတန်နိုင်ငံအတွင်းလူနည်းစုခရစ်ယာန်များအားဖိနှိပ်ညဉ်းဆဲမှုလောလောလတ်လတ်ဖြစ်စဉ်များကိုလည်းတင်ပြခဲ့သည်။ ဘာသာရေးအခြေခံသော နိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Tehreek-e-Labbaik Pakistan (TLP) အား အပြစ်မဲ့လူ နည်းစုခရစ်ယာန်များအားဖိနှိပ်လို၍ ၄င်းတို့၏ ‘Holy Quran’ ကိုဖျက်ဆီးသည်ဟူသောစွပ်စွဲချက်ကိုအ တည်ယူ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းထောက်ပြထားသည်။ ဤစွပ်စွဲချက်ကြောင့် လူအုပ်ကြီးမှ ဘုရား ကျောင်း (၂၆) ကျောင်းနှင့်ခရစ်ယာန်တို့အိမ် (၈၀) ကျော်ဖျက်ဆီးခံခဲ့ရသည်။

မကြာမီကဖြစ်ပျက်သွားသောအခင်းနှင့်စပ်လျင်း၍ ပါလီမန်လွတ်တော်အမတ်များဖြစ်ကြသော Charlie Weimers, David Lega, Bert-Jan Ruissen, and Anja Haga တို့သည် ဥရောပပါလီမန်အနေ ဖြင့်အ‌လေးထားပြီး ထိရောက်သောအပြစ်ဒဏ်ချမှတ်အရေးယူပေးနိုင်ရန်တိုက်တွန်းသွာမည်ဟုပြောကြားခဲ့သည်။

ကိုယ်စာလှယ်များ၏တင်ပြတောင်းဆိုချက်ဖြစ်သော အကြမ်းဖက်သည့်လုပ်ရပ်ကိုစုံစမ်းစစ်ဆေး၍ ပြစ်မှုကျူးလွန်သူများအားထိရောက်သည့်ပြစ်ဒဏ်ချမှတ်စေရန်၊ အာဏာပိုင်ရဲများအနေဖြင့်ပြစ်မှုကျူးလွန်သူများဖက်မှပြောဆိုစွပ်စွဲချက်ကိုသာဦးစားပေးပြီး အမှန်အကန်ဟုယူဆခြင်းသည် သွေးထွက်သံယိုမှု၏ရလာဒ်ဖြစ်သည်။ အခင်းဖြစ်ပွားသောဒေသအတွင်းရှိ ခရစ်ယာန်တို့၏လုံခြုံရေးကိုလည်းကောင်း၊ စုံစမ်းစစ်ဆေးသူများ၊ ထွက်ဆိုကြမည့်မျက်မြင်သက်သေတို့၏လုံခြုံရေးကိုလည်းကောင်းအာမခံချက်ပေးရန်တို့ကိုလည်းတောင်းဆိုခဲ့သည်။ ပါကိစ္စတန်နိုင်ငံ၏ဘာသာရေးလွတ်လပ်ခွင့်သည် အချိန်မရွေးဖောက်ဖျက်နိုင် သည်ဖြစ်၍ ဥရောပလွတ်တော်အဖွဲ့၀င်များအနေဖြင့် သူတို့၏လုပ်ပိုင်ခွင့်အာဏာအတွင်း အပြုသဘောဆောင်သောအပြောင်းအလဲကိုပြုလုပ်ပေးရန်မဟုတ်မမှန်ဘဲဘာသာရေးထိခိုက်စော်ကားသည်ဆိုသည့်စွပ် စွဲချက်မျိုးဖြင့် မတရားအပြစ်ဒဏ်ချမှတ်ခြင်းကိုလည်းပြုပြင်ပေးစေလိုကြောင်းကိုလည်းထည့်သွင်းပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/V9TE

Add new comment

4 + 15 =