လူနည်းစု ကိုးကွယ်ယုံကြည်မူ့ ဘာသာတရားများအပေါ် ဖိနိပ်ခံနေရမူ့များအတွက် ပါကစ္စတန် ဝန်ကြီးချုပ်ထံ ပေးစာ

ပါကစ္စတန် အမျိုးသမီးများ

လူနည်းစု ကိုးကွယ်ယုံကြည်မူ့ ဘာသာတရားများအပေါ် ဖိနိပ်ခံနေရမူ့များအတွက် ပါကစ္စတန် ဝန်ကြီးချုပ်ထံ ပေးစာ
သြဂုတ်လ ၂၁၊ ၂၀၁၉

ကျွန်တော်တို့တတွေဟာ အမိနိုင်ငံတော် ပါကစ္စတန် ကို ချစ်မြတ်နိုးတယ်၊ သစ္စာရှိတယ်၊ ကျွန်တော်တို့ရဲ့ ဘုရားကျောင်းတွေ၊ ဘာသာရေးကျောင်းတွေ၊ သာသနာက ဦစီးလုပ်ကိုင်နေတဲ့ ဆေရုံတွေ အဆောက်အဦးတွေမှာ ကျွန်တော်တိုရဲ့ ပါကစ္စတန် နိုင်ငံတော် အလံကို လွင့်ထူထားကြတယ်၊ ကျွန်တော်တို့ဟာ သူစိမ်တွေ မဟုတ်ကြပါဘူး ဒီမြေမှာမွေးဒီမြေမှာ ကြီးပြင်လာကြတဲ့ ဒီနိုင်ငံသားတွေပါ။ ဒီနိုင်ငံ အပေါ်မှာ သစ္စာရှိစွာ ပေးဆပ်အနစ်နာခံပြီး နိုင်ငံကောင်းကျိုး တည်ဆောက်နေကြသော ဒီနိုင်ငံသားတွေပါ။ လူနည်းစု ကိုးကွယ်ယုံကြည်မူ့ ဘာသာတရားများအပေါ် ဖိနိပ်ခံနေရမူ့များ မပြုလုပ်သင့်ပါဘူး။

သခင်ခရစ်တော်၏ နောက်လိုက် တပည်တော်ကြီး သောမတ်စ် အိန္ဒိယ နိုင်ငံကို ရောက်ရှိခဲ့သော ပထမ ရာစုနှစ်ကတည်းက ဒီနိုင်ငံ၊ ဒီဒေသမှာ ခရစ်ယာန်ဆိုတာ ရှိခဲ့တာပါ။ ၁၀၀ ရာခိုင်နုန်းပြည့် ဒီနိုင်ငံသူ ဒီနိုင်ငံသားတွေပါ ကိုးကွယ်ယုံကြည်မူ့ မတူညီတာကြောင့် လူများစုက လူနည်းစုကို တန်းတူအခွင်အရေးမပေး၊ နိမ့်ကျသော လူတန်းစားများကဲ့သို့ ခွဲးခြားဆက်ဆံမူ့များ မပြုလုပ်သင့်ပါဘူး ဟု ကရာချီ ဂိုဏ်ချုပ်သာသနာနယ် မှ ငြိမ်းချမ်းရေး နှင့် တရားမျှတရေး တာဝန်ခံ ဘုန်းတော်ကြီး ဆာလဲ ဒီရေးဂို မှ ဖီးဒက် သတင်းဌာန (Fides News) သို့ ပြေားကြားခဲ့ပါသည်။

ကျွန်တော်တို့ လူနည်းစု ကိုးကွယ်ယုံကြည်မူ့ ဘာသာတရားများ ဖြစ်တဲ့ ခရစ်ယာန်၊ ဟိန္ဒူ၊ ဆစ် နှင့် အခြားယုံကြည်သူ များမှ

~ မိန်းကလေးများ အသက် ၁၈ အရွယ်ရောက်မှ လက်ထပ်ခွင့်ပြဌန်းပေးရေး
~ ဗဟိုလ် အပြည့်အဝချုပ်ကိုင်မူ့မဟုတ်ပဲ လူနည်းစု ကိုးကွယ်ယုံကြည်သူများကိုလည်း အာဏာကန့် သတ်ခွဲးဝေပေးရေး နှင့် ကိုးကွယ်ယုံကြည်သူများကိုလည်း နိုင်ငံတွင် နှင့် ပြည်ပ ပညာရေး ၅ ရာခိုင်နုန်းထောက်ပံပေးရေး
~ ကိုးကွယ်ယုံကြည်သူလူနည်းစုများ၏ ဘာသာရေးအဆောက်အအုံများကို အစိုးရမှ သိမ်းယူခြင်းများအပေါ် ကာကွယ်ပေးရေး
~ အစိုးရကျောင်းများ၊ ဆေးရုံများ၊ ထောင်များ တွင် ကိုးကွယ်ယုံကြည်သူလူနည်းစုများအတွက် ဘုရားဝတ်ပြုရာနေရာများ သတ်မှတ်ထားရှိပေးရေး
~ လူ့အဖွဲ့အစည်း၊ ပညာရေး နှင့် အလုပ်ခွင်တို့တွင် ကိုးကွယ်ယုံကြည်သူလူနည်းစုများအပေါ် ခွဲးခြားချိုးနှိမ်မူများကို ကာကွယ်ပေးသော ဥပဒေတစ်ရပ်ပြုပေးရေးများကို

ပါကစ္စတန် ဝန်ကြီးချုပ် နှင့် သက်ဆိုင်ရာ ဌာနများသို့ စုပေါင်းလက်မှတ်ရေးထိုးပြီး ပေးပိုထားကြောင်း
ကက်သလစ် ရှေ့နေ တာဘာဆုမ်ယူဆပ်ဖ်မှ ဖီးဒက်စ် သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ဘာသာပြန်ဆိုသူ Kyi Maung
Photo credits to Vatican News

https://bit.ly/30lZiBd

Add new comment

1 + 6 =