လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းထောက်နာရေး၌ အကြမ်းဖက်မှု ကို သန့်ရှင်းသောမြေမှ အသင်းတော်များက ပြစ်တင် ရှုတ်ချ

လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းထောက်နာရေး၌ အကြမ်းဖက်မှု ကို သန့်ရှင်းသောမြေမှ အသင်းတော်များက ပြစ်တင် ရှုတ်ချ

လုပ်ကြံသတ်ဖြတ်ခံရသည့် သတင်းထောက်နာရေး၌ အကြမ်းဖက်မှု ကို သန့်ရှင်းသောမြေမှ အသင်းတော်များက ပြစ်တင် ရှုတ်ချ

လွန်ခဲ့သော သောကြာနေ့က သတင်းထောက် Shireen Abu Aqleh ​၏ ဈာပန သယ်ဆောင်ရာ တွင် အစ္စရေးရဲများက အကြမ်းဖက် ဝင်ရောက်နှောက်ယှက် ခဲ့ခြင်းအပေါ် ဂျေရူစလင် Pierbattista အသင်းတော်, ဂရိဩသဒေါ့အသင်းတော် ,ကက်သလစ်ဆရာတော်ကြီးများနှင့် ခရစ်ယာန်ယုံကြည်သူအသိုင်းအဝိုင်းများ မှ ပြစ်တင်ရှုတ်ချကြောင်း ကြေငြာချက်တစောင်ကို အတူတကွ ထုတ်ပြန်ခဲ့ပါတယ်။

ထိုအကြမ်းဖက်မှုသည် Shireen Abu Aqleh​​ ၏ ခေါင်းတလာကို စိန့် ဂျိူးဇက်ဆေးရုံမှ Greek-Melkite ကာသီဒြယ် ဘုရားကျောင်းသို့ ပို့ဆောင်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပူးတွဲကြေငြာ ချက်တွင် ဆေးရုံဝင်းအထိ အစ္စရေးရဲများ​၏ ဝင်ရောက်ခြင်းနှင့် ခေါင်းတလားပြုတ်ကျသည်အထိ သဘောထားလုပ်ဆောင်ချက် သည် ကွယ်လွန်သူ​၏အောက်မေ့ဖွယ်ရာ အခမ်းအနားကို မလေးစားရာဖြစ်ကြောင်း ဖော်ပြထားသည်။

UNအထွေထွေအတွင်းရေးမှူး Antonio Guterres ကလည်း Al Jazeera T.V သတင်းဌာန အတွက် တာဝန်ထမ်းဆောင်နေသည့် သတင်းထောက် သေဆုံးရသည့်အပေါ် ကန့်ကွက်ရှုတ်ချခဲ့သည်။

သတင်းထောက် Shireen Abu Aqleh သည် အနောက်ဖက်ကမ်းမြှောင်ဒေသရှိ Jenin မြို့တွင် စစ်ဆင်ရေးလုပ်ဆောင်နေသည့် အစ္စရေး လုံခြုံရေးတပ်များကြောင့် ဦးခေါင်းတွင် ကျည်ထိမှန် သေဆုံးခဲ့ရသည်။ဖြစ်ပျက်ခဲ့သည့် အပေါ် လွတ်လပ်ပြီး ပွင့်လင်းမြင်သာသည့်
စုံစမ်းစစ်ဆေး မှု့ ပြုလုပ်ပေးရန် Guterres က တောင်းဆိုခဲ့သည်။

လူ့အခွင့်ရေးကို ပြင်းထန်စွာ ချိုးဖောက်ခြင်း

ပူးတွဲထုတ်ပြန်ချက်မှာ " အစ္စရေးရဲများ​၏ ပူဆွေးနေသူများကို တိုက်ခိုက်ခြင်း၊ နံပါတ် တုတ်များဖြင့် ရိုက်နှက်ခြင်း၊ ရာဘာကျည်များနှင့်ပစ်ခတ်ခြင်းနှင့် ဆေးရုံတက်နေသည့်လူနာများကို အထိတ်တလန့် ဖြစ်စေသည့် မလျော်ကန်သော အင်အားသုံး လုပ်ရပ်သည် အခြေခံ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်ရေး စံနှုန်းများနှင့် ဘာသာရေးလွတ်လပ်ခွင့် အခွင့် အရေးကို အပြင်းအထန်ချိူးဖောက်ရာ ကျကြောင်း နှင့် လူထုရှေ့၌ ကြားနာရန်" ဖော်ပြထားသည်။

နာကျင်ခံစားရမှုကို ပြန်လည်ကုသရန်အာမခံချက်

ထုတ်ပြန်ချက်တွင် အခိုင်အမာ ဖော်ပြထားသည်မှာ " စိန့်ဂျိုးဇက် ဆေးရုံသည် မတူကွဲပြားသည့် မည်သည့် ယဉ်ကျေးမှု့နှင့် ဘာသာရေးခံယူချက် ရှိသည်ဖြစ်စေ ထိုသူအားလုံးတို့အား ထိတွေ့ကုသပေးရန် နေရာတခုအဖြစ် ဂုဏ်ယူစွာ တည်ရှိနေခဲ့ပြီး နောင်တွင်လည်းဆက်လက် တည်ရှိ ရန် ရည်ရွယ်ထားကြောင်း ပင်" ဖြစ်သည်။

အသင်းတော်ခေါင်းဆောင်များ​၏ အဆုံးသတ် မှတ်ချက်မှာ " လွန်ခဲ့သော သောကြာနေ့က အဖြစ်အပျက်မှာ ခရစ်ယာန်အသိုင်းအဝိုင်း ၊ ဆေးရုံကိုတည်ထောင်သူ ရူပါရုံ မြင်သော စိန့်ဂျိုးဇက် အသင်းဂိုဏ်း နှင့် ဆေးရုံဝန်ထမ်းများအားလုံးကို သာမက ၊ ထိုနေရာကို ယခုအချိန်ထိ ငြိမ်းချမ်း ဖော်ရွေသည့်နေရာအဖြစ် လက်ခံ ထားသည့် လူများ အားလုံးကို ပါ နက်ရှိုင်းစွာ ထိခိုက်နာကျင်စေ သော်လည်း ၊ ဆေးရုံဝန်ထမ်းများနှင့် စိန့်ဂျိုးဇက် သီလရှင်တို့မှာမူ ကုသမှုပေးရာ၌ ယခင်ကထက်ပင် ပို၍ခိုင်မာစွာ လုပ်ဆောင်သွားရန် ထိုဝမ်းနည်းဖွယ်ဖြစ်ရပ်က တွန်းအားပင် ဖြစ်ကြောင်း" ဖော်ပြထားပါတယ်။

အာဗီအေဘာသာပြန် -မာကုစ်ညီညီထွန်း

https://bit.ly/3LrmOUa

Add new comment

2 + 5 =