လာမည့်နှစ်၌ ရဟန်းမင်းကြီးဖရန်စစ်သည် အိန္ဒိယနိုင်ငံသို့တမန်တော်ခရီးကြွရောက်ရန်ရှိ

လာမည့်နှစ်၌ ရဟန်းမင်းကြီးဖရန်စစ်သည် အိန္ဒိယနိုင်ငံသို့တမန်တော်ခရီးကြွရောက်ရန်ရှိ

လာမည့်နှစ် (၂၀၂၄) ခုနှစ်၌ ရဟန်းမင်းကြီးဖရန်စစ်သည်အိန္ဒိယနိုင်ငံသို့ တမန်တော်ခရီးကြွရောက်ရန်အစီအ စဉ်ရှိကြောင်းဖြင့် တောင်ဆူဒန်နိုင်ငံမှ ရောမသို့လေကြောင်းခရီးဖြင့်ပြန်ကြွလာစဉ် သတင်းထောက်တို့၏မေးမြန်းချက်ကိုဖြေကြားခဲ့သည်။

ဆက်လက်၍ရ ဟန်းမင်းကြီးသည် သူ၏ယခုနှစ်တမန်တော်ခရီးစဉ်များနှင့်စပ်လျင်း၍ လာမည့်ဩဂုတ်လ ပထမပတ်၌ လစ်ဘွန်း၊ ပေါ်တူဂီသို့ ကမ္ဘာ့လူငယ်များနေ့အတွက်ကြွရောက်မည်ဖြစ် ကြောင်း စက်တင်ဘာ (၂၃) ၌လည်း ပြင်သစ်နိုင်ငံ၊ Marseille ၌ကျင်းပမည့် မြေထဲပင်လယ်ဒေသမှဆရာတော်ကြီးများ၏အစည်းအ‌ဝေးသို့လည်းကြွရောက်မည်ဖြစ်ကြောင်း၊ မွန်ဂိုးလီးယားသို့လည်းကြွရောက်နိုင်ခြေရှိကြောင်းမိန့်ကြားခဲ့သည်။

အိန္ဒိယနိုင်ငံသို့ကြွရောက်မည့်အကြောင်းအရာနှင့်စပ်လျင်း၍ (အောက်ဘာလ ၂၀၂၁) က ၀န်ကြီးချုပ် Narendra Modi ဗာတီကန်သို့လာရောက်လည်ပတ်စဉ် တရား ၀င်ဖိတ်ကြားခဲ့ကြောင်းမိန့်ကြားထားသည်။

အိန္ဒိယ၀န်ကြီးကလည်း ရဟန်းမင်းကြီးဖရန်စစ်နှင့်တွေ့ဆုံစဉ်ကလွန်စွာနွေထွေးလှကြောင်း၊ ရဟန်းမင်းကြီးနှင့်ကိစ္စများစွာကိုအ ကျယ်တစ်၀င့်ဆွေးနွေးခဲ့ကြောင်း၊ အိန္ဒိယသို့လည်းကြွရောက်ရန်ဖိတ်ကြားခဲ့ကြောင်းဖြင့် ၀န်ကြီးချုပ်၏တွီတာလူမှုကွန်ရက်စာမျက်နှာပေါ်၌ ရဟန်းမင်းကြီးနှင့်တွေ့ဆုံစဉ်ကအမှတ်တရရိုက်ကူးထားသောပုံများတင်၍ရေးသားထားပါသည်။ ရဟန်းမင်းကြီးများအနက် အိန္ဒိယနိုင်ငံသို့နောက်ဆုံးကြွရောက်ခဲ့သောရဟန်းမင်းကြီးမှာ စိန့်ဂျွန်ပေါလ် (၂) ဖြစ်ပါသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အာတယ်
https://bit.ly/3lyTJia

Add new comment

1 + 6 =