လမ်းဘေးပန်းချီဆရာသည် ဖြစ်ရပ်မှန်များရေးဆွဲ၍သတင်းစကားပါးလေ့ရှိ

လမ်းဘေးပန်းချီဆရာသည် ဖြစ်ရပ်မှန်များရေးဆွဲ၍သတင်းစကားပါးလေ့ရှိ

လမ်းဘေးပန်းချီဆရာ Mauro Pallotta သည် ဖြစ်ရပ်မှန်များကိုရေးဆွဲ၍လူများအားစိတ် ဓာတ်ခွန်အားများကိုပေးနေသူဖြစ်သည်။

ယခင်အပတ်က ကမ္ဘာ့ဖလားပွဲတွင် အာဂျင်တီးနားက ဖလားပိုက်၍ပြည်တော်ပြန်နိုင်ခဲ့သည့် အဖြစ်အပျက်ကိုအမှတ်ရစေရန်အတွက် ရဟန်းမင်းကြီးဖရန်စစ်နှင့်အာဂျင်တီးနားအသင်းမှဘော်လုံးမှော်ဆရာမက်ဆီလေအိုးနယ်လ်တို့၏တွေ့ဆုံခဲ့စဉ်က ပုံကိုပြန်လည်ရေးဆွဲခဲ့သည်။

ဤပန်းချီဆရာသည် ရဟန်းမင်းကြီး၏ ပုံတူပန်းချီကားများရေးဆွဲသူအဖြစ်လည်းလူသိများသည်။ ရဟန်းမင်းကြီးဖရန်စစ်အား စကိက်စီးသူ၊ Tic-Tac-Toe ကစားသူ စသည်ဖြင့်ငယ်ဘ၀၏ပုံရိပ်များကို အီတလီလမ်းများ၌ဖန်တီးသူဖြစ်သည်။ ပန်းချီ ဆရာအတွက် သူ၏အနုပညာသည်ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုအဖြစ်ခံယူ သည်။

"အကယ်၍ကျွန်ုပ်အနေဖြင့် လမ်းမများ၌ပုံဖော်ရေးဆွဲတော့မယ်ဆိုရင် အရိုးရှင်းဆုံးနှင့်လူတိုင်းနားလည်ရလွယ်သောပုံစံဖြင့်သာတင်ပြလေ့ရှိကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိရေးဆွဲသောအကြောင်းအရာကိုမြင်တွေ့သူ အသက်အရွယ်မရွေးနားလည်စေလိုတယ်" ဟုရှင်းပြခဲ့သည်။

မကြာမီက သူရေးဆွဲခဲ့သောပုံရိပ်တစ်ခုမှာ 'Push of Peace' (ငြိမ်းချမ်းရေးအတွက်အတွန်း) ဖြစ်သည်။ ဤပန်းချီကားကိုရေးဆွဲရခြင်းမှာ ရောမမှကလေးဆေးရုံအတွက်လက် ဆောင်အဖြစ်ပေးရန်ဖြစ်သည်။ သူ ၏လက်ရာများကို ရဟန်းမင်းကြီးဖရန်စစ်အား ဘုရားဖူးများနှင့်တွေ့ဆုံ အပြီး စာအုပ်ချုပ်လုပ်၍လက်ဆောင်ပေးခဲ့သည်။

နှစ်နှင့်ချီကာ ရဟန်းမင်းကြီးဖရန်စစ်အားရည်စူး၍ရေးဆွဲခဲ့သောပုံများကိုမြင်တွေ့လိုက် ရသောအခါ ရဟန်းမင်းကြီးအလွန်သဘောကျခဲ့ကြောင်း၊ အချို့ပုံများကိုမူ အလေးအနက်ထားခဲ့ကြောင်း၊ သူ့အား (ပန်းချီဆရာ) အမှတ်အရဆုံးဖြစ်စေသောပုံကြောင့်ရဟန်းမင်းကြီးအနေဖြင့်သူ၏ အလုပ်ကိုအသိအမှတ်ပြုပေး၍ အလွန်ဂုဏ်ယူရကြောင်း၊ ဤပုံများသည် ကြာကြာမခံသော်လည်း မြင်တွေ့ရသူတို့၏ အာရုံ၌စွဲထင်ကျန်ရစ်နေပေမည်။ သူသည်ပန်းချီကား များရေးဆွဲ၍သူပါးချင်သောသတင်းစကားကိုပါးလေ့ရှိသည်။ အထူး သဖြင့်ငြိမ်းချမ်းရေးသတင်းစကားဖြစ်ပါသည်။ ဤအချက်သည် ကျွန်ုပ်နှင့်ရဟန်းမင်းကြီးအတွက်ပါအလွန်အရေးကြီးသောအချက်ဖြစ်သည်ဟုဆိုသည်။

ငြိမ်းချမ်းရေးသည် လူ့အသိုင်းအဝိုင်း ၏အခြေခံကျလွန်းသောလိုအပ်ချက်ဖြစ်သည်ကိုအဘယ်သူမျှငြင်းဆန်မရပေ။ ငြိမ်းချမ်းရေးမရှိဘဲ တိုးတက်ပြောင်းလဲမှုမရှိနိုင်။ ဖွဲ့ဖြိုးမှုလည်းမရှိနိုင်။ ဘ၀လည်းမရှိနိုင်ဟု၎င်းကရှင်းပြခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3jzbaOO

Add new comment

5 + 11 =