Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
လစ်ဗျား ရွှေ့ပြောင်းဒုက္ခသည် စခန်းပိတ်သိမ်းရန် စဉ်းစား
လစ်ဗျား ရွှေ့ပြောင်းဒုက္ခသည် စခန်းပိတ်သိမ်းရန် စဉ်းစား
ဇူလိုင်လ ၇၊ ၂၀၁၉
လစ်ဗျားနိုင်ငံ ထရီပိုလီ (Tripoli)ရှိ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းဒုက္ခသည်များ ထိမ်းသိမ်းထားရာ ဒုက္ခသည် စခန်းကိုလေကြောင်း တိုက်ခိုက်ခံရမူ့ကြောင့် ၅၃ ဦးသေးဆုံးခဲ့ခြင်းအပြီး တွင် ပိတ်သိမ်းပြစ်ရန် စဉ်းစားနေကြကြောင်း ဖော်ပြခဲ့ပါသည်။ လကြောင်းတိုက်ခိုက်ခံရမူ့ကို ပြစ်တင်ပြောဆိုနေကြသော်လည်း မည်သူပြုလုပ်သည်ကိုမူ တာဝန်ခံသူ မဖော်ပြနိုင်သေးပေ။
ပြသနာကိုပိုမိုဆိုးဝါးစေသောဖြစ်ရပ်မှာ တချို့သော ဒုက္ခသည်များမှာ ဒုက္ခသည်စခန်းမှ လွတ်မြောက်ရန် ကြိုးစား ထွက်ပြေးကြသောကြောင့် လုံခြုံရေးသမားများ၏ ပြစ်ခတ်ခံရပြီးသေဆုံးရကြောင်း သတင်းများကို ကုလသမ္မက မှ ထုတ်ပြပြောဆိုခဲ့ပါသည်။
ယင်းအဖြစ်အပျက်ကြောင့် ဒုက္ခသည် စခန်းတွင် သေဆုံးရလောက်အောင်၊ ဖြစ်ပျက်နေသော ရွှေ့ပြောင်းဒုက္ခသည် များ၏ အခြေအနေသည် နိုင်ငံတကာ အဖွဲ့အစည်းများကို တုန်လှုပ်ချောက်ခြားစေခဲ့ကြောင်း၊ အီသီယိုးပီးယာ၊ အယ်ရီတရေးယား၊ ဆူဒန် နှင့် ဆိုမာလီ နိုင်ငံတို့မှ ၅၀၀၀ ကျော်သော ရွှေ့ပြောင်း ဒုက္ခသည်များသည် လစ်ဗျား နိုင်ငံအတွင်ရှိ ဒါဇင်ပေါင်းများစွာသော ဒုက္ခသည် စခန်းများတွင်း ပိတ်လှောင်ထားခံနေရကြောင်း ကို ဖော်ပြထားပါသည်။ အများစုမှာ မက်ဒီတရေးနီးယာန်း ပင်လယ်ကို ဖြတ်ကျော်ပြီး ဥရောပ နိုင်ငံ အတွင်းသို့ ဝင်ရောက်ရန်ကြိုးပန်းမူ့များကြောင့် လစ်ဗျား စစ်တပ်၏ ဖမ်းဆီးမူ့ကို ခံကြရကြောင်း၊ ထို့အတွက် ကြောင့် ဖြစ်ပျက်နေသည့် အခြေအနေအားလုံးကို စဉ်းစားသုံးသပ်ပြီး ရွှေ့ပြောင်း ဒုက္ခသည်များနှင့် ဒုက္ခသည်များကို ပြန်လွတ်ပေးပြီး ဒုက္ခသည် ထိန်းသိမ်းရေး စခန်းများကို ပိတ်သိမ်းရန်ပြင်ဆင်နေကြကြောင်း ဖော်ပြထားပါသည်။
https://www.vaticannews.va/en/world/news/2019-07/lybia-migrant-centers.html
#migrantcenter, #libya, #shutting, #peterkm,
Photo credits to vatican news
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung
Add new comment