ရောမမြို့ရှိသာသနာတစ်ခုမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစတင်

ရောမမြို့ရှိသာသနာတစ်ခုမှ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစတင်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စွမ်းအင်ချွေတာရေးသတင်းစကားများအား လိုက်နာသောအား​ဖြင့် ရောမမြို့ရှိ ကက်သလစ်သာသနာတစ်ခုက လှုပ်ရှားမှုတစ်ရပ်ကိုစတင်ခဲ့သည်။

ထိုလှုပ်ရှားမှုတွင် နေရောင်ခြည်သုံး ဆိုလာပြားများတပ်ဆင်ခြင်းနှင့် ဆင်းရဲ သားများအား ဝေမျှကူညီနိုင်မည့် အော်ဂဲနစ်စိုက်ခင်းနှင့်ပန်းခြံဖန်တီးခြင်းတို့ပါဝင်သည်။

Ottavo Colleခရိုင်ရှိ San Vigilio သာသနာသည် ထိုအစီအစဥ်ကိုစတင်ခဲ့ခြင်းဖြစ်သည်။ ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Alfio Tiroက "ကျွန်ုပ်တို့ဟာ ပါပါးဖရန်စစ်ရဲ့ Laudato Si စာချွန်တော်အတိုင်း လိုက်နာပူးပေါင်းကြခြင်းဖြစ်တယ်" ဆိုပြီး ဖော်ပြခဲ့သည်။

တစ်ဖန် "သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းမှုဟာ အလျင်အမြန်ဖြစ်ပေါ်နေပြီး ထိခိုက်မှုကင်းသောစွမ်းအင်စနစ်များကို စတင်အသုံးပြုကြရန်အရေး ကြီးကြောင်းကိုလည်းတိုက်တွန်းခဲ့သည်။

အာဗီအေဘာသာပြန်- Agnes Lawh Lun

https://bitly.ws/39pvj

Add new comment

4 + 0 =