ရုရှား၏ဗာတီကန်အတွက်သံအမတ်သစ်ခန့်အပ်လွှာပေးအပ်

ရုရှား၏ဗာတီကန်အတွက်သံအမတ်သစ်ခန့်အပ်လွှာပေးအပ်

ရုရှားနိုင်ငံသည် ဗာတီကန်အတွက်သံအမတ်သစ်အဖြစ် Ivan Soltanovsky အားပြောင်းလဲခန့်အပ် လိုက်သည်။ ထိုတရား၀င်ခန့်အပ်လွှာကိုရဟန်းမင်းကြီးဖရန်စစ်အားပေးအပ်ခဲ့သည်။ ရုရှားသံအမတ်သစ်က ရုရှားသမ္မတပူတင်၏သံအမတ်အဖြင့်ခန့်အပ်လွှာကို ရဟန်းမင်းကြီးထံပေးအပ်ရသည့်အတွကလွန်စွာဂုဏ်ယူမိပါကြောင်းပြောကြားခဲ့သည်။ ယခုအသစ်ခန့်အပ်သောသံအမတ်သည် သံအမတ်အတွေ့အကြုံများစွာရှိ သည်။ သူသည် ရုရှားနိုင်ငံ ‘နေတိုး’ ၏အမြဲတမ်းကိုယ်စားလှယ်လည်းဖြစ်သည်အပြင် ဥရောပကောင်စီး၏ ကိုယ်စားပြုသူဖြစ်သည်။ သူနောက်ဆုံးအမှုထမ်းခဲ့သည့်ခုနှစ်မှာ (၂၀၁၅ မှ ၂၀၂၂) ပြီးဖြစ်သည်။

လက်ရှိ၌ ယူကရိန်းအား ရုရှား၏ကျူးကျော်စစ်နှင့်ပတ်သက်၍ ဗာတီကန်အနေဖြင့်ယူကရိန်အတွက် တစ်စိုက်မတ်မတ်ရပ်တည်ပြောဆိုလာခဲ့သောယခုလိုအချိန်၌ဤတာ၀န်ကိုထမ်းဆောင်ရန်တာ၀န်ပေးအပ်ခံရသည်။ ယူကရိန်းအားရုရှားမှကျူးကျော်စစ်ဆင်နွှဲနေမှုကိုရပ်တန်းကရပ်တန့်နိုင်ရန် ဗာတီကန်အနေဖြင့်အမှုတော်တစ်ခုအဖြစ်ပင် ကိုယ်စားလှယ်လွဲပင်လုပ်ဆောင်စေလျှက်ရှိသည်။

ယခုဗာတီကန်၏ရုရှားသံအမတ်သစ်သည် သူမတိုင်ခင်ကသံမတ်ဖြစ်ခဲ့သော Alexander Avdeed ကိုအစားထိုးခြင်းဖြစ်သည်။ Alexander Avdeed သည် (ဖေဖော်၀ါရီ ၂၅၊ ၂၀၂၂) ယူကရိန်းအားရုရှားကျူး ကျော်စစ်ဆင်နွှဲအပြီးတစ်ရက်အလွန်၌ ရဟန်းမင်းကြီးဖရန်စစ်နှင့်အရေးတစ်ကြီးတွေ့ဆုံခဲ့သည်။ ရဟန်းမင်း ကြီးဖရန်စစ်သည် တွေ့ဆုံရန်ကြိုတင်စီစဉ်ထားခြင်းမရှိဘဲ ရုတ်တရက်ဖုန်းဆက်သွယ်ကာ ဗာတီကန်မှရုရှားသံအမတ်ရှိရာရုံးခန်းသို့ကိုယ်တိုင်ကြွရောက်သွား၍ တွေ့ဆုံဆွေးနွေးခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် သံအမတ် Alexander Avdeed အား လွန်ခဲ့သော (၆) ကတည်းကပင်သိနေခဲ့သည်။ သူသည်စိတ်ကောင်းရှိသူဖြစ်ကြောင်းရဟန်းမင်းကြီးကမိန့်ကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးခဲ့သည့်အဓိကအကြောင်းအရာမှာရဟန်း မင်းကြီးအနေဖြင့် ယခုဖြစ်ပွားသော ပဋိပက္ခအရေးကြောင့်စိတ်မကောင်းဖြစ်ရကြောင်းမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/V9L5

Add new comment

8 + 11 =