ရဟန်းမင်းအမတ် ကာဒီနယ် တပ်ကလေ Tagle ၏ သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားကာလ အမှာစကား

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ဂိုဏ်းချုပ်ဆရာတော်၊ နိုင်ငံတကာ ကရုဏာရုံး ဥက္ကဋ္ဌ ရဟန်းမင်းအမတ် ကာဒီနယ် တပ်ကလေ

ရဟန်းမင်းအမတ် ကာဒီနယ် တပ်ကလေ Tagle ၏ သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားကာလ အမှာစကား
ဧပြီလ ၂၀၊ ၂၀၁၉

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ ဂိုဏ်းချုပ်ဆရာတော်၊ နိုင်ငံတကာ ကရုဏာရုံး ဥက္ကဋ္ဌ ရဟန်းမင်းအမတ် ကာဒီနယ် တပ်ကလေ ၏ သခင်ယေဇူးရှင်ပြန်ထမြောက်တော်မူသော ပါစကားကာလတွင် သနားကြင်နာမူသည် အရာရာကို ​ပြောင်းလဲစေသည် ဟူသော ခေါင်းစဉ်ဖြင့် ရွေ့ပြောင်းအလုပ်သမားများ၊ ဒုက္ခသည်များ ကိုကူညီပေးကြဖို့ လက်တွေ့ပါသော ချစ်ခြင်း​မေတ္တာ ပြသကြဖို့ စာတမ်​း တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။

သခင်ခရစ်တော် ကာတိုင်းပေါ်မှာ ကြုံတွေနေရချိန်ဟာသူအတွက် အမှောင်ကျဆုံးအချိန် ဖြစ်မယ်၊ အဲ့လိုမျိုးပဲ တို့​တွေ အတိဒုက္ခရောက်ချိန်၊ စွန်ပစ် ပစ်ပယ်ခံရချိန်ဟာ တို့အတွက် အမှောင်အကျဆုံးအချိန်ပဲ ဒါပေမဲ့ သေချာ သတိတရားနဲ့ကြည့်မယ်ဆိုရင် အဲ့လိုမခြေအနေမျိုးမှာ အချစ်ဆိုတဲ့အရာဟာ အလိုလို ထွက်ပေါ်ပြသလာတယ်။

သခင်ခရစ်တော်၏ ရန်သူတွေဝိုင်းနေသော ဒုက္ခစရိယာ လမ်​းခရီးမှာ ချစ်ခြင်း​မေတ္တာ ပြည့်ဝသော သနာကြင်နာမူကို ပြသခဲ့ကြသူများ ကတော့ ကားတိုင်ခြေရင်မှာ ရဲရင့်စွာအတူရှိနေပေးခဲ့သော ယောဟန်နဲ့ အပြစ်သည် အမျိုးသမီး ကားတိုင်အတူတင်ခံရသော ကောင်းသောအသိတရားရသူ သူခိုး၊ သခင်ခရစ်တော်အလောင်းတော်ကို ရဲရင််​စွာတောင်း ယူခဲ့သည် အာရိမာတိယ မြို့သားဇူဇယ် နှင့် နီကောဒီးမူစ်၊ သခင်ခရစ်တော်မြုပ်နှံသဂြုႋထားသော သချိုင်းတော်သို့ရဲဝံစွာသွားခဲ့ကြသော အမျိုးသမီးများ၊ သူတို့တွေကို ဘယ်သူကမှာ မတားစီးနိုင်ခဲ့ကြပါဘူး၊ ပီလာတူးမင်းတောင်မှ သခင်ခရစ်တော်ကို ကယ်တင်ဖို့ကြိုးစားခဲ့သေးတာပဲ။

သေငယ်သောကြင်နာမူ​လေးနဲ့ပြုမူလိုက်တဲ့အပြုအမူက အပြောင်းအလဲများစွာကိုဖြစ်ပေါ်စေတယ်၊ တို့ခရစ်ယာန်တွေ တခြားသူတွေကို နှိမ့်ချခြင်း၊ နားလည်ပေးခြင်း၊ စီရင်ဆုံးဖြတ်တတ်​ေ​သာအကျင့်မျိုး မဟုတ်ဘဲ ညီကိုမောင်နှကဲ့သို့ ရင်နှီးကျွမ်း ​​ဝင်ရမယ်၊ အတူတကွ ခရီးဆက်ရမယ် အဲ့ဒါ တို့ရဲ့လမ်းစဉ်ပဲ။ ဒီနည်းလမ်းက အသစ်သောခွန်အားတွေကိုဖော်ထုတ်ပေးတယ် နှလုံးသားတွေကို ဖွင့်လှစ်ပေးပြီး အနာဂတ်ခရီးကို အတူတူ အေးချမ်းစွာ ခရီးဆက်စေမှာဖြစ်တယ်၊

ဗာတီကန် အခြေစိုက် နိုင်ငံတကာ ကရုဏာရုံး မှကြီးမူးပြီး ဝေမျှခံစားအတူတကွ ခရီးသွားခေါင်းစဉ်ခြင့် ထောင်ပေါင်းများစွာသော ကရုဏာရေးလုပ်ငန်းများကို ကမ္ဘာတဝှမ်းမှာ ပြုလုပ်ခဲ့တယ်၊ မုံညှင်းစေ့လောက် သေးငယ်သော အပြုအမူလေးတွေ လို့ထင်ရသော်လည်း ကြီးမားသောအကျိုး ရလဒ်များ ယနေ့ထိတိုင်ထွက်ပေါ်လျှက်ရှိနေတာတွေ့ရတယ်၊
သေခြင်းကိုအောင်မြင် ရှင်ပြန်ထမြောက်တော်မူသော သခင်ခရစ်တော်ထံမှ ထွက်ပေါ်လာသည့် ချစ်ခြင်းမေတ္တာ ကိုဖမ်းယူဆုပ်ကိုင်ပြီး အဲ့ဒီချစ်ခြင်းမေတ္တာသာမျိုးစေ့ကို ကမ္ဘာအနှံအပြား ကြဲချရမယ်၊ ဒုက္ခရောက်သူ ရွေပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များနှင့် အတူ ချစ်ခြင်း​မေတ္တာ ပြည့်ဝစွာခရီးဆက်ကြရမယ်၊

ကရုဏာရေးအလုပ်သည် ချစ်ခြင်းမေတ္တာ ဖြစ်တယ်၊ ယင်းချစ်ခြင်းမေတ္တာသည် စာသက်သက်မဟုတ် လူတစ်ယောက် ဘဝ အသက်ရှင်နေထိုင်မူအသက်တာဖြစ်တယ်၊ မိမိပတ်ဝန်းကျင်ကို စာနာနားလည်တတ်​သာ အမြင်၊ ချစ်ခင်ရင်းနှီးကျွမ်း​ဝင်မူ သနားကြင်နာသော အမြင်များ ဖြင့်နေထိုင်အသက်ရှင်သော အသက်တာဖြစ်တယ်။ အလင်းက အမှောင်ကို ဖြိုခွဲသွားလိမ့်မယ် ငါတို့တွေ ချစ်ခြင်းမေတ္တာ၊၌ တလုံးတဝတည်း နေထိုင်သွားနိုင်ကြမယ်။

https://www.vaticannews.va/en/church/news/2019-04/cardinal-tagle-easter-...

#eastermessage, #tagle, #caritas, #peterkm,
Photo credits to Vatican News
ဘာသာပြန်ဆိုသူ Fr. Peter Kyi Maung

 

 

Zawgyi

ရဟန္းမင္းအမတ္ ကာဒီနယ္ တပ္ကေလ Tagle ၏ သခင္ေယဇူး႐ွင္ျပန္ထေျမာက္ေတာ္မူေသာ ပါစကားကာလ အမွာစကား
ဧၿပီလ ၂၀၊ ၂၀၁၉

ဖိလစ္ပုိင္ႏုိင္ငံ မနီလာျမဳိ႕ ဂုိဏ္းခ်ဳပ္ဆရာေတာ္၊ ႏုိင္ငံတကာ က႐ုဏာ႐ုံး ဥကၠ႒ ရဟန္းမင္းအမတ္ ကာဒီနယ္ တပ္ကေလ ၏ သခင္ေယဇူး႐ွင္ျပန္ထေျမာက္ေတာ္မူေသာ ပါစကားကာလတြင္ သနားၾကင္နာမူသည္ အရာရာကုိ ​ေျပာင္းလဲေစသည္ ဟူေသာ ေခါင္းစဥ္ျဖင့္ ေရြ႔ေျပာင္းအလုပ္သမားမ်ား၊ ဒုကၡသည္မ်ား ကုိကူညီေပးၾကဖုိ႔ လက္ေတြ႔ပါေသာ ခ်စ္ျခင္း​ေမတၱာ ျပသၾကဖုိ႔ စာတမ္​း တစ္ေစာင္ ထုတ္ျပန္ခဲ့ပါသည္။

သခင္ခရစ္ေတာ္ ကာတုိင္းေပၚမွာ ၾကဳံေတြေနရခ်ိန္ဟာသူအတြက္ အေမွာင္က်ဆုံးအခ်ိန္ ျဖစ္မယ္၊ အဲ့လုိမ်ဳိးပဲ တို႔​ေတြ အတိဒုကၡေရာက္ခ်ိန္၊ စြန္ပစ္ ပစ္ပယ္ခံရခ်ိန္ဟာ တုိ႔အတြက္ အေမွာင္အက်ဆုံးအခ်ိန္ပဲ ဒါေပမဲ့ ေသခ်ာ သတိတရားနဲ႔ၾကည့္မယ္ဆုိရင္ အဲ့လုိမေျခအေနမ်ဳိးမွာ အခ်စ္ဆုိတဲ့အရာဟာ အလိုလို ထြက္ေပၚျပသလာတယ္။

သခင္ခရစ္ေတာ္၏ ရန္သူေတြဝုိင္းေနေသာ ဒုကၡစရိယာ လမ္​းခရီးမွာ ခ်စ္ျခင္း​ေမတၱာ ျပည့္ဝေသာ သနာၾကင္နာမူကို ျပသခဲ့ၾကသူမ်ား ကေတာ့ ကားတုိင္ေျခရင္မွာ ရဲရင့္စြာအတူ႐ွိေနေပးခဲ့ေသာ ေယာဟန္နဲ႔ အျပစ္သည္ အမ်ဳိးသမီး ကားတုိင္အတူတင္ခံရေသာ ေကာင္းေသာအသိတရားရသူ သူခုိး၊ သခင္ခရစ္ေတာ္အေလာင္းေတာ္ကုိ ရဲရင္္​စြာေတာင္း ယူခဲ့သည္ အာရိမာတိယ ျမဳိ႕သားဇူဇယ္ ႏွင့္ နီေကာဒီးမူစ္၊ သခင္ခရစ္ေတာ္ျမဳပ္ႏွံသျဂဳႋထားေသာ သခ်ဳိင္းေတာ္သုိ႔ရဲဝံစြာသြားခဲ့ၾကေသာ အမ်ဳိးသမီးမ်ား၊ သူတုိ႔ေတြကုိ ဘယ္သူကမွာ မတားစီးႏုိင္ခဲ့ၾကပါဘူး၊ ပီလာတူးမင္းေတာင္မွ သခင္ခရစ္ေတာ္ကုိ ကယ္တင္ဖုိ႔ၾကဳိးစားခဲ့ေသးတာပဲ။

ေသငယ္ေသာၾကင္နာမူ​ေလးနဲ႔ျပဳမူလုိက္တဲ့အျပဳအမူက အေျပာင္းအလဲမ်ားစြာကုိျဖစ္ေပၚေစတယ္၊ တုိ႔ခရစ္ယာန္ေတြ တျခားသူေတြကုိ ႏွိမ့္ခ်ျခင္း၊ နားလည္ေပးျခင္း၊ စီရင္ဆုံးျဖတ္တတ္​ေ​သာအက်င့္မ်ဳိး မဟုတ္ဘဲ ညီကုိေမာင္ႏွကဲ့သုိ႔ ရင္ႏွီးကြ်မ္း ​​ဝင္ရမယ္၊ အတူတကြ ခရီးဆက္ရမယ္ အဲ့ဒါ တုိ႔ရဲ႕လမ္းစဥ္ပဲ။ ဒီနည္းလမ္းက အသစ္ေသာခြန္အားေတြကုိေဖာ္ထုတ္ေပးတယ္ ႏွလုံးသားေတြကုိ ဖြင့္လွစ္ေပးၿပီး အနာဂတ္ခရီးကုိ အတူတူ ေအးခ်မ္းစြာ ခရီးဆက္ေစမွာျဖစ္တယ္၊

ဗာတီကန္ အေျခစုိက္ ႏုိင္ငံတကာ က႐ုဏာ႐ုံး မွႀကီးမူးၿပီး ေဝမွ်ခံစားအတူတကြ ခရီးသြားေခါင္းစဥ္ျခင့္ ေထာင္ေပါင္းမ်ားစြာေသာ က႐ုဏာေရးလုပ္ငန္းမ်ားကုိ ကမာၻတဝွမ္းမွာ ျပဳလုပ္ခဲ့တယ္၊ မုံညႇင္းေစ့ေလာက္ ေသးငယ္ေသာ အျပဳအမူေလးေတြ လုိ႔ထင္ရေသာ္လည္း ႀကီးမားေသာအက်ိဳး ရလဒ္မ်ား ယေန႔ထိတုိင္ထြက္ေပၚလ်ွက္႐ွိေနတာေတြ႔ရတယ္၊
ေသျခင္းကုိေအာင္ျမင္ ႐ွင္ျပန္ထေျမာက္ေတာ္မူေသာ သခင္ခရစ္ေတာ္ထံမွ ထြက္ေပၚလာသည့္ ခ်စ္ျခင္းေမတၱာ ကုိဖမ္းယူဆုပ္ကုိင္ၿပီး အဲ့ဒီခ်စ္ျခင္းေမတၱာသာမ်ဳိးေစ့ကုိ ကမာၻအႏွံအျပား ၾကဲခ်ရမယ္၊ ဒုကၡေရာက္သူ ေရြေျပာင္းေနထုိင္သူမ်ား၊ ဒုကၡသည္မ်ားႏွင့္ အတူ ခ်စ္ျခင္း​ေမတၱာ ျပည့္ဝစြာခရီးဆက္ၾကရမယ္၊

က႐ုဏာေရးအလုပ္သည္ ခ်စ္ျခင္းေမတၱာ ျဖစ္တယ္၊ ယင္းခ်စ္ျခင္းေမတၱာသည္ စာသက္သက္မဟုတ္ လူတစ္ေယာက္ ဘဝ အသက္႐ွင္ေနထုိင္မူအသက္တာျဖစ္တယ္၊ မိမိပတ္ဝန္းက်င္ကုိ စာနာနားလည္တတ္​သာ အျမင္၊ ခ်စ္ခင္ရင္းႏွီးကြ်မ္း​ဝင္မူ သနားၾကင္နာေသာ အျမင္မ်ား ျဖင့္ေနထုိင္အသက္႐ွင္ေသာ အသက္တာျဖစ္တယ္။ အလင္းက အေမွာင္ကုိ ျဖဳိခြဲသြားလိမ့္မယ္ ငါတုိ႔ေတြ ခ်စ္ျခင္းေမတၱာ၊၌ တလုံးတဝတည္း ေနထုိင္သြားႏုိင္ၾကမယ္။

https://www.vaticannews.va/en/church/news/2019-04/cardinal-tagle-easter-message-kindness.html

#eastermessage, #tagle, #caritas, #peterkm,
Photo credits to Vatican News
ဘာသာျပန္ဆုိသူ Fr. Peter Kyi Maung

Add new comment

2 + 0 =