ရဟန်းမင်းကြီး ဘက်နဒစ်၏ ရုပ်ကလာပ်အား ခေါင်းတလား ၃ ခုဖြင့် ဌာပနာသွင်းထားမည် ဖြစ်သည်။

ရဟန်းမင်းကြီး ဘက်နဒစ်၏ ရုပ်ကလာပ်အား ခေါင်းတလား ၃ ခုဖြင့် ဌာပနာသွင်းထားမည် ဖြစ်သည်။

၎င်းတို့မှာ ထင်းရူး (Cypress) ခေါင်းတလား၊ (Zinc) ဇင့် ခေါင်းတလားနှင့် အမ်းသစ် (elm) ခေါင်းတလားတို့ ဖြစ်သည်။

ရဟန်းမင်းကြီး ရုပ်ကလာပ်အား ထင်းရူးသားဖြင့် ပြုလုပ်ထားသော ခေါင်းတလား အတွင်း ထည့်မည် ဖြစ်ကာ ၎င်းခေါင်းတလား အတွင်း ရွှေ၊ ငွေနှင့် ကြေးဒင်္ဂါး အထုပ်များလည်း ထည့်သွင်းထားပါမည်။

ထင်းရူးသားဖြင့် ခေါင်းတလား သွင်းခြင်း ဟူသည်မှာ ရဟန်းမင်းကြီးသည်လည်း လူသား တစ်ဦးပင် ဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်ပြီး ထင်းရူးခေါင်းတလားအား ခဲ ခေါင်းတလားသို့ မသွင်းမီ၊ ထင်းရူးခေါင်းတလားအား ဖဲကြိုး ၃ ခုဖြင့် စည်းနှောင်သည်။

ယင်းနောက် ထင်းရူး ခေါင်းတလားအား ဇင့်သတ္တုဖြင့် ပြုလုပ်ထားသော ခေါင်းတလား အတွင်း ထည့်သည်။

ဇင့်ခေါင်းတလားမှာ အပေါ်တွင် ရဟန်းမင်းကြီး ဘက်နဒစ်၏ အမည်၊ ရဟန်းမင်းကြီး အဖြစ် အုပ်စိုးသည့် နှစ်သက္ကရာဇ် ကာလတို့အား ဖော်ပြထားကာ လူရိုးခေါင်းနှင့် လက်ဝါးကားတိုင် အမှတ်ကိုလည်း ထွင်းထားသည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ထုတ်ပြန်ခဲ့သော အခရာကျသော ရဟန်းမင်းကြီး စာချွန်တော်များကိုလည်း ထိုဇင့် ခေါင်းတလား အတွင်း ထည့်သွင်းသည်။ ဇင့် ခေါင်းတလားမှာ တောင့်တင်းခိုင်မာမှု ရှိကာ ခြစားပျက်စီးရန် မလွယ်ပေ။

အမ်းသစ် (elm) ခေါင်းတလား အတွင်း ဇင့် ခေါင်းတလားအား ထည့်သည်။ ဇင့် ခေါင်းတလားနှင့် အမ်းသစ် ခေါင်းတလား အတွင်း မာဘယ်ကျောက်ပြားကို ခံသည်။ အမ်းသစ် ခေါင်းတလားမှာ အီတလီနိုင်ငံရှိ အလွန် ရှားပါးသော သစ်တစ်မျိုး ဖြစ်ကာ ၎င်းအမ်းသစ် ခေါင်းတလားအား ရွှေသံချောင်းများဖြင့် ဖုံးသည်။ အဓိပ္ပာယ်မှာ ရဟန်းမင်းကြီး၏ မြင့်မြတ်မှုအား ဖော်ကျူးသည့် သဘော ဖြစ်သည်။

ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ အား ဆင်မြန်းထားသည့် သင်္ကန်းအရောင်မှာ နီအိုရောင် ဖြစ်ပြီး ၎င်းအား ရွှေရောင် အနားသတ်ကွပ်ထားသည်။ ၎င်းသင်္ကန်း နီအိုရောင်သည် သြစတြေးလျတွင် ကျင်းပသည့် ကမ္ဘာ့လူငယ်များနေ့တွင် ဆင်မြန်းသော အနီရောင်တောက်တောက်နှင့် ထပ်တူတော့ မကျပေ။ ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပေါလ်လု ပျံလွန်တော်မူသည့် ၁၉၇၈ ခုနှစ် ကတည်းက ရဟန်းမင်းကြီးများ၏ စျာပန အခမ်းအနား သင်္ကန်းအရောင်မှာ နီအိုရောင် ဖြစ်သည်။

စျာပန အခမ်းအနားတွင် (အဖြူရောင် ဦးပေါင်း/ ရွှေရောင်ကွပ်) ရဟန်းမင်းကြီး ဦးပေါင်း၊ ရဟန်းမင်းကြီးသာ ဆွဲသော ပါလီယမ် (Pallium) တို့အား ရဟန်းမင်းကြီး ဘက်နဒစ်ကို ဆင်မြန်းထားမည် ဖြစ်သလို ရဟန်းမင်းကြီး ဘက်နဒစ်၏ အမှတ်တံဆိပ်၊ ရဟန်းမင်းကြီး ဘက်နဒစ် လက်ထက် သူ၏ ရုပ်ပုံနှင့် ဒင်္ဂါးပြား စသည့် အမှတ်သင်္ကေတများလည်း ပါဝင်ပါမည်။

အာဗီအေဘာသာပြန်- Lawrence Jangma Mung Song

Reference
https://bit.ly/3ihhUQT

Add new comment

2 + 3 =