ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏အုတ်ဂူသို့ဂါရ၀ပြုဆုတောင်းသူများဖြင့်စည်ကား

ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏အုတ်ဂူသို့ဂါရ၀ပြုဆုတောင်းသူများဖြင့်စည်ကား

အားလုံးသိကြသည့်အတိုင်း ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) သည် ဒီဇင်ဘာ (၃၁) ရက်နေ့ကပျံလွန်သွားခဲ့သည်။

သူ့အားဇန္န၀ါရီ (၅) ရက်နေ့၌ စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီး၏မြေအောက်သချိုင်း၌မြှုပ်နှံခဲ့သည် ။ ယခုအခါ ဗာတီကန်၏မြေအောက်သချိုင်းသည် ဘုရားဖူးများအားဖွင့်လှစ်ထားပေးပြီး ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အားလည်းကောင်း၊ အခြားသောရဟန်းမင်းကြီးတို့၏အုတ်ဂူများအားလည်းကောင်း ဆုတောင်းဂါရ၀ပြုလိုသူများလာရောက်နိုင်ရန်ဖွင့်လှစ်ပေးထားသည်။

မြေအောက်သချိုင်းသို့သွားရောက်ရန် ဘုရားဖူးများသည်စိန့်ပီတာဘာစီးလီကာဘုရားကျောင်းထဲသို့၀င်သွားရသည်။ ထို့နောက် 'the Altar of Confession' (၀န်ခံသောပလ္လင်) ဟုခေါ်သောစိန့်ပီတာ၏အုတ်ဂူပေါ်၌တည်ထားသော ပလ္လင်ဘေးမှအောက်သို့ဆင်းသွားရသည်။

ထိုမှဆင်းသွားလျှင် လောလောလတ်လတ်သဂြိုလ်ထားသော ရဟန်းမင်းကြီး (ငြိမ်း) ဘေးနေဒစ် (၁၆) နှင့်အခြားသောရဟန်းမင်းကြီးများ၏အုတ်ဂူများကိုဖူးနိုင်မည်ဖြစ်သည်။

ဤနေရာ၌ စိန့်ပီတာမှစ၍ရာစုအဆက်ဆက် အမိကက်သလစ်သာသနာတော်ကြီးအားဆက်ခံခဲ့ကြသော၊ ကြွင်းကျန်ရုပ်ကလပ်များကိုပြန်လည်ရရှိနိုင်သောရဟန်းမင်းကြီးအားလုံး၏အုတ်ဂူများကိုထားရှိထားပါသည်။ romereport
 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3iCiYz4

Add new comment

1 + 14 =