ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အားမည်သည့်နေရာ၌မြှုပ်နှံသဂြိုလ်မည်နည်း။

ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အားမည်သည့်နေရာ၌မြှုပ်နှံသဂြိုလ်မည်နည်း။

ဤမေးခွန်းသည် မြှုပ်နှံရန်နေရာမရှိ၍ မဟုတ်။ မြှုပ်နှံရန်နေရာများနေ၍ဖြစ်ပါ သည်။ သို့သော် ပထမဦးဆုံရဟန်းမင်းကြီး ဖြစ်သောစိန့်ပီတာမှစ၍ ရဟန်းမင်းကြီးအတော်များများသည် စိန့်ပီတာဘာစီးလီကာဘုရားကျောင်းကြီးအောက်၌ရှိသောမြေအောက် သချိုင်း၌မြှုပ်နှံသဂြိုလ်ထားပါသည်။

ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အားလည်း မည်သည့်နေရာတွင်မြှုပ်နှံသဂြိုလ်မည်ကိုလူများစိတ်၀င်စားနေကြသည်။

ဗာတီကန်အနေဖြင့် ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အား ရဟန်းမင်းကြီးများ လှောင်းစက်ရာမြေအောက်သချိုင်း၌လာမည့်ကြာသပတေးနေ့တွင်ဂူသွင်းမြှုပ်နှံသဂြိုလ်မည်ဖြစ်ကြောင်းအတည်ပြုပြီးဖြစ်သည်။

ဂူသွင်းမည့်အုတ်ဂူမှာ (၂၀၀၁) ခုနှစ်အထိ စိန့်ဂျွန် (၂၃) လှောင်းစက်ခဲ့သည့်နေရာ၊ (၂၀၁၁) ခုနှစ်အထိ စိန့်ဂျွန်ပေါလ် (၂) လှောင်းစက်ခဲ့သည့်နေရာ၌လှောင်းစက်နေဦးမည်ဖြစ်သည်။

ဤမြေအောက်သချိုင်းသည် စိန့်ပီတာအုတ်ဂူနှင့်အနီးကပ်ဆုံးနေရာတွင်ရှိသည်။

ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အားသဂြိုလ်မည့်အုတ်ဂူမှာ အမိမယ်တော်နှင့်သူငယ်တော်တို့ဘေးရန်ကင်းလွတ်ပြီးသည့်ပုံရိပ်ကိုထုလုပ်ထားသည်။ အုတ်ဂူကိုကျောက်များထွင်းထုခြင်း၊ စကျင်ကျောက်များဖြင့်အလှဆင်ခြင်းများကိုမပြုလုပ်ဘဲ ရဟန်းမင်းကြီးပေါလ် (၆) ကဲ့သို့ကျင်းထဲချ၍မြှုပ်နှံကာအပေါ်မှကျောက်ပြားဖြင့်ဖုံးပိတ်ထားမည်ဖြစ်သည်။

နက်ဖန်နေ့သည် ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ၏ကြွင်းကျန်ရုပ်ကလပ်အားဂါရ၀ပြုနိုင်သည့်နောက်ဆုံးနေ့ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာတစ်၀ှမ်းမှရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) အားဂါရ၀ပြုရန်ရောက်လာကြသောဘုရားဖူးများအားကြိုဆိုလျှက်ရှိသည်။ အချို့ကား ခရစ္စမတ်အားလပ်ရက်၌ရောမသို့အလည်အပတ်ရောက်ရှိနေကြပြီး ဗာတီကန်ပြတိုက်သို့ ၀င်ခွင့်ရနိုးနိုးဖြင့်ရစ်သီရစ်သီရောက်ရှိနေကြသည်။

ရောမသိုအလည်ပတ်ရောက်နေသော IRINA PEREIRA ဆိုသူက၄င်းတို့အနေဖြင့်ဗာတီကန်သို့လည်ပတ်ရန်ရောက်ရှိနေခဲ့ကြောင်း သို့သော် ယခုရက်ပိုင်း ရဟန်း မင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ပျံလွန်ခြင်းနှင့်တိုက်ဆိုင်သွား၍အခြေအနေသည်အဘယ်သို့လာမည်မသိကြောင်းပြောကြားခဲ့သည်။ ထို့အတူပင် JUAN PAUL RICATTI ကလည်း၄င်းတို့တည်းနေသောဟိုတည်ရှိတီဗွီမှရဟန်းမင်းကြီး (ငြိမ်း) ၏ပျံလွန်ခြင်းကိုဆက်တိုက်ထုတ်လွှင့်နေခဲ့၍သိခဲ့ရကြောင်း၊ နင်းတို့အနေဖြင့်နက်ဖန်ခါ ဇာတိမြို့သို့ပြန်တော့မည်ဖြစ်ကြောင်း၊ ဘာစီးလီကာ သို့သွားရောက်လည်ပတ်ရန်ရှိ၍ မွန်းလွှဲပိုင်း၌ရဟန်းမင်းကြီး၏ ဩ၀ါဒကိုကြားခွင့်ရှိမရှိသွားရောက်စုံစမ်းမည်ဖြစ်ပြီး ဘာစီးလီကာဘုရားကျောင်းကြီးထဲသို့၀င်ခွင့်ပြုမည်မပြုမည်ကိုလည်းမသိသေးကြောင်းပြောကြားခဲ့သည်။ FELIPE VECCI ကလည်း သူ့အနေဖြင့်လွန်စွာမခံစားရကြောင်း၊ သို့သော်ရောမမြို့သူမြို့သားများကခံစားရကောင်းခံစားရပေမည်ဖြစ်ကြောင်း သူ့အနေဖြင့်မစ္ဆာတရားတစ်ပါးပူဇော်ခြင်း၌ပါ၀င်ပူဇော်လိုကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့်ရဟန်းမင်းကြီး (ငြိမ်း) နှင့်စပ်လျင်း၍ မည်သို့မိန့်ကြားမည်ကိုကြားနာလိုကြောင်း၊ သူ့အနေဖြင့်အလွန်စိတ်၀င်စားကြောင်းပြောကြားခဲ့သည်။

VICTORIA BRAMO GUTIERREZ ကလည်းသူ့အနေဖြင့်မက်ဆီကိုမှဘုရားဖူးလူအုပ်ကြီးနှင့်လာခြင်းဖြစ်ကြောင်း၊ ရဟန်းမင်း ကြီး (ငြိမ်း) ပျံလွန်သည့်သတင်းကိုလူမှုကွန်ရက်မှကြားသိရချိန်၌ဘာစီးလီကာဘုရားကျောင်းကြီးထဲသို့၀င်ရောက်သွားနေချိန်ဖြစ်ကြောင်း၊ အဆိုပါသတင်းကြောင့်လွန်စွာစိတ်ထိခိုက်ခဲ့ကြရကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရဟန်းမင်းကြီး (ငြိမ်း) ပျံလွန်သောနေရာမှာ ၄င်းတို့ရောက်ရှိနေသောနေရာနှင့်မလှမ်းမကမ်းတွင်ဖြစ်နေသောကြောင့်လည်းဖြစ်ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်း ကြီး (ငြိမ်း) ၏ကျန်းမာရေးအခြေအနေဆုတ်ယုတ်လာနေသောကြောင့် သူ့အတွက်အထူးဆုတောင်းပေးကြပါရန် စိန့်ပီတာရင်ပြင်၌ရောက်ရှိနေသောလူထုအားတောင်းဆိုသံကိုကြားရ၍ ရဟန်းမင်းကြီး (ငြိမ်း) အတွက်မပျံလွန်ခင်နှင့်ပျံလွန်ပြီးနောက်လည်းအထူးဆုတောင်းပေးခဲ့ကြကြောင်းပြောရှာသည်။

IVANA ROMERO က သူတို့အနေဖြင့်ရဟန်းမင်းကြီး (ငြိမ်း) ပျံလွန်ခြင်းနှင့်တိုက်ဆိုက်သွား၍ ဤအခြေအနေကိုအခွင့် ကောင်းယူကာနေ့စဉ်မစ္ဆားတရားပါ၀င်ပူဇော်ခဲ့ကြကြောင်း၊ သူ့အနေဖြင့်ရုပ်ကလပ်ကိုသွားရောက်ဖူးမြှော်လိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် သူ့အ ကြောင်းပိုမိုသိရှိလို၍ဖြစ်ကြောင်း၊ အချိန်မရှိ၍ ရဟန်း မင်းကြီး (ငြိမ်း) ၏စျာပနမစ္ဆားတရားပါ၀င်ပူဇော်ချိန်မရှိပါက ယခုရက်ပိုင်းနေ့စဉ်မစ္ဆားတရားပါ၀င်ပူဇော်၍သူ့အတွက်ဆု တောင်းပေးလျှက်ရှိကြောင်း ရောမသို့ဘုရားဖူးအနေဖြင့်သော်လည်းကောင်း၊ အလည်အပတ်အဖြစ်လည်းကောင်းရောက်ရှိနေသောသူများ၏ ရဟန်းမင်းကြီး (ငြိမ်း) ဘေနေဒစ် (၁၆) ပျံလွန်ခြင်းနှင့်တိုက်ဆိုက်သွားသည့်အပေါ်ရင်ဖွင့်ပြောကြားခဲ့ကြသည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3X7oZma

Add new comment

7 + 0 =