ရဟန်းမင်းကြီးသည် ယူကရိန်းနိုင်ငံ၌အတိဒုက္ခရောက်နေသူများအတွက်နာကျင်ခံစားရပြီး၊ ဆုတောင်းခြင်းအသနားခံ

ရဟန်းမင်းကြီးသည် ယူကရိန်းနိုင်ငံ၌အတိဒုက္ခရောက်နေသူများအတွက်နာကျင်ခံစားရပြီး၊ ဆုတောင်းခြင်းအသနားခံ

ရဟန်းမင်းကြီးသည် ယူကရိန်းနိုင်ငံ၌အတိဒုက္ခရောက်နေသူများအတွက်နာကျင်ခံစားရပြီး၊ ဆုတောင်းခြင်းအသနားခံ

ရဟန်းမင်းကြီးသည် ပြီးခဲ့သော ပါစကားကာလတတိယပတ်တနဂ်နွေနေ့မွန်းတည့်အချိန်၌ ‘ကောင်းကင်ဘုံဘုရင်မ’ ဆုတောင်းမေတ္တာရွတ်ဆိုပူဇော်ပြီးနောက် ယူကရိန်းနိုင်ငံ၌ အတိဒုက္ခရောက်နေကြသောသူတို့အတွက် ဆုတောင်း ပေးကြရန်၊ ယခုလသည် အမိမယ်တော်အားအထူးသဒ္ဓါကြည်ညိုရသောလလည်းဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေး အတွက် စိတ်ပုတီးကိုနေ့စဉ်စိပ်ကြရန် ဘာသာတူတို့အားတိုက်တွန်းလိုက်သည်။

ရဟန်းမင်းကြီးက သူ့အနေဖြင့်ယူက ရိန်းနိုင်ငံ၏မြို့တစ်မြို့ဖြစ်သော ‘မယ်တော်၏မြို့’ ဟုလူသိများသည့် Mariupol မြို့ကိုသတိရနေမိကြောင်း၊ အဘယ်ကြောင့်ဆိုသော် လူမဆန်သောဗုံးများပစ်ဖောက်တိုက်ခိုက်ခြင်း၊ ဖျက်ဆီးခြင်းကိုလုပ်ဆောင်နေကြကြောင်း၊ သို့သော် တိုက်ပွဲများ၌ပိတ်မိနေသောပြည်သူများအား လူသားချင်းစာနာသည့်ကူညီထောက်ပံ့မှုများပေးကမ်းနိုင်စေရန်စီစဉ်ပေးရန်ကိုရဟန်းမင်း ကြီးကထပ်လောင်းတောင်းဆိုလိုက်သည်။ စစ်ဒဏ်သင့်နေသော ယူကရိန်းပြည်သူများ၊ အထူးသဖြင့် အားနည်းသောသူများ၊ သက်ကြီးရွယ်အိုများ၊ က‌လေးသူငယ်များ၏အဖြစ်ကိုတွေးမိလျှင် အလွန်နာကျင်ခံစားရကြောင်း၊ မျက်ရည်ပင်ကျရကြောင်း၊ ကလေးများနှင့်ပတ်သက်၍ အတင်းအကြပ်နှင်ထုတ်ခံရ၊ ဖမ်းဆီးခံရသည့် အလွန်ထိတ်လန့် ဖွယ်သတင်းများကိုကြားနေရကြောင်း၊ ရဟန်းမင်းကြီးအနေဖြင့် နာကျင်ခံစားနေရသောသူများအတွက်စာနာမိကြောင်း၊ ကမ္ဘာကြီးအနေဖြင့် ငြိမ်းချမ်းရေးကိုအမှန်တကယ်လိုလားသည်ဟုဆိုပါလျှင် လူသားထုသည် မလုံမခြုံထိတ်လန့်ဖွယ်ရာ အဖြစ်နှင့်ကြုံနေရချိန်တွင် တစ်ခုခုလုပ်သင့်ပါလျှက် မလုပ်သည်မှာလွန်စွာအံ့ဩမျက်ဆံပြူးရကြောင်း၊ စစ်ရေးကိုရှောင် ရှားပြီး၊ စကားလုံးများဖြင့်သာပြောဆိုဆွေးနွေးနေခြင်းကိုလည်းရှောင်ကာ လက်နက်များကိုရပ်တန်တိတ်ဆိတ်သွားစေ နိုင်သည့်နည်းလမ်းများရှိပါသလော။ ရှိပါကရဟန်းမင်းကြီးချက်ချင်းလုပ်ဆောင်ပေးမည့်သဘောဖြင့်မေးခွန်းထုတ်ခဲ့ သည်။

အကြမ်းဖက်လုပ်ရပ်များ၊ လက်နက်များဖြင့် လှည့်ပတ်ပြဿနာဖန်တီးသောလုပ်ရပ်များကိုကျူးလွန်ခွင့်မပြုနိုင်၊ ငြိမ်းချမ်းရေးနှင့်တွေ့ဆုံဆွေး နွေးရေးလမ်းကြောင်းကိုသာရွေးချယ်ရမည်။ ဆုတောင်းပေးရမည်ဖြစ်သည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

#rvamyanmar #rvapastoralcare #PopeFrancis #rvamyanmarnews

Add new comment

3 + 1 =